ေနမေကာင္းျဖစ္ေနခ်ိန္မွာ သားေလးက ေႏြးေႏြးေထြးေထြးနဲ႔ျပဳစုေပးလို႔ ၾကည္ႏူးၿပီး ေရာဂါတစ္ဝက္ေတာင္ေပ်ာက္သြားရတဲ့ မယ္လိုဒီ

ပရိသတ္ႀကီးေရ ႐ုပ္ရွင္သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ အကယ္ဒမီမယ္လိုဒီကေတာ့ သားေလးတစ္ေယာက္ကို ေမြးဖြားထားၿပီး အႏုပညာအလုပ္ေတြကိုလည္း ျပန္လည္လုပ္ေဆာင္ေနတာျဖစ္ပါတယ္ေနာ္။မယ္လိုဒီရဲ႕သားေလးက လိမၼာေရးျခားလည္းရွိၿပီး ေမေမ့အေပၚမွာလည္း သိတတ္တာေၾကာင့္ လူအမ်ားရဲ႕ခ်ီးက်ဴးမႈေတြကို ရရွိထားတာျဖစ္ပါတယ္။မယ္လိုဒီကေတာ့ သူမရဲ႕ေဘးနားမွာ သားေလးကအၿမဲအေဖာ္ျပဳေပးေနလို႔ အားေတြရွိေနတာျဖစ္ပါတယ္ေနာ္။

အခုဆိုရင္လည္း မယ္လိုဒီကေတာ့”ခင္ပြန္းႀကီးဆယ္ပါးကပ္လႉ အျပစ္ဝန္ခ်ေတာင္းပန္ ဒီေန႔ေနမေကာင္းဘူး တစ္ညေနလုံးအိပ္ယာထဲကမထႏိုင္ဘူး ညေနထမင္းစားေတာ့ ေဆးေသာက္ ပရိတ္ေရေသာက္မယ္ေပါ့ သားသားယူေပးမယ္ ေမေမတဲ့ သားေလးစားစရာရွိတာဆက္စားပါ ေမေမယူေသာက္လိုက္မယ္လို႔ ကြၽန္မေျပာေတာ့ေမေမကသားကိုေမြးထားတာေလ သားကေမေမကိုျပဳစုရမွာေပါ့တဲ့ ၾကည္ႏူးဝမ္းသာလြန္းလို႔ ေရာဂါတစ္ဝက္ေပ်ာက္တယ္ ကြၽန္မ ဝမ္းနည္းခ်ိန္တိုင္း ေနမေကာင္းျဖစ္ခ်ိန္တိုင္း သားေလး ေမေမ့ကိုဖက္ထားေပးေနာ္လို႔ ေျပာတိုင္း ဖက္ထားေပးတတ္တဲ့သားေလး”

“ဘယ္ေလာက္ပဲမာေက်ာသန္မာတဲ့အမ်ိဳးသမီးျဖစ္ပါေစ ေနမေကာင္းခ်ိန္ေတာ့ ေႏြးေထြးမႈ႕ကိုလိုခ်င္တာပါပဲကြၽန္မ ကံေကာင္းပါတယ္ ကံ ကံ၏အက်ိဳးပါပဲ ေနမေကာင္းလို႔ ဒီညတရားထိုင္ႏိုင္ပါမလားေတြးမိတယ္ ဒါေပမယ့္ တရားထိုင္ခ်ိန္ေဝဒနာမရွိဘဲ အခ်ိန္တစ္နာရီခဏေလးလိုပါပဲ ကြၽန္မကိုတရားအသိရေအာင္ကူညီသူရဲ႕ေက်းဇူးတရားကိုအၿမဲမေမ့မေလ်ာ့ ေက်းဇူးတင္သလို အၿမဲသြန္သင္တရားျပတဲ့ဆရာေတာ္ဘုရားအားဦးခိုက္ပါတယ္ဘုရား ေအးခ်မ္းပါေစ”ဆိုၿပီး သားအမိႏွစ္ေယာက္က္က ေႏြးေထြးမႈေတြနဲ႔ အျပန္အလွန္ေဖးမကူညီၾကပုံကို ေရးသားမွ်ေဝလာတာျဖစ္ပါတယ္ေနာ္။

