မဂၤလာပြဲမွာ ခင္လႊမ္းဘက္ကမိဘေဆြမ်ိဳးေတြ မေတြ႕တာေၾကာင့္ မိဘမဲ့လို႔ သမုတ္ၾကသူေတြကို ေျဖရွင္းလာတဲ့ စည္ၿဖိဳးနဲ႔ ခင္လႊမ္း

သ႐ုပ္ေဆာင္ စည္ၿဖိဳးနဲ႔ သ႐ုပ္ေဆာင္ ခင္လႊမ္းတို႔ကေတာ့ စိတ္တူ ကိုယ္တူနဲ႔ ဝါသနာပါ ထပ္တူက်တဲ့ ခ်စ္သူစုံတြဲေလးျဖစ္တာေၾကာင့္ ေရွ႕သြားေနာက္လိုက္ညီတယ္လို႔ ပရိသတ္ေတြက မွတ္ခ်က္ေပးျခင္းခံခဲ့ရတာပဲ ျဖစ္ပါတယ္။ စည္ၿဖိဳးနဲ႔ ခင္လႊမ္းတို႔ကေတာ့ ခ်စ္သူဘဝမွာပဲ ရင္ေသြးေလးကို ရရွိခဲ့တာမို႔ အခုဆိုရင္ ႏွစ္ဖက္မိဘသေဘာတူၾကည္ျဖဴစြာနဲ႔ ၿပီးခဲ့တဲ့ ႏိုဝင္ဘာလ (၅) ရက္ေန႔မွာ မဂၤလာေမာ္ကြန္းတင္ လက္မွတ္ေရးထိုးပြဲေလးကို က်င္းပခဲ့တာပဲ ျဖစ္ပါတယ္။ အခုဆိုရင္ ၾကင္စဦးဇနီးေမာင္ႏွံျဖစ္လို႔ေနၿပီျဖစ္တဲ့ စည္ၿဖိဳးနဲ႔ ခင္လႊမ္းတို႔ကေတာ့ တစ္ေယာက္ကိုတစ္ေယာက္ ေဖးမၾကင္နာစြာနဲ႔ ဂ႐ုတစိုက္ရွိၾကတာပဲ ျဖစ္ပါတယ္။

ဒါေပမယ့္ စည္ၿဖိဳးတို႔ရဲ႕ မဂၤလာပြဲနဲ႔ ပက္သတ္ၿပီး မနာလိုသူတစ္ခ်ိဳ႕ကေတာ့ ခင္လႊမ္းရဲ႕ မိဘမ်ားေရာက္မလာျခင္းအေပၚ ေဝဖန္ေနၾကတာပဲ ျဖစ္ပါတယ္။ ထိုအေၾကာင္းနဲ႔ ပက္သတ္ၿပီး ခင္လႊမ္းက သူမရဲ႕ မိဘေဆြမ်ိဳးမ်ားအေၾကာင္းကို ဂဃနဏသိသူရဲ႕ ေကာမန႔္ကိုျပသၿပီး “အေဖအေမ မရွိဘူးလား ဆိုသူမ်ားအတြက္ …ကိုဗစ္ေၾကာင့္ လာလို႔မရတာပါေနာ္ 😊✌️” ဆိုၿပီး ေျပာထားသလို စည္ၿဖိဳးကလည္း သူ႔ရဲ႕ ဇနီးသည္အတြက္ “မဗိုက္ဟာ မိဘမဲ့ မဟုတ္ပါ … 🙏🏻 ❤️ ✌🏻” ဆိုၿပီး ေျဖရွင္းေပးထားတာ ျဖစ္ပါတယ္။

စည္ၿဖိဳၚကေတာ့ သူ႔ရဲ႕ ဇနီးသည္ဟာ ေဆြမရွိ မ်ိဳးမရွိ တစ္ေကာင္ႂကြက္မဟုတ္ပဲ လက္ရွိ ကိုဗစ္အေျခအေနေၾကာင့္သာ မဂၤလာပြဲကို မတက္ေရာက္ႏိုင္တဲ့အေၾကာင္း ေျပာလာတာပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း အခုဆိုရင္ ခင္လႊမ္းရဲ႕ မိဘေတြ မဂၤလာပြဲမွာ ဘာလို႔ရွိမေနတာလဲဆိုတာကို နားလည္သြားေလာက္ၿပီ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

