




credit – Myanmarload

Unicode

ချစ်ခင်ပွန်းရဲ့ကြင်နာယုယ ဂရုစိုက်မှုတွေကြောင့်နေ့ရက်တိုင်း အမြဲပျော်ရွှင်ကြည်နူးနေရတဲ့ ယွန်းဝတီလွင်မိုး

ခေးလေးလို့ ပရိသတ်တွေက ချစ်စနိုးနဲ့ခေါ်ဆိုကြတဲ့ သရုပ်ဆောင် မင်းသမီးချောလေး ယွန်းဝတီလွင်မိုးကတော့ ချစ်ရတဲ့ မိသားစုကို ဖန်တီးတည်ဆောက်ထားသူလည်း ဖြစ်ပါတယ်။ သူမဟာ လက်ရှိမှာလည်း ဩစတေးလျနိုင်ငံတွင် ခင်ပွန်းဖြစ်သူနဲ့အတူ ကျောင်းသွားတက်ကာ အနာဂတ်မှာ သားလေးကို တင့်တောင်းတင့်တယ် ထားနိုင်အောင် ပညာသင်ကြားနေတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာလည်း ခေးလေးဟာ အရေးကြီးတဲ့ စာမေးပွဲဖြေကြားနေတာကြောင့် လတ်တလော လူမှုကွန်ယက်တွေ သိပ်အသုံးမပြုသေးဘဲ စာကိုသာ သေချာ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ သူ့ကို လွမ်းနေတဲ့ ပရိသတ်တွေအတွက်တော့ မကြာသေးခင် မိနစ်ပိုင်းလောက်က ခေးလေးရဲ့ Instagram လူမှုကွန်ယက်မှာ ပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။

ခေးလေးကလည်း စာလုပ်ပြီးလို့ နားတဲ့ အချိန်လေးမှာ ချစ်ခင်ပွန်းနဲ့အတူ ဓာတ်ဖမ်းထားတဲ့ ပုံလေးကလည်း သိပ်ကို ချစ်စရာကောင်းလွန်းနေတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ချစ်ခင်ပွန်းရဲ့ကြင်နာယုယ ဂရုစိုက်မှုတွေကြောင့်နေ့ရက်တိုင်း အမြဲပျော်ရွှင်ကြည်နူးနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်လို့ရအောင် ခေးလေးရဲ့ ပုံရိပ်လေးတွေကို တစ်ဆင့် ပြန်လည်ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Yunwaddy

credit – Myanmarload

  • Leave a Comment