




credit – Myanmarload

Unicode

ဖေဖေနဲ့မေမေထက်တောင် ပို့စ်ပေးကြမ်းနေတဲ့သားလေးကိုကြည့်ပြီး သဘောတွေကျကာ ချစ်မဝဖြစ်နေတဲ့ အောင်သူနဲ့ပိုးအိအိခန့်တို့ဇနီးမောင်နှံ

မြန်မာ့လက်ရွေးစင် ဘောလုံးသမားအောင်သူကတော့ မင်းသမီးချောလေး ပိုးအိအိခန့်နဲ့ ဖူးစာဆုံပြီး နှစ်ကိုယ်တူဘဝလေးကို တည်ဆောက်ခဲ့တာ ဖြစ်ပါတယ် ။ ချစ်သူဘဝကတည်းက ပရိသတ်တွေရဲ့အချစ်ကိုရရှိခဲ့တဲ့ အောင်သူနဲ့ ပိုးအိအိခန့်တို့စုံတွဲက အိမ်ထောင်ကျသွားတဲ့အခါမှာလည်း အရမ်းကိုအားကျချင်စရာကောင်းနေတာ ဖြစ်ပါတယ် ။ အခုဆိုရင် အောင်သူတို့ဇနီးမောင်နှံက ချစ်စရာကောင်းတဲ့ သားချောလေးတစ်ယောက်ကို ပိုင်ဆိုင်ထားရပြီ ဖြစ်ပါတယ် ။

အောင်သူက ချစ်ဇနီးနဲ့သားလေးအပေါ်မှာ တာဝန်တွေကျေပွန်သလို ပိုးအိအိခန့်ကလည်း အိမ်ထောင်ရှင်မကောင်းတစ်ယောက် ပီသသူဖြစ်ပါတယ်။ အေးအေးဆေးဆေးနေတတ်ပြီး ဘဝကို ရိုးရှင်းစွာဖြတ်သန်းနေတဲ့ သူတို့ရဲ့မိသားစုလေးကတော့ ကြည်နူးစရာကောင်းလှပါတယ်နော်။ ပြီးခဲ့တဲ့ သီတင်းကျွတ်လပြည့်နေ့မှာတော့ အောင်သူတို့မိသားစုလေးက ငါးစာသွားကျွေးပြီး ကုသိုလ်ယူခဲ့သေးတာ ဖြစ်ပါတယ် ။

ဒါကြောင့် ပိုးအိအိခန့်က “သီတင်းကျွတ်လပြည့်နေ့ ငါးစာသွားကျွေးတုန်းကပုံကို စီးပွါးရေးသောင်းကျန်းနေတာနဲ့ ပုံတွေ အကြွေးတင်နေလို့ လာပြန်တင်တာ Mask က ပုံရိုက်တုန်းလေးပဲ ခဏချွတ်တာပါရှင်” ဆိုပြီး ပုံလေးတွေကိုတင်ပေးထားတာ ဖြစ်ပါတယ် ။ ဆင်တူဖက်ရှင်လေးတွေနဲ့ ချစ်စရာကောင်းနေတဲ့ ပိုးအိအိခန့်တို့ဇနီးမောင်နှံကတော့ ပို့စ်ပေးတတ်တဲ့သားလေးကိုကြည့်ပြီး သဘောကျခဲ့ရတာလည်း ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် အောင်သူနဲ့ ပိုးအိအိခန့်တို့မိသားစုလေးရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source and Photo Credit-Poe Ei Ei Khant

credit – Myanmarload

  • Leave a Comment