ေႁမြတစ္ေကာင္ရဲ့ေခါင္းကို ပုံမွန္စားေနက်႕အစာအတိုင္း ဝါးစားေနခဲ့တဲ့ ႏြားမႀကီး

ဩစေၾတးလ်နိုင္ငံေျမာက္ပိုင္းရွိ Andrew Gertz အမည္ရွိတဲ့စက္ျပင္ဆရာအမ်ိဳးသားတစ္ဦးဟာႏြားမတစ္ေကာင္က သဲစပါးအုံးေႁမြရဲ့​ေခါင္းကို ဝါးစားေနတဲ့ ရွားပါးဓာတ္ပုံေတြကိုရိုက္ယူနိုင္ခဲ့ပါတယ္။ Queensland ေျမာက္ပိုင္း၊ Camooweal ဇာတိ ျဖစ္တဲ့ Andrew Gertz ဟာ လူသူကင္းမဲ့တဲ့ Sandover အေဝးေျပးလမ္းတေလၽွာက္ကားေမာင္းေနစဥ္ ေျမာက္ဘက္နယ္ေျမရဲ့ Lake Nash ဘူတာမွကီလိုမီတာ ၃၀၀ အကြာမွာရွိတဲ့လမ္းေဘးရွိ ထူးျခားဆန္းၾကယ္တဲ့ျမင္ကြင္းတစ္ခုကို ေတြ႕ခဲ့ရတယ္လို့ ေျပာၾကားခဲ့ပါတယ္။Gertzဟာ ထိုေဒသမွာရွိတဲ့ကၽြဲႏြားေတြဟာ အေသေကာင္ေတြကိုပါ စားၾကတာေၾကာင့္ အဆိုပါႏြားမကအရိုးဝါးစားေနခဲ့တာလို့ဘဲ ထင္ေနခဲ့ၿပီး ႏြားမနားပိုမိုနီးကပ္စြာသြားၾကည့္လိုက္ေတာ့ ႏြားမရဲ့ပါးစပ္ထဲရွိခ်ိတ္ဆြဲထားတဲ့အရာက သဲစပါးအုံးေႁမြ ျဖစ္ေနမွန္း သိခဲ့ရပါတယ္။

ထို့ေနာက္ Gertz ကလည္း ပုံမွန္အတိုင္းႏြားမကို ဓါတ္ပုံရိုက္ကူးေနစဥ္အတြင္း ႏြားမရဲ့ပုံမွန္မဟုတ္တဲ့အစာဟာေသသြားၿပီးေနာက္ ထိုေနရာမွ ႏြားမကထြက္သြားခဲ့ပါတယ္။ဒါေၾကာင့္ အဆိပ္မရွိတဲ့ သဲစပါးအုံးေႁမြဟာ ႏြားရဲ့ပါးစပ္ထဲမွာ ဘာလို့အဆုံးသတ္ခံခဲ့တာလဲ ၿပီးေတာ့ ႏြားကေႁမြကိုအေႏွာင့္အယွက္ေပးတဲ့အတြက္ေၾကာင့္ သူ႔လၽွာကိုကိုက္လို့ရတာဘဲ လို့ Gertz ဟာ သူရဲ့ရိုးရွင္းထင္ျမင္ခ်က္ကို ေမးျမန္းခဲ့ပါတယ္။

အျခားတစ္ဖက္က သဘာဝသမိုင္းပညာရွင္ Angus Emmott က အေနာက္ Queensland ျပည္နယ္မွ ႏြားစားက်က္ေတြကို တိရိစၧာန္သားေကာင္မ်ားႏွင့္ကၽြဲႏြားေသေကာင္မ်ားကိုသာ ေကၽြးၾကေၾကာင္း ေျပာျပခဲ့ၿပီး”သူတို့ခႏၶာကိုယ္က လိုအပ္တယ္လို့အခ်က္ျပလာရင္ သူတို့က ဒီတိုင္းဘဲဖမ္းစားၾကတယ္”လို့ဆိုထားပါတယ္။ဒါေၾကာင့္ ေႁမြတစ္ေကာင္ကိုဝါးစားတဲ့ ႏြားမတစ္ေကာင္ဟာ Gertz အတြက္ပုံမွန္မဟုတ္နိုင္ေၾကာင္း ဟုေဒသခံႏြားေမြးျမဴေရးႏွင့္သဘာဝသမိုင္းပညာရွင္ Angus Emmott ကေျပာၾကားခဲ့ပါတယ္။အဆိုပါႏြားမဟာ သူရဲ့အစာအာဟာရကိုျဖည့္စြက္ရန္ႀကိဳးပမ္းေနၿပီး Protein and Trace အာဟာရႏွစ္မ်ိဳးလုံးအတြက္ေႁမြကိုဝါးမ်ိဳျခင္းျဖစ္နိုင္တယ္ လို့ဘဲ Gertz က ေကာက္ခ်က္ခ်ခဲ့ပါတယ္။

