ပိုင္ေဇရဲထြန္းရဲ႕ခ်စ္ဇနီးေလး ဇင္သဲႏိုင္ကိုယ္တိုင္လုပ္ၿပီး လက္ေဆာင္ေပးတဲ့ေမြးေန႔ကိတ္ကိုၾကည့္ကာ သေဘာေတြက်ေနတဲ့ စည္သူေမာင္

သ႐ုပ္ေဆာင္ မင္းသားေခ်ာ စည္သူေမာင္ကေတာ့ ေယာက္်ားပီသတဲ့႐ုပ္ရည္မ်ိဳးကို ပိုင္ဆိုင္ထားၿပီး တည္ၾကည္ခန္႔ညားေနတာ ျဖစ္ပါတယ္ ။ Presenter အျဖစ္လည္း ေအာင္ျမင္ေနတဲ့ စည္သူေမာင္က အႏုပညာအလုပ္ေတြကို ျဖည္းျဖည္းမွန္မွန္လုပ္ကိုင္ေနတာ ျဖစ္ပါတယ္ ။ ဒါ့အျပင္ ေပါင္းသင္းဆက္ဆံေရးေကာင္းတဲ့ စည္သူေမာင္က မိတ္ေဆြေပါမ်ားသလို မင္းသားေခ်ာေလးပိုင္ေဇရဲထြန္းနဲ႔ဆိုရင္လည္း အရမ္းရင္းႏွီးတဲ့ BFF ေတြပဲ ျဖစ္ပါတယ္ ။

စည္သူေမာင္က သူငယ္ခ်င္းပိုင္ေဇရဲထြန္းနဲ႔သာမက သူ႔ရဲ႕မိသားစုေလးနဲ႔ပါ ခင္မင္ေနတာလည္း ျဖစ္ပါတယ္ ။ စည္သူေမာင္နဲ႔ ပိုင္ေဇရဲထြန္းတို႔မိသားစုကေတာ့ ခရီးေတြလည္း အတူထြက္ၾကသလို တစ္ေယာက္ကိုတစ္ေယာက္ အၿမဲတမ္းစေနာက္ရင္း မိသားစုေတြပမာ ခ်စ္ခင္ရင္းႏွီးေနၾကတာပဲ ျဖစ္ပါတယ္။ အခုလည္း ပိုင္ေဇရဲထြန္းရဲ႕ခ်စ္ဇနီးေလး ဇင္သဲႏိုင္က စည္သူေမာင္အတြက္ ေမြးေန႔ကိတ္လွလွေလးတစ္လုံးကို ကိုယ္တိုင္လုပ္ၿပီး လက္ေဆာင္ေပးခဲ့တာ ျဖစ္ပါတယ္ ။

ဒါေၾကာင့္ စည္သူေမာင္က “November Birthday Boy က်ေနာ္တို႔ညီအစ္ကိုအတြက္ အလန္းစား ေမြးေန႔ကိတ္ေလး လက္ေဆာင္ေပးတဲ့ မသဲ Zin Thae Naing ေရ ေက်းဇူးပါဗ်ာ My Taste by THAE ရဲ႕ ကိတ္မုန္႔လည္း အရမ္းစားေကာင္း ပုံေလးကလည္း ကြၽန္ေတာ့္အႀကိဳက္ ” ဆိုၿပီးတင္ထားတာ ျဖစ္ပါတယ္ ။ စည္သူေမာင္ကေတာ့ ဇင္သဲႏိုင္ေပးတဲ့ေမြးေန႔ကိတ္ကို အရမ္းသေဘာက်ေနတာျဖစ္ၿပီး မိသားစုနဲ႔အတူ ေမြးေန႔ပြဲက်င္းပခဲ့ေသးတာ ျဖစ္ပါတယ္ ။ ကဲ ခ်စ္ပရိသတ္ေတြအတြက္ စည္သူေမာင္ရဲ႕ပုံရိပ္ေတြကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Source and Photo Credit-Si Thu Maung

credit – Myanmarload

Unicode

ပိုင်ဇေရဲထွန်းရဲ့ချစ်ဇနီးလေး ဇင်သဲနိုင်ကိုယ်တိုင်လုပ်ပြီး လက်ဆောင်ပေးတဲ့မွေးနေ့ကိတ်ကိုကြည့်ကာ သဘောတွေကျနေတဲ့ စည်သူမောင်

သရုပ်ဆောင် မင်းသားချော စည်သူမောင်ကတော့ ယောက်ျားပီသတဲ့ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားပြီး တည်ကြည်ခန့်ညားနေတာ ဖြစ်ပါတယ် ။ Presenter အဖြစ်လည်း အောင်မြင်နေတဲ့ စည်သူမောင်က အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ကိုင်နေတာ ဖြစ်ပါတယ် ။ ဒါ့အပြင် ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့ စည်သူမောင်က မိတ်ဆွေပေါများသလို မင်းသားချောလေးပိုင်ဇေရဲထွန်းနဲ့ဆိုရင်လည်း အရမ်းရင်းနှီးတဲ့ BFF တွေပဲ ဖြစ်ပါတယ် ။

စည်သူမောင်က သူငယ်ချင်းပိုင်ဇေရဲထွန်းနဲ့သာမက သူ့ရဲ့မိသားစုလေးနဲ့ပါ ခင်မင်နေတာလည်း ဖြစ်ပါတယ် ။ စည်သူမောင်နဲ့ ပိုင်ဇေရဲထွန်းတို့မိသားစုကတော့ ခရီးတွေလည်း အတူထွက်ကြသလို တစ်ယောက်ကိုတစ်ယောက် အမြဲတမ်းစနောက်ရင်း မိသားစုတွေပမာ ချစ်ခင်ရင်းနှီးနေကြတာပဲ ဖြစ်ပါတယ်။ အခုလည်း ပိုင်ဇေရဲထွန်းရဲ့ချစ်ဇနီးလေး ဇင်သဲနိုင်က စည်သူမောင်အတွက် မွေးနေ့ကိတ်လှလှလေးတစ်လုံးကို ကိုယ်တိုင်လုပ်ပြီး လက်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ် ။

ဒါကြောင့် စည်သူမောင်က “November Birthday Boy ကျနော်တို့ညီအစ်ကိုအတွက် အလန်းစား မွေးနေ့ကိတ်လေး လက်ဆောင်ပေးတဲ့ မသဲ Zin Thae Naing ရေ ကျေးဇူးပါဗျာ My Taste by THAE ရဲ့ ကိတ်မုန့်လည်း အရမ်းစားကောင်း ပုံလေးကလည်း ကျွန်တော့်အကြိုက် ” ဆိုပြီးတင်ထားတာ ဖြစ်ပါတယ် ။ စည်သူမောင်ကတော့ ဇင်သဲနိုင်ပေးတဲ့မွေးနေ့ကိတ်ကို အရမ်းသဘောကျနေတာဖြစ်ပြီး မိသားစုနဲ့အတူ မွေးနေ့ပွဲကျင်းပခဲ့သေးတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် စည်သူမောင်ရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source and Photo Credit-Si Thu Maung

credit – Myanmarload

  • Leave a Comment