ျမန္မာမွာရိုက္တဲ့ My Husband in Law က တရုတ္မွာ နာမည္အႀကီးဆံုး ဇာတ္ကားျဖစ္လာ

My Husband in Law ဆိုတဲ့ ထိုင္းဒရမ္မာဇာတ္ကားေလး က ေတာ့ ပရိသတ္ေတြၾကားမွာ အရမ္းကို နာမည္ႀကီး ခဲ့တဲ့ ဇာတ္ကားေလးပါ။ျမန္မာႏိုင္ငံမွာ လာေရာက္ ရိုက္ကူးတဲ့ ဇာတ္ကားေလး မုိ႔ ျမန္မာ ပရိသတ္ ေတ္ာ ေတာ္ မ်ားမ်ားရဲ႕ စိတ္၀င္စား အားေပးမႈကိုပါ ရခဲ့တဲ့ ဇာတ္ကားေကာင္းေလးျဖစ္ခဲ့ပါတယ္။ My Husband in Law က ေတာ့ အခုဆိုရင္ တရုတ္မွာပါ နာမည္အႀကီး ဆံုး လူႀကိဳက္ အမ်ားဆံုး ထုိင္း ဒရမ္မာဇာတ္ကား အျဖစ္ သတ္မွတ္ခံလိုက္ရပါတယ္။ဒီအေၾကာင္းကိုေတာ့ insight.entertainment ရဲ႕ တရား၀င္ အ ေကာင့္မွာ ေဖာ္ျပထားတာပါ။

My Husband in Law က ေတာ့ (၂၀၂၁)အတြက္ တရုတ္မွာ နာမည္အႀကီးဆံုး ထုိင္းဒရမ္မာ ဇာတ္ကား ျဖစ္လာခဲ့ပါတယ္။ Tencent Video platform မွာေတာ့ ဒီဇာတ္ကားကို ၾကည့္တဲ့ သူ သန္း ႏွစ္ရာ အထိ ရွိခဲ့ပါတယ္။ၾကည့္ ရႈႏႈန္းကို ၾကည့္မယ္ဆိုရင္ ေတာ့ တရုတ္ မွာ ဒီကားကို အရမ္းႏွစ္သက္ အားေပးခဲ့တာကို ေတြ႕ ႏိုင္ပါတယ္။ ဒီဇာတ္ကားမွာေတာ့ Mark Prin နဲ႔ Mew Nittha တို႔က အဓိက သရုပ္ေဆာင္ေတြ အျဖစ္ ပါ၀င္ ထားၾကတာပါ။ ရန္ကုန္မွာ ဆိုရင္ ေရႊတိဂံု၊ ပုဂံ မွာဆိုရင္ ေတာ့ ထီးလိုမင္းလိုဘုုရားနဲ႔ ေရႊစည္းခံုဘုရား ၊အင္းေလး တို႔မွာပါ သြားေရာက္ ရိုက္ကူးထားတာပါ။ဒါတင္မက ေသးပဲ ဇာတ္ကားထဲမွာ ထား၀ယ္က ပေရာဂ်က္ တစ္ခု မွာ မင္းသားနဲ႔ မင္းသမီး အတူ အလုပ္သြားလုပ္ ၾကတဲ့ ပံုစံ မ်ိဳး လည္း ရိုက္ျပ ထားပါတယ္။

ျမန္မာမႈ ျမန္မာ ဟန္ေတြကို လည္း ထည့္သြင္း ထားပါတယ္။မင္းသမီး Mew Nittha နဲ႔ Mark Prin တို႔ ဘုရား အတူ ဖူးၾကတဲ့ ဇာတ္၀င္ခန္းေတြ ဆုိရင္လည္း ႏွစ္ေယာက္လံုးက ျမန္မာ ၀တ္စံု ေလးေတြကို ၀တ္ၿပီး ရိုက္ကူး ခဲ့ ၾကတာပါ။ဒါ ေပမယ့္ ဘုရားဖူးတဲ့ ဇာတ္၀င္ခန္း ေတြက ျမန္မာက နာမည္ႀကီး ဘုရားေတြ အကုန္လံုးကို တခ်ိန္တည္း မွာ အကုန္ ထည့္ ရိုက္ ျပ သြားခဲ့တာပါ။ပုဂံမွာ ပူေဖာင္းႀကီး စီးၾကတဲ့ အခန္း၊အင္းေလးမွာ ေလွစီးၾကတဲ့ အခန္းေတြ ကို ပါ လွလွပပ ထည့္ ရိုက္ျပ သြားခဲ့ပါတယ္။

My Husband in Law က ေတာ့ Thong Entertainment က ေန ထုတ္တဲ့ ဇာတ္ကားပါ။၀ါရင့္မင္းသမီးႀကီး Anne Thongprasom က Producer အျဖစ္ နဲ႔ တာ၀န္ယူ ခဲ့ၿပီး ဒါရိုက္တာ က ေတာ့ Ampaiporn Jitmaingong ပါ။ဒီဇာတ္ကားကို ေတာ့ ထုိင္း CH 3 က ေန ဧၿပီ (၂၁) ကေန ဇြန္ ၉ ရက္ေန႔ အထိ ထုတ္လႊင့္ျပသ ခဲ့တာပါ။ဒီဇာတ္ကားက ေတာ့ ျမန္မာ ရိုက္တဲ့ ပထမဆံုး ဇာတ္ကား ေတာ့ မဟုတ္ပါဘူး။အရမ္းနာမည္ႀကီးတဲ့ ထိုင္း ရုပ္ရွင္ကား Friend Zone မွာ ဆုိရင္ လည္း တစ္ခ်ိဳ႕ ဇာတ္၀င္ခန္း ေတြ က ျမန္မာ မွာ လာရိုက္ ခဲ့တာပါ။

