ကိုဗစ္ကူးစက္ခံ လူနာေတြကို ကုသေပးေနရတဲ့အခ်ိန္မွာ ႀကဳံေတြ႕ေနရတဲ့ အေျခအေနေတြကို ေျပာျပလာတဲ့ စိန္ၿဖိဳးလႈိင္ ( ေမာင္ )

မင္းသမီးႀကီး နႏၵာလႈိင္ရဲ႕ ေမာင္ေလးျဖစ္တဲ့ စိန္ၿဖိဳးလႈိင္ ( ေမာင္ ) ကေတာ့ ကိုဗစ္ကူးစက္လူနာမ်ားကို ကုသေပးေနတဲ့ ဆရာဝန္တဦးျဖစ္ပါတယ္။ ေမာင္ ကေတာ့ မၾကာခင္မွာပဲ တာဝန္ရက္ေစ့ၿပီး အိမ္ျပန္ရေတာ့မယ့္အေၾကာင္းကို သူ႔ရဲ႕ လူမႈကြန္ရက္ကေနတဆင့္ အသိေပး ေျပာၾကားခဲ့ပါတယ္။

ထို႔ေနာက္မွာေတာ့ တာဝန္ထမ္းေဆာင္ေနစဥ္အတြင္း ႀကဳံေတြ႕ခဲ့ရတဲ့ အေျခအေနေတြကိုလည္း အခုလိုပဲ ဆက္လက္ ေျပာျပခဲ့ပါတယ္။ ေမာင္ ေျပာခဲ့တာကေတာ့ ” ကြၽန္ေတာ္မၾကာခင္ တာဝန္ရက္ေစ့လို႔ အိမ္ျပန္ရေတာ့မယ္။ ေရာက္ကာစက အရာရာ အစဥ္ေျပပင္မဲ့ ျပန္မယ့္ရက္နီးလာတာနဲ႔အမွ် အိမ္ကိုသတိရတဲ့စိတ္ကပိုလာပါတယ္။

ပ်ဥ္က်ဲက်ဲေပၚ ေမႊ႕ရာပါးပါးေလးခင္းထားတဲ့ ကုတင္ေပၚမွာ ၄နာရီထက္ပိုအိပ္ရင္ ​ေက်ာနာလာၿပီ။ေန႔တိုင္းစားေနက် ထမင္းဟင္းေတြကို မျမင္ခ်င္ေလာက္ေအာင္ၿငီးေငြ႕လာၿပီ။မေတြ႕တာ တစ္လနီးပါးရွိလာတဲ့ မိသားစုနဲ႔ ရည္းစားကိုလဲေတြ႕ခ်င္လာၿပီ။ အားလပ္ရက္မွာ Vlog ေလး႐ိုက္ၿပီး Edit လုပ္ရတဲ့အခ်ိန္ေလးေတြကိုလဲသတိရလာၿပီ။

ညေနခင္း Youtube မွာသီးခ်င္းနားေထာင္းရင္း ဘီယာေသာက္တဲ့အခ်ိန္ေတြကို လြမ္းလာတယ္။ ဒီမွာ အရာအားလုံးကိုေမ့ထားလို႔ရတဲ့အခ်ိန္ကေတာ့ Duty မွာ ကိုယ္တာဝန္ကိုယ္လုပ္ေနတဲ့အခ်ိန္ပါပဲ။

လူနာေတြကို ကိုယ္ကူညီေပးလိုက္တာ အဆင္ေျပသြားတယ္လို႔ျပန္ၾကားရတိုင္း အပင္ပန္းခံရႀကိဳးနပ္တယ္လို႔ခံစားရပါတယ္။ လူနာေတြၾကည့္တဲ့အခ်ိန္ PPE နဲ႔သြားရတာမို႔ ဖုန္းယူသြားလို႔မရပင္မဲ့ လူနာေတြကအမွတ္တရ႐ိုက္ၿပီျပန္ပို႔ေပးလို႔ ဒီလိုပုံေလးေတြရခဲ့တာပါ။ ” ဆိုကာ လူနာမ်ားနဲ႔အတူ တြဲဖက္႐ိုက္ကူးခဲ့တဲ့ ပုံရိပ္ေလးေတြကိုလည္း မွ်ေဝခဲ့ပါတယ္။

