ဖခင္ျဖစ္သူရဲ႕ ေျခရာကိုနင္းႏိုင္ဖို႔ ၾကိဳးစားေနတဲ့ Arnold ရဲ႕သား Joseph Baena

မင္းသားၾကီး အာႏိုး(Arnold Schwarzenegger)ကိုေတာ့ ရုပ္ရွင္ခ်စ္ပရိသတ္ေတာ္ေတာ္မ်ားမ်ား သိရွိၾကျပီး ျဖစ္မွာပါ။ ကၽြန္ေတာ့္တို႔ ငယ္ငယ္တုန္းကဆိုရင္ မင္းသားၾကီး အာႏိုးရဲ႕ အက္ရွင္ဇာတ္ကားေတြကိုပဲၾကည့္ျပီး ၾကီးျပင္းလာခဲ့ရတာပဲ ျဖစ္ပါတယ္။ အခုအခ်ိန္မွာေတာ့ ရုပ္ရွင္ေလာကကေန အနားယူသြားျပီျဖစ္တဲ့ မင္းသားၾကီးအာႏိုးရဲ႕ ေျခရာကို လိုက္နင္းႏိုင္မယ့္လူတစ္ေယာက္ေတာ့ ေပၚလာျပီပဲ ျဖစ္ပါတယ္။ အဲဒီလူကေတာ့ မင္းသားၾကီးအာႏိုးရဲ႕ အငယ္ဆံုးသားျဖစ္သူ Joseph Baena ပဲျဖစ္ေၾကာင္း People သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ သိရွိရပါတယ္။

ပံုထဲမွာေတြ႕ရတဲ့လူကေတာ့ အာႏိုးၾကီးရဲ႕ အငယ္ဆံုးသားျဖစ္သူ Joseph ပဲ ျဖစ္ပါတယ္။ Joesph ဟာ သူ႔ရဲ႕ ၾကြက္သားေတြ အသားေပးရိုက္ထားတဲ့ ပံုေတြကို မၾကာခဏ သူ႔ရဲ႕ IG မွာ ပို႔စ္တင္ေလ့ ရွိပါတယ္။ Joesph ရဲ႕ မ်က္ႏွာေပါက္လည္း အာႏိုးၾကီးနဲ႔ ဆင္တာေၾကာင့္ ဒီထက္ၾကြက္သားေတြပိုထြက္ျပီး ပိုၾကီးလာရင္ အာႏိုးၾကီးရဲ႕ ပရိသတ္ေတြကေတာ့ Joseph ကို ငယ္ရြယ္ႏုပ်ိဳတဲ့ အာႏိုးၾကီးတစ္ေယာက္အျဖစ္ ထပ္မံေတြ႕ျမင္ႏိုင္ရမွာပဲ ျဖစ္ပါတယ္။ Joseph တစ္ေယာက္ အသက္ ၂၃ ႏွစ္ျပည့္ေမြးေန႔တုန္းကလည္း အာႏိုးၾကီးဟာ သူ႔ရဲ႕ သားေမြးေန႔အတြက္ ဂုဏ္ယူေၾကာင္း၊ တစ္ေန႔က်ရင္ သူ႔ရဲ႕ပံုစံလိုမ်ိဳး Joseph တစ္ေယာက္ ျဖစ္လာမယ္လို႔ ယံုၾကည္ေၾကာင္း အစရွိသျဖင့္ သူ႔ရဲ႕သား Joseph ဓာတ္ပံုကို ပို႔စ္အျဖစ္နဲ႔ သူ႔ရဲ႕ IG မွာ တင္ခဲ့ပါေသးတယ္။

အမွန္တစ္ကယ္ေတာ့ Joseph ဟာ အာႏိုးၾကီးရဲ႕ အိမ္မွာ ႏွစ္ေပါင္းမ်ားစြာ လုပ္ကိုင္လာခဲ့တဲ့ အိမ္အကူ Mildred Baena နဲ႔ ရရွိခဲ့တဲ့ သားတစ္ေယာက္ျဖစ္ပါတယ္။ ဒီလိုမ်ိဳး အိမ္ေဖာ္တစ္ေယာက္နဲ႔ ေဖာက္ျပန္ျပီး ကိုယ္ဝန္ရခဲ့လို႔လည္း အာႏိုးရဲ႕ ဇနီးေဟာင္းျဖစ္သူ Maria Shriver, သားျဖစ္သူေတြျဖစ္တဲ့ အသက္ ၂၇ ႏွစ္အရြယ္ Patrick နဲ႔ အသက္ ၂၃ ႏွစ္အရြယ္ Christopher, သမီးျဖစ္သူေတြျဖစ္တဲ့ အသက္ ၃၀ အရြယ္ Katherine နဲ႔ အသက္ ၂၉ ႏွစ္အရြယ္ Christina တို႔က အာႏိုးၾကီးကို စြန္႔ခြာသြားခဲ့တာပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ မၾကာေသးခင္က အာႏိုးၾကီးရဲ႕ အသက္ ၇၃ ႏွစ္ေျမာက္ေမြးေန႔မွာေတာ့ ဇနီးေဟာင္းျဖစ္သူ Maria နဲ႔ သားသမီး ၄ ေယာက္ဟာ အာႏိုးၾကီးဆီကို ျပန္လာခဲ့ျပီး သူ႔တို႔အေဖရဲ႕ ေမြးေန႔ပြဲကို ကိတ္ခြဲျပီး ေပ်ာ္ေပ်ာ္ရႊင္ရႊင္ က်င္းပခဲ့ပါေသးတယ္။

