ဒီပါဝလီေန႔ ကို အိႏၵိယ ႐ိုးရာဝတ္စုံေလးနဲ႔ ဂုဏ္ျပဳခဲ့တဲ့ ေအးျမတ္သူ

ပါးခ်ိဳင့္မင္းသမီးေလးလို႔ နာမည္ႀကီးၿပီး ေအးခ်မ္းတဲ့ အလွပိုင္ရွင္ မင္းသမီးေအးျမတ္သူကေတာ့ က်ရာဇာတ္႐ုပ္ကို ပီျပင္ေအာင္သ႐ုပ္ေဆာင္ႏိုင္တဲ့ မင္းသမီးေတြထဲက တစ္ေယာက္ပဲျဖစ္ပါတယ္။ သြယ္လ်တဲ့ခႏၶာကိုယ္အခ်ိဳးအစားေလးကိုပိုင္ဆိုင္ထားၿပီး အ႐ြယ္နဲ႔မလိုက္ေလာက္ေအာင္ ႏုပ်ိဳေနတဲ့ မင္းသမီးတစ္ေယာက္လို႔ေတာင္ဆိုရမွာပါ ။

ဒီေန႔မွာက်ေရာက္တဲ့ ဒီပါဝလီေန႔ ႐ုံးပိတ္ရက္ေလးမွာ ပရိသတ္အခ်စ္ေတာ္ ေအးျမတ္သူကလည္း ဒီေန႔ေလး ကို ဂုဏ္ျပဳတဲ့အေနနဲ႔ ပါဝင္ခဲ့ပါတယ္ ။ ထူးထူးျခားျခား အဝါေရာင္ အိႏၵိယ ဝတ္စုံေလးကို ဝတ္ဆင္ၿပီး ေပ်ာ္႐ႊင္ဖြယ္ရာ…. ဒီပါဝလီေန႔ ….ပါ ၇ရက္သားသမီးမ်ားအားလုံး ေနေကာင္းက်န္းမာ စိတ္ခ်မ္းသာၾကပါေစရွင္.. ဆိုတဲ့စာသားေလးနဲ႔ အတူ သူမရဲ႕ ပုံရိပ္ေလးေတြကို ပရိသတ္ေတြကို မွ်ေဝေပးလာခဲ့ပါတယ္ ။

သူမကို ခ်စ္ခင္ၾကတဲ့ အိႏၵိယႏြယ္ဝင္ ပရိသတ္ေတြကလည္း Happy Dewali ပါ ဆိုတဲ့ မွတ္ခ်က္ေလးေတြကို ေရးသားခဲ့ၾကၿပီး အိႏၵိယ ဝတ္စုံေလးနဲ႔ အရမ္းလွေနတဲ့ မျမတ္ေလးကို ခ်ီးက်ဴးစကားေတြ ဆိုခဲ့ၾကပါတယ္ ။ ေအးျမတ္သူကိုခ်စ္တဲ့ ဆယ္လီကမာၻ ပရိသတ္ႀကီးအတြက္ အိႏၵိယဝတ္စုံေလးနဲ႔ အရမ္းလွေနတဲ့ မျမတ္ေလးရဲ႕ ပုံရိပ္ေလးေတြကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္ ။

Source : Aye Myat Thu

credit – Cele Gabar

Unicode

ဒီပါဝလီနေ့ ကို အိန္ဒိယ ရိုးရာဝတ်စုံလေးနဲ့ ဂုဏ်ပြုခဲ့တဲ့ အေးမြတ်သူ

ပါးချိုင့်မင်းသမီးလေးလို့ နာမည်ကြီးပြီး အေးချမ်းတဲ့ အလှပိုင်ရှင် မင်းသမီးအေးမြတ်သူကတော့ ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ မင်းသမီးတွေထဲက တစ်ယောက်ပဲဖြစ်ပါတယ်။ သွယ်လျတဲ့ခန္ဓာကိုယ်အချိုးအစားလေးကိုပိုင်ဆိုင်ထားပြီး အရွယ်နဲ့မလိုက်လောက်အောင် နုပျိုနေတဲ့ မင်းသမီးတစ်ယောက်လို့တောင်ဆိုရမှာပါ ။

ဒီနေ့မှာကျရောက်တဲ့ ဒီပါဝလီနေ့ ရုံးပိတ်ရက်လေးမှာ ပရိသတ်အချစ်တော် အေးမြတ်သူကလည်း ဒီနေ့လေး ကို ဂုဏ်ပြုတဲ့အနေနဲ့ ပါဝင်ခဲ့ပါတယ် ။ ထူးထူးခြားခြား အဝါရောင် အိန္ဒိယ ဝတ်စုံလေးကို ဝတ်ဆင်ပြီး ပျော်ရွှင်ဖွယ်ရာ…. ဒီပါဝလီနေ့ ….ပါ ၇ရက်သားသမီးများအားလုံး နေကောင်းကျန်းမာ စိတ်ချမ်းသာကြပါစေရှင်.. ဆိုတဲ့စာသားလေးနဲ့ အတူ သူမရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။

သူမကို ချစ်ခင်ကြတဲ့ အိန္ဒိယနွယ်ဝင် ပရိသတ်တွေကလည်း Happy Dewali ပါ ဆိုတဲ့ မှတ်ချက်လေးတွေကို ရေးသားခဲ့ကြပြီး အိန္ဒိယ ဝတ်စုံလေးနဲ့ အရမ်းလှနေတဲ့ မမြတ်လေးကို ချီးကျူးစကားတွေ ဆိုခဲ့ကြပါတယ် ။ အေးမြတ်သူကိုချစ်တဲ့ ဆယ်လီကမ္ဘာ ပရိသတ်ကြီးအတွက် အိန္ဒိယဝတ်စုံလေးနဲ့ အရမ်းလှနေတဲ့ မမြတ်လေးရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Aye Myat Thu
credit – Cele Gabar

  • Leave a Comment