




credit – Myanmarload

Unicode

ဖေဖေနဲ့မေမေရဲ့အချောအလှတွေ ပေါင်းစပ်ထားလို့ ဘိုဆန်ဆန်မျက်နှာလေးတွေနဲ့ ချစ်ဖို့ကောင်းနေကြတဲ့ ဇူးဇူးမောင်ရဲ့သမီးလေးနှစ်ယောက်

မင်းသမီးချောလေး ဇူးဇူးမောင်ကတော့ တစ်ချိန်က အနုပညာလောကမှာ ဇာတ်ကားတွေရိုက်ကူးပြီး အောင်မြင်မှုရရှိခဲ့တာ ဖြစ်ပါတယ် ။ ချစ်စရာကောင်းတဲ့မျက်နှာအလှပိုင်ရှင်လေး ဇူးဇူးမောင်က သရုပ်ဆောင်မေသန်းနုရဲ့တူမချောလေးဆိုရင်လည်း မမှားပါဘူးနော် ။ လက်ရှိမှာတော့ ဇူးဇူးမောင်က အနုပညာအလုပ်တွေကို ရပ်နားထားတာအချိန်အတော်ကြာအောင် ရှိနေခဲ့ပြီပဲ ဖြစ်ပါတယ် ။

ဇူးဇူးမောင်က ခင်ပွန်းဖြစ်သူနဲ့ အိမ်ထောင်ကျပြီး သမီးချောလေးနှစ်ယောက်ကို မွေးဖွားခဲ့တာပဲ ဖြစ်ပါတယ် ။ သာယာတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ ဇူးဇူးမောင်က ချစ်ရတဲ့ခင်ပွန်း၊သမီးလေးတွေနဲ့အတူ ပြည်ပမှာနေထိုင်နေတာ ဖြစ်ပါတယ် ။ ဒါပေမယ့်လည်း ဇူးဇူးမောင်က သူမရဲ့သမီးလေးတွေကို မြန်မာစကားတတ်မြောက်အောင် ကိုယ်တိုင်ကိုယ်ကျ စာသင်ပေးနေတာလည်း ဖြစ်ပါတယ် ။

အသက်လေးနှစ်ကျော်အရွယ်ရှိပြီဖြစ်တဲ့ ဇူးဇူးမောင်ရဲ့သမီးကြီးက အခုဆိုရင် ဗျည်းအက္ခရာတွေကို စတင်သင်ကြားပြီး ကောင်းကောင်းနားလည်နေပြီပဲ ဖြစ်ပါတယ် ။ အခုလည်း မေမေ ဇူးဇူးမောင်က “က ခ ဂ ဃ င မေ့မှာစိုးလို့ အမြဲဆိုခိုင်းထားတယ် ” ဆိုပြီး စာဆိုနေတဲ့သမီးကြီးနဲ့ ချစ်စရာသမီးငယ်လေးတို့ရဲ့ဗီဒီယိုလေးကို တင်ပေးထားတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် ဇူးဇူးမောင်ရဲ့သမီးချောလေးတွေဖြစ်တဲ့ Chloe နဲ့ Alison တို့ရဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source and Video Credit- ACC Chanel By Alison,Chloe & Cho

credit – Myanmarload

  • Leave a Comment