




credit – Myanmarload

Unicode

သမီးကြီးရဲ့ မွေးနေ့အထိန်းအမှတ်အနေနဲ့ မြန်မာနိုင်ငံကနေ အလှူအတန်းအကြီးကြီးပြုလုပ်ပေးခဲ့တဲ့ နိုင်းနိုင်း

ချစ်ပရိသတ်ကြီးရေ နိုင်းနိုင်းကတော့ ယောက်ျားပီသပြီး တည်ကြည်ခန့်ညားတဲ့ရုပ်ရည်နဲ့ မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့အပြင် အရပ်ရှည်ပြီး တောင့်တင်းကျစ်လျစ်တဲ့ Body အချိုးအစားနဲ့ နိုင်းနိုင်းက နိုင်ငံခြားမင်းသားတစ်ဦးလို့တောင် အထင်မှားရလောက်ပါတယ်နော်။ အနုပညာအလုပ်တွေကို လုပ်ကိုင်လာခဲ့တာ နှစ်အတော်ကြာအောင်ရှိနေခဲ့ပြီလည်း ဖြစ်ပါတယ်။

နှစ်တွေအကြာကြီးပြောင်းလဲလာပေမယ့် မပြောင်းလဲတဲ့နုပျိုခြင်းတွေကို ပိုင်ဆိုင်ထားတဲ့ နိုင်းနိုင်းက အခုချိန်အထိ လူငယ်လေးတစ်ယောက်လို အရွယ်တင်နေဆဲ ဖြစ်ပါတယ် ။ နိုင်းနိုင်းဟာ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားနိုင်တာဖြစ်ပြီး ပရိသတ်တွေကလည်း သူ့ရဲ့ မိသားစုဘဝလေးကို ကြည့်ကာ အားကျနေရတာအမှန်ပါပဲ။

လတ်တလောမှာတော့ သမီးလေးရဲ့မွေးနေ့လေးကို အမှတ်တရအနေနဲ့ အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ရာ အလှူအမှတ်တရပုံရိပ်လေးတွေကိုလည်းဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြခဲ့တာတွေ့ရပါတယ် ။ပုံလေးတွေကြည့်ပြီး ကြည်နူးပီတိဖြစ်မိတာကြောင့် ပရိသတ်ကြီးလည်း သာဓုခေါ်နိုင်စေရန် မျှဝေပေးလိုက်ပါတယ် ။

Source and Photo Credit : Actor 99

credit – Myanmarload

  • Leave a Comment