




credit – Myanmarload

Unicode

ပင်ပင်ပန်းပန်းဆန်အိတ်ထမ်းသယ်နေတဲ့ ဇနီးချောလေးကိုဓာတ်ပုံလေးရိုက်ကာ ဆေးထိုးစနောက်လိုက်တဲ့ ဒိန်းဒေါင်

ပရဟိတလုပ်ငန်းတွေကို ကြိုးစားပမ်းစား လုပ်ကိုင်နေသူကတော့ ဟာသ သရုပ်ဆောင် ဒိန်းဒေါင်ပဲ ဖြစ်ပါတယ်။ သူဟာ ချွန်တွန်း ပရဟိတအဖွဲ့ကို တည်ထောင်ထားကာ ချစ်ရတဲ့ ဟာသလူရွှင်တော် ညီအစ်ကိုတွေနဲ့အတူ လိုအပ်တဲ့ ပြည်သူတွေအတွက် မနားမနေ ကူညီဆောင်ရွက်ပေးနေတာလည်း ဖြစ်ပါတယ်။ ဒီလို သူတစ်ပါးအပေါ် ကူညီချင်တဲ့ စိတ်ထားလေးကြောင့်လည်း သူလုပ်ကိုင်တဲ့ လုပ်ငန်းမှန်သမျှ အောင်မြင်နေတာလည်း ဖြစ်ပါတယ်။

ဒိန်းဒေါင်ဟာ မိသားစုအပေါ်မှာလည်း တာဝန်ကျေပွန်တဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ဦးလည်း ဖြစ်ပါတယ်။ ဇနီးဖြစ်သူကလည်း သူနဲ့အတူ မောင်တစ်ထမ်းမယ်တစ်ရွက်နဲ့ ပရဟိတ အလုပ်တွေ တူတူဝိုင်းဝန်းကူညီပေးနေတာကြောင့်လည်း ကျေနပ်ပီတိ ဖြစ်နေတာလည်း ဖြစ်ပါတယ်။ မနေ့ကလည်း ဒိန်းဒေါင်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။

ဒါကတော့ ဆန်အိတ်တွေပင်ပင်ပန်းပန်းထမ်းသယ်နေတဲ့ ဇနီးချောလေးကိုဓာတ်ပုံလေးရိုက်ကာအမိအရမှတ်တမ်းတင်ထားတဲ့ ပုံလေးတွေပဲ ဖြစ်ပါတယ်။ ဒိန်းဒေါင်ကလည်း ” ဘူလေးလဲ သနားပါတယ်မလုပ်ရင်အိမ်ပေါ်ကဆင်းဆိုလို့” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေလည်း ကြည့်ရှုနိုင်အောင် ဒီပုံလေးတွေကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Dain Daung

credit – Myanmarload

  • Leave a Comment