






credit – Myanmarload

Unicode

အမိုက်စားဖက်ရှင်များ အချိန်အကြာကြီး ဝတ်ဆင်ရခြင်းရဲ့နောက်ကွယ်က နာကျင်မှုဒဏ်ရာဒဏ်ချက်တွေကို ပြသလာတဲ့ မေကဗျာ

မျက်နှာမြင် ချစ်ခင်ပါစေဆိုတဲ့ဆုကို မတောင်းဘဲပြည့်သူဝလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး မေကဗျာပဲ ဖြစ်ပါတယ်။ သူမဟာ ” ဗိုက်ပူမ ” ဗီဒီယိုဇာတ်ကားလေးနဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့ပြီး ဒီဇာတ်ကားလေးနဲ့ ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုတွေကို ရရှိလာတာပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်ကတည်းကနေ အခုချိန်ထိ ဝါသနာအရမ်းပါတဲ့ အနုပညာအလုပ်တွေကို တစ်စိုက်မတ်မတ် လုပ်ကိုင်ခဲ့သူပါ။

လတ်တလော အနုပညာအလုပ်တွေ ရပ်နားထားချိန်မှာလည်း အွန်လိုင်းမှာ Live လွှင့်ကာ သူမရဲ့ ကိုယ်ပိုင်စက်ရုံမှ အထည်တွေကို ဈေးရောင်းနေတာလည်း ဖြစ်ပါတယ်။ ကိုယ်ပိုင်စီးပွားရေးအလုပ်တွေသာမကဘဲ အခြားဆိုင်တွေရဲ့ နာမည်ကြီး ပစ္စည်းတွေကိုလည်း ချိုသာတဲ့အပြောလေးတွေနဲ့ ရောင်းချပေးတာကြောင့် ပရိသတ်တွေက တစ်ခဲနက် ဝယ်ယူအားပေးနေကြတာလည်း ဖြစ်ပါတယ်။

မနေ့ညကလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးတွေ ဝေမျှထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ အမိုက်စားဖက်ရှင်များ ဝတ်ဆင်ရခြင်းရဲ့နောက်ကွယ်ကနာကျင်မှုတွေကိုပြသလာတာပဲ ဖြစ်ပါတယ်။ သူမကလည်း ” အိမ်ရောက်ရေချိုး

မင်းသမီးတွေရဲ့ဘဝ လှချင်တော့ငြိမ်ခံရတာပေါ့

ဒီဇိုင်နာတွေကလှစေချင် ဝတ်ရတဲ့သူလည်း ဒဏ်ရာဒဏ်ချက်ကြီးပြီး ၄ နာရီလောက်ကိုတော်တော်နာပါတယ် ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- May Kabyar

credit – Myanmarload

  • Leave a Comment