




credit – Myanmarload

Unicode

အဝတ်အစားအချို့နဲ့ အသုံးဆောင်တစ်ချို့ကို ရခိုင်ပြည်နယ်က စစ်ဘေးရှောင်စခန်းတွေမှာ အလှူပြုလိုက်တဲ့ အလှမယ် မိုးစက်ဝိုင်

ပရိသတ်ကြီးရေ အလှမယ် မိုးစက်ဝိုင်ကတော့ ကိုဗစ်ကာလမှာ အလှူဒါနကြီး တစ်ခုကို ပြုလုပ်လိုက်ပြန်ပါပြီနော်။ ရုပ်ရည်ကလည်း အပြစ်ဆိုဖွယ်မရှိအောင် လှပသလို စိတ်ထားလေးကလည်း မွန်မြတ်ဖြူစင်လွန်းတဲ့ သူမက ယနေ့မှာတော့ ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင် စခန်းတွေမှာ သွားရောက်အလှူပြုခဲ့တာပါ။ မိုးစက်က သူမရဲ့ လူမှုကွန်ယက်ထက်မှာ ကြည်နူးစရာ အလှူပြု ပုံရိပ်လေးတွေကို တင်ပေးလာရင်း စာသားလေးအချို့ကိုလည်း ရေးသားထားပါသေးတယ်။

ဒါကတော့ ” မိုးစက် လွန်ခဲ့တဲ့ရက်က လှူဖြစ်တဲ့ အလှူတစ်ခုပါ။ မသုံးဖြစ်တော့တဲ့ အဝတ်အစားကောင်းတစ်ချို့နဲ့ အသုံးဆောင်တစ်ချို့ကို ရခိုင်ပြည်နယ်က စစ်ဘေးရှောင်စခန်းများအတွက် အကြင်နာစမ်းရေ ပရဟိတအသင်းကတစ်ဆင့် လှူဒါန်းဖြစ်ခဲ့ပါတယ်။ အကယ်လို ကိုယ့်မှာ မသုံးဖြစ်တော့တဲ့ အသုံးအဆောင်၊ အဝတ်အထည်တွေရှိရင်လည်း လိုအပ်နေသူတွေအတွက် လှူဒါန်းလို့ရပါတယ်။

အခု မိုးစက်လှူဒါန်းဖြစ်ခဲ့တဲ့ အကြင်နာစမ်းရေပရဟိတအသင်းဆိုရင်လည်း လှူဒါန်းလိုတဲ့ ပစ္စည်းများကို အိမ်ထိလာရောက်ယူဆောင်ပေးပြီး လိုအပ်တဲ့ ရခိုင်ပြည်နယ်က စစ်ဘေးရှောင်စခန်းတွေကို ပေးပို့လှူဒါန်းပေးသွားမှာပါ။ ဒါကြောင်​့ ကိုယ့်မှာ ပိုနေရင် လိုအပ်နေသူတွေ ရှိနေပါတယ်ဆိုတဲ့ သတိတရစိတ်လေးနဲ့ လှူဒါန်းလိုသူများအတွက် ဆက်သွယ်လှူလို့ရတဲ့ ပရဟိတ အသင်းရဲ့ ပေ့ပါ ဖော်ပြပေးထားပါတယ် ။ ဒါက အိမ်နေရင်းရတဲ့ ကုသိုလ်လေးတစ်ခုပါ ” ဆိုပြီး ရေးသားဖော်ပြထားတာဖြစ်လို့ ဝေမျှပေးလိုက်ပါရစေနော်…….။

Source and Photo credit – Moe Set Wine

credit – Myanmarload

  • Leave a Comment