ဆယ္လီကြန္နက္ရွင္

Unicode

မင်္ဂလာပွဲမှာ ခင်လွှမ်းဘက်ကမိဘဆွေမျိုးတွေ မတွေ့တာကြောင့် မိဘမဲ့လို့ သမုတ်ကြသူတွေကို ဖြေရှင်းလာတဲ့ စည်ဖြိုးနဲ့ ခင်လွှမ်း

သရုပ်ဆောင် စည်ဖြိုးနဲ့ သရုပ်ဆောင် ခင်လွှမ်းတို့ကတော့ စိတ်တူ ကိုယ်တူနဲ့ ဝါသနာပါ ထပ်တူကျတဲ့ ချစ်သူစုံတွဲလေးဖြစ်တာကြောင့် ရှေ့သွားနောက်လိုက်ညီတယ်လို့ ပရိသတ်တွေက မှတ်ချက်ပေးခြင်းခံခဲ့ရတာပဲ ဖြစ်ပါတယ်။ စည်ဖြိုးနဲ့ ခင်လွှမ်းတို့ကတော့ ချစ်သူဘဝမှာပဲ ရင်သွေးလေးကို ရရှိခဲ့တာမို့ အခုဆိုရင် နှစ်ဖက်မိဘသဘောတူကြည်ဖြူစွာနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလ (၅) ရက်နေ့မှာ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲလေးကို ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။ အခုဆိုရင် ကြင်စဦးဇနီးမောင်နှံဖြစ်လို့နေပြီဖြစ်တဲ့ စည်ဖြိုးနဲ့ ခင်လွှမ်းတို့ကတော့ တစ်ယောက်ကိုတစ်ယောက် ဖေးမကြင်နာစွာနဲ့ ဂရုတစိုက်ရှိကြတာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် စည်ဖြိုးတို့ရဲ့ မင်္ဂလာပွဲနဲ့ ပက်သတ်ပြီး မနာလိုသူတစ်ချို့ကတော့ ခင်လွှမ်းရဲ့ မိဘများရောက်မလာခြင်းအပေါ် ဝေဖန်နေကြတာပဲ ဖြစ်ပါတယ်။ ထိုအကြောင်းနဲ့ ပက်သတ်ပြီး ခင်လွှမ်းက သူမရဲ့ မိဘဆွေမျိုးများအကြောင်းကို ဂဃနဏသိသူရဲ့ ကောမန့်ကိုပြသပြီး “အဖေအမေ မရှိဘူးလား ဆိုသူများအတွက် …ကိုဗစ်ကြောင့် လာလို့မရတာပါနော် 😊✌️” ဆိုပြီး ပြောထားသလို စည်ဖြိုးကလည်း သူ့ရဲ့ ဇနီးသည်အတွက် “မဗိုက်ဟာ မိဘမဲ့ မဟုတ်ပါ … 🙏🏻 ❤️ ✌🏻” ဆိုပြီး ဖြေရှင်းပေးထားတာ ဖြစ်ပါတယ်။

စည်ဖြိုါ်ကတော့ သူ့ရဲ့ ဇနီးသည်ဟာ ဆွေမရှိ မျိုးမရှိ တစ်ကောင်ကြွက်မဟုတ်ပဲ လက်ရှိ ကိုဗစ်အခြေအနေကြောင့်သာ မင်္ဂလာပွဲကို မတက်ရောက်နိုင်တဲ့အကြောင်း ပြောလာတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အခုဆိုရင် ခင်လွှမ်းရဲ့ မိဘတွေ မင်္ဂလာပွဲမှာ ဘာလို့ရှိမနေတာလဲဆိုတာကို နားလည်သွားလောက်ပြီ ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ဆယ်လီကွန်နက်ရှင်

  • Leave a Comment