




credit – Myanmarload

Unicode

ရယ်ချင်စိတ်ကိုထိန်းပြီး အလန်းစားကကွက်တွေနဲ့ အပီအပြင်ကပြပြီးတော့မှ အားရပါးရခွီနေကြတဲ့ ရွှေကစ်တို့အဖွဲ့ရဲ့Tik Tok ဗီဒီယို

မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ကတော့ နုဖတ်လှပတဲ့ မျက်နှာလေးနဲ့အတူ ဖြူဖွေးဝင်းဥတဲ့အသားအရေလေးကိုပါ ပိုင်ဆိုင်ထားတဲ့ မိန်းမလှလေးတစ်ဦးပဲ ဖြစ်ပါတယ် ။ ကိုရီးယားမလေးလို့တောင် ထင်မှတ်ရတဲ့ ရွှေကစ်က အခုချိန်အထိ ဆယ်ကျော်သက်လေးလို နုပျိုနေဆဲပါပဲနော်။ ဒါ့အပြင် ရွှေကစ်လေးက သူမရဲ့ပိန်ပိန်သွယ်သွယ် Body လေးကိုလည်း စနစ်တကျ ထိန်းထားနိုင်တာ ဖြစ်ပါတယ် ။

လူချစ်လူခင်ပေါများတဲ့ ရွှေကစ်လေးကို ယောက်ျားလေးပရိသတ်တွေရော မိန်းကလေးပရိသတ်တွေပါ ဝန်းရံအားပေးကြတာ ဖြစ်ပါတယ် ။ အနုပညာလမ်းကြောင်းထက်မှာ အောင်မြင်မှုမှတ်တိုင်စိုက်ထူထားတဲ့ ရွှေကစ်လေးက ထိပ်ဆုံးမှာရပ်တည်နေတာပဲ ဖြစ်ပါတယ် ။ ရွှေကစ်လေးက ပျော်ပျော်နေတတ်သလို လွတ်လပ်ပေါ့ပါးစွာနေထိုင်တတ်တာကြောင့်လည်း သူမရဲ့မိတ်ကပ်ဆရာ၊ Stylist တွေနဲ့ဆိုရင် အရမ်းကို ရင်းနှီးနေတာ ဖြစ်ပါတယ် ။

ဒါကြောင့် ရွှေကစ်လေးက အခုလည်း သူချစ်ရတဲ့ မိတ်ကပ် Shine တို့နဲ့အတူ ပျော်ပျော်ပါးပါးကပြီး Tik Tok ကစားခဲ့တာပဲ ဖြစ်ပါတယ် ။ အလန်းစားကကွက်လေးတွေနဲ့ ချစ်စရာကောင်းအောင်ကနေတဲ့ ရွှေကစ်လေးတို့အဖွဲ့ကတော့ ရယ်ချင်စိတ်ကိုထိန်းပြီး အကောင်းဆုံးကပြခဲ့ကြတာ ဖြစ်ပါတယ် ။ ကဲ အရမ်းမိုက်သလို ပျော်ဖို့လည်းကောင်းနေတဲ့ ရွှေကစ်တို့အဖွဲ့ရဲ့Tik Tok ဗီဒီယိုလေးကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source and Video Credit-Wutt Hmone Shwe Yi

credit – Myanmarload

  • Leave a Comment