ဘိုးဘြားအစဥ္အဆက္ ကားပထမဆုံးေရာက္ရွိတဲ့ သမိုင္းတြင္သြားၿပီျဖစ္တဲ့ လြယ္ကန္ေက်း႐ြာေလး

ရွမ္းျပည္နယ္ လားရႈိးၿမိဳ႕နယ္ မိုင္းေဟာ္တိုက္နယ္ရွိ လြယ္ကန္ေက်း႐ြာေလးတြင္ ေခတ္မွီဖြံ႕ၿဖိဳးတိုးတက္လာတဲ့ ယေန႔ေခတ္ႀကီးမွာ လမ္းပန္းဆက္သြယ္ေရးေကာင္းေအာင္ ကားလမ္းေဖာက္ခဲ့တာ ၅ ႏွစ္ေက်ာ္ၾကာရွိၿပီျဖစ္ေသာ္လည္း ေရွးဘိုးဘြားအစဥ္အဆက္ကတည္းကပင္ ႐ြာထဲသို႔ ကားေရာက္လာျခင္းမ်ိဳးမရွိခဲ့ပါဘူး။

႐ြာသူ႐ြာသားေတြဟာ သူတို႔ေက်း႐ြာေလးဆီကို ကားေရာက္လာဖို႔ စိတ္အားထက္သန္စြာနဲ႔ ေမွ်ာ္လင့္ေနခဲ့ၾကၿပီး အားတဲ့အခ်ိန္မွာ ကားလမ္းကို တက္ႏိုင္သေလာက္ လုပ္အားေပးေဖာက္လုပ္ခဲ့တယ္လို႔ သိရပါတယ္။ ယခုေတာ့ သူတို႔ရဲ႕ေမွ်ာ္လင့္ခ်က္ေလး ျပည့္၀သြားၿပီျဖစ္ပါတယ္။

မေန႔က ေမလ ၁၉ ရက္ေန႔မွာေတာ့ ကားေရာက္ရွိဖူးျခင္းမရွိခဲ့တဲ့ လြယ္ကန္ေက်း႐ြာေလးတြင္ ကားပထမဆုံးေရာက္တဲ့ သမိုင္းတြင္သြားခဲ့ပါၿပီ။ ေက်း႐ြာေလးသို႔ သံဃာေတာ္မ်ား စီးနင္းလိုက္ပါလာတဲ့ ကား ၃ စီးေရာက္ရွိလာခဲ့ၿပီး ထိုကားေတြဟာ Covid_19 ကာလတြင္ စားဝတ္ေနေရးအခက္အခဲျဖစ္ေနတဲ့ ႐ြာေတြဆီကို အစားအေသာက္မ်ား လိုက္လံကူညီ ေထာက္ပံ့ေပးေနတဲ့ကားမ်ားျဖစ္ပါတယ္။

႐ြာသူ၊ ႐ြာသားေတြဟာ သူတို႔ေက်း႐ြာေလးသို႔ သမိုင္းတြင္စရာ ပထမဆုံးေရာက္ရွိလာခဲ့တဲ့ ကားကို ဝမ္းပန္းတသာ ႀကိဳဆိုခဲ့ၾကတာကို ျမင္ေတြ႕ရပါတယ္။

Source&Photos_ေ႐ႊဖီေျမ

Unicode

ဘိုးဘွားအစဉ်အဆက် ကားပထမဆုံးရောက်ရှိတဲ့ သမိုင်းတွင်သွားပြီဖြစ်တဲ့ လွယ်ကန်ကျေးရွာလေး

ရှမ်းပြည်နယ် လားရှိုးမြို့နယ် မိုင်းဟော်တိုက်နယ်ရှိ လွယ်ကန်ကျေးရွာလေးတွင် ခေတ်မှီဖွံ့ဖြိုးတိုးတက်လာတဲ့ ယနေ့ခေတ်ကြီးမှာ လမ်းပန်းဆက်သွယ်ရေးကောင်းအောင် ကားလမ်းဖောက်ခဲ့တာ ၅ နှစ်ကျော်ကြာရှိပြီဖြစ်သော်လည်း ရှေးဘိုးဘွားအစဉ်အဆက်ကတည်းကပင် ရွာထဲသို့ ကားရောက်လာခြင်းမျိုးမရှိခဲ့ပါဘူး။

ရွာသူရွာသားတွေဟာ သူတို့ကျေးရွာလေးဆီကို ကားရောက်လာဖို့ စိတ်အားထက်သန်စွာနဲ့ မျှော်လင့်နေခဲ့ကြပြီး အားတဲ့အချိန်မှာ ကားလမ်းကို တက်နိုင်သလောက် လုပ်အားပေးဖောက်လုပ်ခဲ့တယ်လို့ သိရပါတယ်။ ယခုတော့ သူတို့ရဲ့မျှော်လင့်ချက်လေး ပြည့်၀သွားပြီဖြစ်ပါတယ်။

မနေ့က မေလ ၁၉ ရက်နေ့မှာတော့ ကားရောက်ရှိဖူးခြင်းမရှိခဲ့တဲ့ လွယ်ကန်ကျေးရွာလေးတွင် ကားပထမဆုံးရောက်တဲ့ သမိုင်းတွင်သွားခဲ့ပါပြီ။ ကျေးရွာလေးသို့ သံဃာတော်များ စီးနင်းလိုက်ပါလာတဲ့ ကား ၃ စီးရောက်ရှိလာခဲ့ပြီး ထိုကားတွေဟာ Covid_19 ကာလတွင် စားဝတ်နေရေးအခက်အခဲဖြစ်နေတဲ့ ရွာတွေဆီကို အစားအသောက်များ လိုက်လံကူညီ ထောက်ပံ့ပေးနေတဲ့ကားများဖြစ်ပါတယ်။

ရွာသူ၊ ရွာသားတွေဟာ သူတို့ကျေးရွာလေးသို့ သမိုင်းတွင်စရာ ပထမဆုံးရောက်ရှိလာခဲ့တဲ့ ကားကို ဝမ်းပန်းတသာ ကြိုဆိုခဲ့ကြတာကို မြင်တွေ့ရပါတယ်။

Source&Photos_ရွှေဖီမြေ

  • Leave a Comment

Categories