




credit – Myanmarload

Unicode

၂၃ပတ်ရှိပြီဖြစ်တဲ့ ဗိုက်လုံးလုံးလေးကို ကိုင်ကာ အလှမလျှော့သွားတဲ့ ရေကူးကန်ထက်က ပုံလေးတွေကို ဝေမျှလာတဲ့ မိုးယုစံ

ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချော မိုးယုစံကတော့ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာဖြစ်ပြီး အနုပညာလှုပ်ရှားမှုတွေကို ခေတ္တရပ်နားထားသူပါ။ သူမက အရာရာကို အလိုလိုက်ပြီး ကြင်နာဂရုစိုက်တဲ့ ခင်ပွန်းကောင်းကို ရရှိပိုင်ဆိုင်ထားပြီး သူမနဲ့တူတဲ့ သားလိမ္မာလေးကိုလည်း မွေးဖွားထားတာပါ။ ဒါ့အပြင် သူမရဲ့ ဗိုက်ထဲမှာ ရင်သွေးလေးကိုလည်း လွယ်ထားရပါသေးတယ်။

ကိုယ်ဝန်ကြောင့် အနုပညာလှုပ်ရှားမှုတွေကို ရပ်နားထားတဲ့ မိုးယုက ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုတော့ ဆက်တိုက်ရရှိနေဆဲပါ။ မိုးယုကလည်း ပရိသတ်တွေ အလွမ်းပြေကြည့်ရှုစေဖို့အတွက် သူမရဲ့ ပုံရိပ်လေးတွေကို ဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။ ယနေ့မှာလည်း ဗိုက်လုံးလုံးလေးနဲ့ ရေကူးကန်ထက်မှာ ပိုစ့်ပေးနေတဲ့ ပုံလေးတွေကို တင်ပေးလာပြန်ပါတယ်။

မိုးယုက ဗိုက်လုံးလုံးလေးနဲ့တောင် ပြစ်ချက်မရှိလှရက်လွန်းနေတာဖြစ်ပြီး ” 23weeks သားသားကိုလည်းထိန်းရင်း အမှတ်တရအဖြစ် မှတ်တမ်းတင် ” ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားပါသေးတယ်။ ရင်သွေးလေးကို လွယ်ထားရတဲ့ ခေးမေမေ မိုးယုရဲ့ ရေကူးကတ်ထက်က အလှပုံရိပ်လေးတွေကို ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှု အချစ်ပိုမိမှာ အသေအချာပဲမို့ ပြန်လည်ဝေမျှပေးလိုက်ပါရစေနော်……။

Source and Photo credit – Moe Yu San

credit – Myanmarload

  • Leave a Comment