ref:IG/insight.entertainment and wiki

credit – SHWEMOM

Unicode

မြန်မာမှာရိုက်တဲ့ My Husband in Law က တရုတ်မှာ နာမည်အကြီးဆုံး ဇာတ်ကားဖြစ်လာ

My Husband in Law ဆိုတဲ့ ထိုင်းဒရမ်မာဇာတ်ကားလေး က တော့ ပရိသတ်တွေကြားမှာ အရမ်းကို နာမည်ကြီး ခဲ့တဲ့ ဇာတ်ကားလေးပါ။မြန်မာနိုင်ငံမှာ လာရောက် ရိုက်ကူးတဲ့ ဇာတ်ကားလေး မို့ မြန်မာ ပရိသတ် တေ်ာ တော် များများရဲ့ စိတ်ဝင်စား အားပေးမှုကိုပါ ရခဲ့တဲ့ ဇာတ်ကားကောင်းလေးဖြစ်ခဲ့ပါတယ်။ My Husband in Law က တော့ အခုဆိုရင် တရုတ်မှာပါ နာမည်အကြီး ဆုံး လူကြိုက် အများဆုံး ထိုင်း ဒရမ်မာဇာတ်ကား အဖြစ် သတ်မှတ်ခံလိုက်ရပါတယ်။ဒီအကြောင်းကိုတော့ insight.entertainment ရဲ့ တရားဝင် အ ကောင့်မှာ ဖော်ပြထားတာပါ။

My Husband in Law က တော့ (၂၀၂၁)အတွက် တရုတ်မှာ နာမည်အကြီးဆုံး ထိုင်းဒရမ်မာ ဇာတ်ကား ဖြစ်လာခဲ့ပါတယ်။ Tencent Video platform မှာတော့ ဒီဇာတ်ကားကို ကြည့်တဲ့ သူ သန်း နှစ်ရာ အထိ ရှိခဲ့ပါတယ်။ကြည့် ရှုနှုန်းကို ကြည့်မယ်ဆိုရင် တော့ တရုတ် မှာ ဒီကားကို အရမ်းနှစ်သက် အားပေးခဲ့တာကို တွေ့ နိုင်ပါတယ်။ ဒီဇာတ်ကားမှာတော့ Mark Prin နဲ့ Mew Nittha တို့က အဓိက သရုပ်ဆောင်တွေ အဖြစ် ပါဝင် ထားကြတာပါ။ ရန်ကုန်မှာ ဆိုရင် ရွှေတိဂုံ၊ ပုဂံ မှာဆိုရင် တော့ ထီးလိုမင်းလိုဘုရားနဲ့ ရွှေစည်းခုံဘုရား ၊အင်းလေး တို့မှာပါ သွားရောက် ရိုက်ကူးထားတာပါ။ဒါတင်မက သေးပဲ ဇာတ်ကားထဲမှာ ထားဝယ်က ပရောဂျက် တစ်ခု မှာ မင်းသားနဲ့ မင်းသမီး အတူ အလုပ်သွားလုပ် ကြတဲ့ ပုံစံ မျိုး လည်း ရိုက်ပြ ထားပါတယ်။

မြန်မာမှု မြန်မာ ဟန်တွေကို လည်း ထည့်သွင်း ထားပါတယ်။မင်းသမီး Mew Nittha နဲ့ Mark Prin တို့ ဘုရား အတူ ဖူးကြတဲ့ ဇာတ်ဝင်ခန်းတွေ ဆိုရင်လည်း နှစ်ယောက်လုံးက မြန်မာ ဝတ်စုံ လေးတွေကို ဝတ်ပြီး ရိုက်ကူး ခဲ့ ကြတာပါ။ဒါ ပေမယ့် ဘုရားဖူးတဲ့ ဇာတ်ဝင်ခန်း တွေက မြန်မာက နာမည်ကြီး ဘုရားတွေ အကုန်လုံးကို တချိန်တည်း မှာ အကုန် ထည့် ရိုက် ပြ သွားခဲ့တာပါ။ပုဂံမှာ ပူဖောင်းကြီး စီးကြတဲ့ အခန်း၊အင်းလေးမှာ လှေစီးကြတဲ့ အခန်းတွေ ကို ပါ လှလှပပ ထည့် ရိုက်ပြ သွားခဲ့ပါတယ်။

My Husband in Law က တော့ Thong Entertainment က နေ ထုတ်တဲ့ ဇာတ်ကားပါ။ဝါရင့်မင်းသမီးကြီး Anne Thongprasom က Producer အဖြစ် နဲ့ တာဝန်ယူ ခဲ့ပြီး ဒါရိုက်တာ က တော့ Ampaiporn Jitmaingong ပါ။ဒီဇာတ်ကားကို တော့ ထိုင်း CH 3 က နေ ဧပြီ (၂၁) ကနေ ဇွန် ၉ ရက်နေ့ အထိ ထုတ်လွှင့်ပြသ ခဲ့တာပါ။ဒီဇာတ်ကားက တော့ မြန်မာ ရိုက်တဲ့ ပထမဆုံး ဇာတ်ကား တော့ မဟုတ်ပါဘူး။အရမ်းနာမည်ကြီးတဲ့ ထိုင်း ရုပ်ရှင်ကား Friend Zone မှာ ဆိုရင် လည်း တစ်ချို့ ဇာတ်ဝင်ခန်း တွေ က မြန်မာ မှာ လာရိုက် ခဲ့တာပါ။

ref:IG/insight.entertainment and wiki

credit – SHWEMOM

  • Leave a Comment