မင္းသမီးျဖစ္ခါစက ႐ုပ္ပိုင္းဆိုင္ရာနဲ႔ ပက္သက္ၿပီး ေလွာင္ေျပာင္ကဲ့ရဲ႕ခံခဲ့ရတဲ့အေၾကာင္း ရင္ဖြင့္ခဲ့တဲ့ သက္မြန္ျမင့္

မင္းသမီး သက္မြန္ျမင့္ကေတာ့ အကယ္ဒမီဆု ၂ ဆုရရွိထားၿပီး ေအာင္ျမင္ေက်ာ္ၾကားၿပီး နာမည္ပ်က္မရွိတဲ့ ႏိုင္ငံေက်ာ္မင္းသမီးအျဖစ္ ရပ္တည္ေနသူပါ။ ခ်စ္ရတဲ့ ခင္ပြန္းသည္နဲ႔အတူ သားတေယာက္ သမီးတေယာက္ကို ပိုင္ဆိုင္ထားၿပီး ၿပီးျပည့္စုံတဲ့ မိသားစုဘဝေလးကို ပိုင္ဆိုင္ထားတာပဲ ျဖစ္ပါတယ္။

ခ်င္းတိုင္းရင္းသူ တေယာက္ျဖစ္တာေၾကာင့္ အႏုပညာခရီးလမ္းကို စတင္ေလွ်ာက္လွမ္းတဲ့ အခါေတြမွာ ေလသံဝဲဝဲေလးနဲ႔ ခ်စ္စရာေကာင္းတဲ့ မင္းသမီးေလးအျဖစ္ အားလုံးက ခ်စ္ခင္ခဲ့ၾကပါတယ္။ ခ်စ္ခင္သူမ်ားလည္း ရွိခဲ့သလို မနာလိုသူမ်ားလည္း ရွိခဲ့တာေၾကာင့္ မင္းသမီးေပါက္စ ဘဝမွာ ႐ုပ္ပိုင္းဆိုင္ရာနဲ႔ ပက္သက္ၿပီး တိုက္ခိုက္မႈမ်ား ရွိခဲ့တဲ့အေၾကာင္းကိုလည္း အခုလို ရင္ဖြင့္ခဲ့ပါတယ္။

သက္မြန္ျမင့္ကေတာ့ သားတေယာက္ သမီးတေယာက္ ေမြးဖြားၿပီးေနာက္မွာေတာင္ အရမ္းကို ဆြဲေဆာင္မႈရွိၿပီး လွပတဲ့ သူမရဲ႕ ပုံရိပ္ေလးေတြကို မွ်ေဝရင္း အခုလိုပဲ ေရးသားခဲ့ပါတယ္။ ” ကိုယ့္ကိုကိုယ္ အဲ့ေလာက္ ကိတ္ကိတ္နဲ႔ လွလာလိမ့္မယ္လို႔ ဘယ္တုန္းကမွ မေတြးထားဘူး 😂 မင္းသမီး စလုပ္တုန္းကဆို ဒါလား မင္းသမီးဆိုၿပီး အေျပာခံခဲ့ရဖူးတယ္ 😔အခ်ိန္ အေတာ္ၾကာထိ ကလန္ကလား ျပားခ်ပ္ခ်ပ္ပဲ😁 ခုေနမေကာင္းခ်ိန္နဲ႔ ေနေကာင္းတုန္းကအခ်ိန္ ဘယ္ဟာ ပိုသေဘာက်ၾကလဲ ပိတ္သတ္ႀကီး 🤪” ဆိုကာ ခက္ခဲခဲ့တဲ့ အခ်ိန္ေတြကို ေျပာျပခဲ့ပါတယ္။

