



Source : K Nyi

credit – Myanmarload

Unicode

Tattooထိုးကျွမ်းကျင်ပါတယ်ဆိုတဲ့ မြင့်မြတ်နဲ့ထူးခြားကိုယုံပြီးပုံအပ်လိုက်ခါမှ အခွီတွေဖြစ်သွားခဲ့ရတဲ့ Kညီ

မင်းသားချောလေးမြင့်မြတ်ကတော့ အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့ပြီး အောင်မြင်လျက်ရှိနေတဲ့ အနုပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ကာ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ကားတွေမှာ အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်လျက်ရှိနေခဲ့ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးလျက်ရှိနေတဲ့ မြင့်မြတ်ကတော့ အကယ်ဒမီဆုကိုလည်း သိမ်းပိုက်ထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့ပြီး အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိနေတဲ့ မြင့်မြတ်ကတော့ ကြော်ငြာတွေကိုလည်း ရိုက်ကူးလျက်ရှိနေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ယခုမှာတော့ Kညီတစ်ယောက် Tattooထိုးကျွမ်းကျင်တယ်ဆိုတဲ့ မြင့်မြတ်နဲ့ထူးခြားကိုယုံပြီးပုံအပ်လိုက်ခါမှ အခွီတွေဖြစ်သွားခဲ့ရပါတယ်။ Kညီကတော့ ” Tattoo အရမ်းကျွမ်းကျင်သော ဆရာနှစ်ယောက်နဲ့ Tattoo ထိုး‌မိသောအခါ ပုံတွေကို ကြည့်ပါ အပျော်သဘောစတာနော် ” ဆိုပြီး ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။

မြင့်မြတ်ရဲ့ တပည့်ဖြစ်သူကတော့ ” တက်တူးဆရာကိုထူးခြားပထမဦးဆုံးလက်ရာကို ကျွန်တော်ဆရာသဘောကျ။ ဦးညီ ချစ်ခင်လို့တက်တူးထိုးပေးတာဖြစ်ပါတယ် “ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မြင့်မြတ်၊Kညီ၊ထူးခြားတို့သူငယ်ချင်းသုံးယောက်ရဲ့ ပျော်ရွှင်ရယ်မောနေကြတဲ့ ပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။

Source : K Nyi

credit – Myanmarload

  • Leave a Comment