Mia (Mckzone Daily)

Source : elitereaders

Unicode

မြွေတစ်ကောင်ရဲ့ခေါင်းကို ပုံမှန်စားနေကျ့အစာအတိုင်း ဝါးစားနေခဲ့တဲ့ နွားမကြီး

ဩစတြေးလျနိုင်ငံမြောက်ပိုင်းရှိ Andrew Gertz အမည်ရှိတဲ့စက်ပြင်ဆရာအမျိုးသားတစ်ဦးဟာနွားမတစ်ကောင်က သဲစပါးအုံးမြွေရဲ့ခေါင်းကို ဝါးစားနေတဲ့ ရှားပါးဓာတ်ပုံတွေကိုရိုက်ယူနိုင်ခဲ့ပါတယ်။ Queensland မြောက်ပိုင်း၊ Camooweal ဇာတိ ဖြစ်တဲ့ Andrew Gertz ဟာ လူသူကင်းမဲ့တဲ့ Sandover အဝေးပြေးလမ်းတလျှောက်ကားမောင်းနေစဉ် မြောက်ဘက်နယ်မြေရဲ့ Lake Nash ဘူတာမှကီလိုမီတာ ၃၀၀ အကွာမှာရှိတဲ့လမ်းဘေးရှိ ထူးခြားဆန်းကြယ်တဲ့မြင်ကွင်းတစ်ခုကို တွေ့ခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။Gertzဟာ ထိုဒေသမှာရှိတဲ့ကျွဲနွားတွေဟာ အသေကောင်တွေကိုပါ စားကြတာကြောင့် အဆိုပါနွားမကအရိုးဝါးစားနေခဲ့တာလို့ဘဲ ထင်နေခဲ့ပြီး နွားမနားပိုမိုနီးကပ်စွာသွားကြည့်လိုက်တော့ နွားမရဲ့ပါးစပ်ထဲရှိချိတ်ဆွဲထားတဲ့အရာက သဲစပါးအုံးမြွေ ဖြစ်နေမှန်း သိခဲ့ရပါတယ်။

ထို့နောက် Gertz ကလည်း ပုံမှန်အတိုင်းနွားမကို ဓါတ်ပုံရိုက်ကူးနေစဉ်အတွင်း နွားမရဲ့ပုံမှန်မဟုတ်တဲ့အစာဟာသေသွားပြီးနောက် ထိုနေရာမှ နွားမကထွက်သွားခဲ့ပါတယ်။ဒါကြောင့် အဆိပ်မရှိတဲ့ သဲစပါးအုံးမြွေဟာ နွားရဲ့ပါးစပ်ထဲမှာ ဘာလို့အဆုံးသတ်ခံခဲ့တာလဲ ပြီးတော့ နွားကမြွေကိုအနှောင့်အယှက်ပေးတဲ့အတွက်ကြောင့် သူ့လျှာကိုကိုက်လို့ရတာဘဲ လို့ Gertz ဟာ သူရဲ့ရိုးရှင်းထင်မြင်ချက်ကို မေးမြန်းခဲ့ပါတယ်။

အခြားတစ်ဖက်က သဘာဝသမိုင်းပညာရှင် Angus Emmott က အနောက် Queensland ပြည်နယ်မှ နွားစားကျက်တွေကို တိရိစ္ဆာန်သားကောင်များနှင့်ကျွဲနွားသေကောင်များကိုသာ ကျွေးကြကြောင်း ပြောပြခဲ့ပြီး”သူတို့ခန္ဓာကိုယ်က လိုအပ်တယ်လို့အချက်ပြလာရင် သူတို့က ဒီတိုင်းဘဲဖမ်းစားကြတယ်”လို့ဆိုထားပါတယ်။ဒါကြောင့် မြွေတစ်ကောင်ကိုဝါးစားတဲ့ နွားမတစ်ကောင်ဟာ Gertz အတွက်ပုံမှန်မဟုတ်နိုင်ကြောင်း ဟုဒေသခံနွားမွေးမြူရေးနှင့်သဘာဝသမိုင်းပညာရှင် Angus Emmott ကပြောကြားခဲ့ပါတယ်။အဆိုပါနွားမဟာ သူရဲ့အစာအာဟာရကိုဖြည့်စွက်ရန်ကြိုးပမ်းနေပြီး Protein and Trace အာဟာရနှစ်မျိုးလုံးအတွက်မြွေကိုဝါးမျိုခြင်းဖြစ်နိုင်တယ် လို့ဘဲ Gertz က ကောက်ချက်ချခဲ့ပါတယ်။

Mia (Mckzone Daily)

Source : elitereaders

  • Leave a Comment