ပရိတ္သတ္ႀကီးေရ ကိုဗစ္ကာလအတြင္းမွာ ကိုယ္က်ိဳးမငဲ့ပဲ ေရွ႕တန္းကေန တာဝန္ယူကုသေပးေနတဲ့ က်န္းမာေရးဝန္ထမ္းေတြကေတာ့ တကယ္ကို ေလးစားခ်ီးက်ဴးစရာပါ ။ က်န္းမာေရးဝန္ထမ္းေတြအတြက္ အားေပးစကားေလးေတြ ေျပာခဲ့ပါဦးေနာ္။ ဖတ္ရႈေပးတဲ့ ပရိတ္သတ္ႀကီးကို အထူးပဲ ေက်းဇူးတင္ရွိပါတယ္ရွင္။

credit – sankyipar

Unicode

ကိုဗစ်ကူးစက်ခံ လူနာတွေကို ကုသပေးနေရတဲ့အချိန်မှာ ကြုံတွေ့နေရတဲ့ အခြေအနေတွေကို ပြောပြလာတဲ့ စိန်ဖြိုးလှိုင် ( မောင် )

မင်းသမီးကြီး နန္ဒာလှိုင်ရဲ့ မောင်လေးဖြစ်တဲ့ စိန်ဖြိုးလှိုင် ( မောင် ) ကတော့ ကိုဗစ်ကူးစက်လူနာများကို ကုသပေးနေတဲ့ ဆရာဝန်တဦးဖြစ်ပါတယ်။ မောင် ကတော့ မကြာခင်မှာပဲ တာဝန်ရက်စေ့ပြီး အိမ်ပြန်ရတော့မယ့်အကြောင်းကို သူ့ရဲ့ လူမှုကွန်ရက်ကနေတဆင့် အသိပေး ပြောကြားခဲ့ပါတယ်။

ထို့နောက်မှာတော့ တာဝန်ထမ်းဆောင်နေစဉ်အတွင်း ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေကိုလည်း အခုလိုပဲ ဆက်လက် ပြောပြခဲ့ပါတယ်။ မောင် ပြောခဲ့တာကတော့ ” ကျွန်တော်မကြာခင် တာဝန်ရက်စေ့လို့ အိမ်ပြန်ရတော့မယ်။ ရောက်ကာစက အရာရာ အစဉ်ပြေပင်မဲ့ ပြန်မယ့်ရက်နီးလာတာနဲ့အမျှ အိမ်ကိုသတိရတဲ့စိတ်ကပိုလာပါတယ်။

ပျဉ်ကျဲကျဲပေါ် မွှေ့ရာပါးပါးလေးခင်းထားတဲ့ ကုတင်ပေါ်မှာ ၄နာရီထက်ပိုအိပ်ရင် ကျောနာလာပြီ။နေ့တိုင်းစားနေကျ ထမင်းဟင်းတွေကို မမြင်ချင်လောက်အောင်ငြီးငွေ့လာပြီ။မတွေ့တာ တစ်လနီးပါးရှိလာတဲ့ မိသားစုနဲ့ ရည်းစားကိုလဲတွေ့ချင်လာပြီ။ အားလပ်ရက်မှာ Vlog လေးရိုက်ပြီး Edit လုပ်ရတဲ့အချိန်လေးတွေကိုလဲသတိရလာပြီ။

ညနေခင်း Youtube မှာသီးချင်းနားထောင်းရင်း ဘီယာသောက်တဲ့အချိန်တွေကို လွမ်းလာတယ်။ ဒီမှာ အရာအားလုံးကိုမေ့ထားလို့ရတဲ့အချိန်ကတော့ Duty မှာ ကိုယ်တာဝန်ကိုယ်လုပ်နေတဲ့အချိန်ပါပဲ။

လူနာတွေကို ကိုယ်ကူညီပေးလိုက်တာ အဆင်ပြေသွားတယ်လို့ပြန်ကြားရတိုင်း အပင်ပန်းခံရကြိုးနပ်တယ်လို့ခံစားရပါတယ်။ လူနာတွေကြည့်တဲ့အချိန် PPE နဲ့သွားရတာမို့ ဖုန်းယူသွားလို့မရပင်မဲ့ လူနာတွေကအမှတ်တရရိုက်ပြီပြန်ပို့ပေးလို့ ဒီလိုပုံလေးတွေရခဲ့တာပါ။ ” ဆိုကာ လူနာများနဲ့အတူ တွဲဖက်ရိုက်ကူးခဲ့တဲ့ ပုံရိပ်လေးတွေကိုလည်း မျှဝေခဲ့ပါတယ်။

ပရိတ်သတ်ကြီးရေ ကိုဗစ်ကာလအတွင်းမှာ ကိုယ်ကျိုးမငဲ့ပဲ ရှေ့တန်းကနေ တာဝန်ယူကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကတော့ တကယ်ကို လေးစားချီးကျူးစရာပါ ။ ကျန်းမာရေးဝန်ထမ်းတွေအတွက် အားပေးစကားလေးတွေ ပြောခဲ့ပါဦးနော်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။

credit – sankyipar

  • Leave a Comment