ပရိတ္သတ္ႀကီးေရ အခုေဖာ္ျပခဲ့တာကေတာ့ အခ်ိန္ေတြၾကာလာတာနဲ႔အမွ် လွေသြးႂကြယ္လာတဲ့ မင္းသမီးေခ်ာ သက္မြန္ျမင့္ရဲ႕ မင္းသမီးျဖစ္ခါစက အခ်ိန္ေတြအေၾကာင္းပဲ ျဖစ္ပါတယ္။ အဆုံးထိ ဖတ္ရႈေပးတဲ့ ပရိတ္သတ္ႀကီးကို အထူးပဲ ေက်းဇူးတင္ရွိပါတယ္ရွင္။

credit – San Kyi Par

Unicode

မင်းသမီးဖြစ်ခါစက ရုပ်ပိုင်းဆိုင်ရာနဲ့ ပက်သက်ပြီး လှောင်ပြောင်ကဲ့ရဲ့ခံခဲ့ရတဲ့အကြောင်း ရင်ဖွင့်ခဲ့တဲ့ သက်မွန်မြင့်

မင်းသမီး သက်မွန်မြင့်ကတော့ အကယ်ဒမီဆု ၂ ဆုရရှိထားပြီး အောင်မြင်ကျော်ကြားပြီး နာမည်ပျက်မရှိတဲ့ နိုင်ငံကျော်မင်းသမီးအဖြစ် ရပ်တည်နေသူပါ။ ချစ်ရတဲ့ ခင်ပွန်းသည်နဲ့အတူ သားတယောက် သမီးတယောက်ကို ပိုင်ဆိုင်ထားပြီး ပြီးပြည့်စုံတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။

ချင်းတိုင်းရင်းသူ တယောက်ဖြစ်တာကြောင့် အနုပညာခရီးလမ်းကို စတင်လျှောက်လှမ်းတဲ့ အခါတွေမှာ လေသံဝဲဝဲလေးနဲ့ ချစ်စရာကောင်းတဲ့ မင်းသမီးလေးအဖြစ် အားလုံးက ချစ်ခင်ခဲ့ကြပါတယ်။ ချစ်ခင်သူများလည်း ရှိခဲ့သလို မနာလိုသူများလည်း ရှိခဲ့တာကြောင့် မင်းသမီးပေါက်စ ဘဝမှာ ရုပ်ပိုင်းဆိုင်ရာနဲ့ ပက်သက်ပြီး တိုက်ခိုက်မှုများ ရှိခဲ့တဲ့အကြောင်းကိုလည်း အခုလို ရင်ဖွင့်ခဲ့ပါတယ်။

သက်မွန်မြင့်ကတော့ သားတယောက် သမီးတယောက် မွေးဖွားပြီးနောက်မှာတောင် အရမ်းကို ဆွဲဆောင်မှုရှိပြီး လှပတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို မျှဝေရင်း အခုလိုပဲ ရေးသားခဲ့ပါတယ်။ ” ကိုယ့်ကိုကိုယ် အဲ့လောက် ကိတ်ကိတ်နဲ့ လှလာလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးထားဘူး 😂 မင်းသမီး စလုပ်တုန်းကဆို ဒါလား မင်းသမီးဆိုပြီး အပြောခံခဲ့ရဖူးတယ် 😔အချိန် အတော်ကြာထိ ကလန်ကလား ပြားချပ်ချပ်ပဲ😁 ခုနေမကောင်းချိန်နဲ့ နေကောင်းတုန်းကအချိန် ဘယ်ဟာ ပိုသဘောကျကြလဲ ပိတ်သတ်ကြီး 🤪” ဆိုကာ ခက်ခဲခဲ့တဲ့ အချိန်တွေကို ပြောပြခဲ့ပါတယ်။

ပရိတ်သတ်ကြီးရေ အခုဖော်ပြခဲ့တာကတော့ အချိန်တွေကြာလာတာနဲ့အမျှ လှသွေးကြွယ်လာတဲ့ မင်းသမီးချော သက်မွန်မြင့်ရဲ့ မင်းသမီးဖြစ်ခါစက အချိန်တွေအကြောင်းပဲ ဖြစ်ပါတယ်။ အဆုံးထိ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။

credit – San Kyi Par

  • Leave a Comment