credit – shwemom

Unicode

ဖခင်ဖြစ်သူရဲ့ ခြေရာကိုနင်းနိုင်ဖို့ ကြိုးစားနေတဲ့ Arnold ရဲ့သား Joseph Baena

မင်းသားကြီး အာနိုး(Arnold Schwarzenegger)ကိုတော့ ရုပ်ရှင်ချစ်ပရိသတ်တော်တော်များများ သိရှိကြပြီး ဖြစ်မှာပါ။ ကျွန်တော့်တို့ ငယ်ငယ်တုန်းကဆိုရင် မင်းသားကြီး အာနိုးရဲ့ အက်ရှင်ဇာတ်ကားတွေကိုပဲကြည့်ပြီး ကြီးပြင်းလာခဲ့ရတာပဲ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ ရုပ်ရှင်လောကကနေ အနားယူသွားပြီဖြစ်တဲ့ မင်းသားကြီးအာနိုးရဲ့ ခြေရာကို လိုက်နင်းနိုင်မယ့်လူတစ်ယောက်တော့ ပေါ်လာပြီပဲ ဖြစ်ပါတယ်။ အဲဒီလူကတော့ မင်းသားကြီးအာနိုးရဲ့ အငယ်ဆုံးသားဖြစ်သူ Joseph Baena ပဲဖြစ်ကြောင်း People သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

ပုံထဲမှာတွေ့ရတဲ့လူကတော့ အာနိုးကြီးရဲ့ အငယ်ဆုံးသားဖြစ်သူ Joseph ပဲ ဖြစ်ပါတယ်။ Joesph ဟာ သူ့ရဲ့ ကြွက်သားတွေ အသားပေးရိုက်ထားတဲ့ ပုံတွေကို မကြာခဏ သူ့ရဲ့ IG မှာ ပို့စ်တင်လေ့ ရှိပါတယ်။ Joesph ရဲ့ မျက်နှာပေါက်လည်း အာနိုးကြီးနဲ့ ဆင်တာကြောင့် ဒီထက်ကြွက်သားတွေပိုထွက်ပြီး ပိုကြီးလာရင် အာနိုးကြီးရဲ့ ပရိသတ်တွေကတော့ Joseph ကို ငယ်ရွယ်နုပျိုတဲ့ အာနိုးကြီးတစ်ယောက်အဖြစ် ထပ်မံတွေ့မြင်နိုင်ရမှာပဲ ဖြစ်ပါတယ်။ Joseph တစ်ယောက် အသက် ၂၃ နှစ်ပြည့်မွေးနေ့တုန်းကလည်း အာနိုးကြီးဟာ သူ့ရဲ့ သားမွေးနေ့အတွက် ဂုဏ်ယူကြောင်း၊ တစ်နေ့ကျရင် သူ့ရဲ့ပုံစံလိုမျိုး Joseph တစ်ယောက် ဖြစ်လာမယ်လို့ ယုံကြည်ကြောင်း အစရှိသဖြင့် သူ့ရဲ့သား Joseph ဓာတ်ပုံကို ပို့စ်အဖြစ်နဲ့ သူ့ရဲ့ IG မှာ တင်ခဲ့ပါသေးတယ်။

အမှန်တစ်ကယ်တော့ Joseph ဟာ အာနိုးကြီးရဲ့ အိမ်မှာ နှစ်ပေါင်းများစွာ လုပ်ကိုင်လာခဲ့တဲ့ အိမ်အကူ Mildred Baena နဲ့ ရရှိခဲ့တဲ့ သားတစ်ယောက်ဖြစ်ပါတယ်။ ဒီလိုမျိုး အိမ်ဖော်တစ်ယောက်နဲ့ ဖောက်ပြန်ပြီး ကိုယ်ဝန်ရခဲ့လို့လည်း အာနိုးရဲ့ ဇနီးဟောင်းဖြစ်သူ Maria Shriver, သားဖြစ်သူတွေဖြစ်တဲ့ အသက် ၂၇ နှစ်အရွယ် Patrick နဲ့ အသက် ၂၃ နှစ်အရွယ် Christopher, သမီးဖြစ်သူတွေဖြစ်တဲ့ အသက် ၃၀ အရွယ် Katherine နဲ့ အသက် ၂၉ နှစ်အရွယ် Christina တို့က အာနိုးကြီးကို စွန့်ခွာသွားခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် မကြာသေးခင်က အာနိုးကြီးရဲ့ အသက် ၇၃ နှစ်မြောက်မွေးနေ့မှာတော့ ဇနီးဟောင်းဖြစ်သူ Maria နဲ့ သားသမီး ၄ ယောက်ဟာ အာနိုးကြီးဆီကို ပြန်လာခဲ့ပြီး သူ့တို့အဖေရဲ့ မွေးနေ့ပွဲကို ကိတ်ခွဲပြီး ပျော်ပျော်ရွှင်ရွှင် ကျင်းပခဲ့ပါသေးတယ်။

credit – shwemom

  • Leave a Comment