Source and Photo Credit:Melody Myo

credit – Myanmarload

Unicode

နေမကောင်းဖြစ်နေချိန်မှာ သားလေးက နွေးနွေးထွေးထွေးနဲ့ပြုစုပေးလို့ ကြည်နူးပြီး ရောဂါတစ်ဝက်တောင်ပျောက်သွားရတဲ့ မယ်လိုဒီ

ပရိသတ်ကြီးရေ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ အကယ်ဒမီမယ်လိုဒီကတော့ သားလေးတစ်ယောက်ကို မွေးဖွားထားပြီး အနုပညာအလုပ်တွေကိုလည်း ပြန်လည်လုပ်ဆောင်နေတာဖြစ်ပါတယ်နော်။မယ်လိုဒီရဲ့သားလေးက လိမ္မာရေးခြားလည်းရှိပြီး မေမေ့အပေါ်မှာလည်း သိတတ်တာကြောင့် လူအများရဲ့ချီးကျူးမှုတွေကို ရရှိထားတာဖြစ်ပါတယ်။မယ်လိုဒီကတော့ သူမရဲ့ဘေးနားမှာ သားလေးကအမြဲအဖော်ပြုပေးနေလို့ အားတွေရှိနေတာဖြစ်ပါတယ်နော်။

အခုဆိုရင်လည်း မယ်လိုဒီကတော့”ခင်ပွန်းကြီးဆယ်ပါးကပ်လှူ အပြစ်ဝန်ချတောင်းပန် ဒီနေ့နေမကောင်းဘူး တစ်ညနေလုံးအိပ်ယာထဲကမထနိုင်ဘူး ညနေထမင်းစားတော့ ဆေးသောက် ပရိတ်ရေသောက်မယ်ပေါ့ သားသားယူပေးမယ် မေမေတဲ့ သားလေးစားစရာရှိတာဆက်စားပါ မေမေယူသောက်လိုက်မယ်လို့ ကျွန်မပြောတော့မေမေကသားကိုမွေးထားတာလေ သားကမေမေကိုပြုစုရမှာပေါ့တဲ့ ကြည်နူးဝမ်းသာလွန်းလို့ ရောဂါတစ်ဝက်ပျောက်တယ် ကျွန်မ ဝမ်းနည်းချိန်တိုင်း နေမကောင်းဖြစ်ချိန်တိုင်း သားလေး မေမေ့ကိုဖက်ထားပေးနော်လို့ ပြောတိုင်း ဖက်ထားပေးတတ်တဲ့သားလေး”

“ဘယ်လောက်ပဲမာကျောသန်မာတဲ့အမျိုးသမီးဖြစ်ပါစေ နေမကောင်းချိန်တော့ နွေးထွေးမှု့ကိုလိုချင်တာပါပဲကျွန်မ ကံကောင်းပါတယ် ကံ ကံ၏အကျိုးပါပဲ နေမကောင်းလို့ ဒီညတရားထိုင်နိုင်ပါမလားတွေးမိတယ် ဒါပေမယ့် တရားထိုင်ချိန်ဝေဒနာမရှိဘဲ အချိန်တစ်နာရီခဏလေးလိုပါပဲ ကျွန်မကိုတရားအသိရအောင်ကူညီသူရဲ့ကျေးဇူးတရားကိုအမြဲမမေ့မလျော့ ကျေးဇူးတင်သလို အမြဲသွန်သင်တရားပြတဲ့ဆရာတော်ဘုရားအားဦးခိုက်ပါတယ်ဘုရား အေးချမ်းပါစေ”ဆိုပြီး သားအမိနှစ်ယောက်က်က နွေးထွေးမှုတွေနဲ့ အပြန်အလှန်ဖေးမကူညီကြပုံကို ရေးသားမျှဝေလာတာဖြစ်ပါတယ်နော်။

Source and Photo Credit:Melody Myo

credit – Myanmarload

  • Leave a Comment