




credit – Myanmarload

Unicode

ဖခင်ဖြစ်တဲ့ ဦးရင်ဂိုကိုယ်တိုင်လက်စွမ်းပြပြီး ညှပ်ပေးလိုက်တဲ့ ဆံပင်ပုံစံအသစ်နဲ့မိုက်‌နေတဲ့ဟန်ထူးလွင်

ပရိသတ်ကြီးရေ……ဂီတလောကမှာ ဆယ်စုနှစ်တစ်ခုတိုင်အောင်ထိ ရပ်တည်အောင်မြင်နေပြီး ကိုယ်ပိုင်အနုပညာဖန်တီးမှုတွေနဲ့ ပရိသတ်တွေရဲ့ အားပေး၀န်းရံမှုကို အပြည့်အ၀ရရှိနေတဲ့ ဟန်ထူးလွင်(ခ)ကျားပေါက်ကို သိကြမယ်ထင်ပါတယ်။ သူဟာ သီချင်းကောင်းတွေကို ကိုယ်တိုင်ရေး၊ကိုယ်တိုင်သီဆိုတတ်တဲ့အပြင် music producerတစ်ယောက်အနေနဲ့လည်း အောင်မြင်စွာရပ်တည်နေတဲ့သူပါ။

ဟန်ထူးလွင်ဟာ သမီးလေးနှစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားတာဖြစ်ပြီး သမီးလေးတွေဟာလည်း အရမ်းချစ်စရာကောင်းကြပါတယ်။ ဟန်ထူးလွင်ဟာ အခုလက်ရှိမှာဆိုရင် The Voice Myanmarပြိုင်ပွဲမှာ ဒိုင်တစ်ဦးအနေနဲ့ လုပ်ဆောင်နေတာလည်းဖြစ်ပြီး Cinematicus ဆိုတဲ့ သီချင်း albumလည်းထွက်ရှိထားတာဖြစ်ပါတယ်….။

ဟန်ထူးလွင်ဟာ နာမည်ကျော်အဆိုတော်ကြီး ဦးရင်ဂိုရဲ့သားလည်းဖြစ်ပြီးတော့ ဖခင်ခြေရာနင်းနိုင်တဲ့ အနုပညာရှင်တစ်ယောက်ပါ။ အခုဆိုရင်လည်း ကျားပေါက်ဟာ အပြင်သွားခါနီးမှာ ဦးရင်ဂိုရဲ့လက်စွမ်းပြပြီး ဆံပင်ညှပ်ပေးနေတဲ့ပုံလေးတွေကို တင်ပေးလာပါတယ်။ ကဲ…..ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source and photo credit- Han Htue Lwin

credit – Myanmarload

  • Leave a Comment