ဒီေန႔မနက္မွာပဲ အသည္းေရာဂါနဲ႔ဆုံးပါးသြားတဲ့ ဇာတ္ပို႔ဇာတ္ရံသ႐ုပ္ေဆာင္ ဂ်ာရစ္

ပရိသတ္ႀကီးေရ အခု(၂၀၂၀) ခုႏွစ္ကေတာ့ ပရိသတ္အခ်စ္ေတာ္အႏုပညာရွင္ေတြေတာ္ေတာ္မ်ားမ်ား ေႂကြလႊင့္ေနတဲ့ႏွစ္လို႔ ဆိုရမွာပါ။ အမ်ိဳးမ်ိဳးေသာအေၾကာင္းတရားေတြနဲ႔ ေၾကလႊင့္သြားၾကတဲ့ အႏုပညာရွင္ေတြရဲ႕သတင္းကို စိတ္မေကာင္းစြာ ၾကားသိေနရသလို ဇာတ္ပို႔ဇာတ္ရံအႏုပညာရွင္တစ္ေယာက္ျဖစ္သူ ဂ်ာရစ္ ဒီေန႔မနက္မွာပဲ အသည္းေရာဂါနဲ႔ ဆုံးပါးသြားၿပီလို႔ သိရပါတယ္။

ဂ်ာရစ္ကိုေတာ့ ေနထူးႏိုင္ရဲ႕ဇာတ္ကားေတာ္ေတာ္မ်ားမ်ားထဲမွာ ပရိသတ္ေတြရင္းႏွီးခဲ့ၾကမွာျဖစ္သလို ပရိသတ္ေတြကေတာ့ ေနထူးႏိုင္ရဲ႕ လုပ္ေဖာ္ကိုင္ဖက္တစ္ေယာက္ဆုံးရႈံးလိုက္ရၿပီျဖစ္ေၾကာင္းလည္း ဝမ္းနည္းစြာ မွတ္ခ်က္ေပးခဲ့ပါတယ္။ ဂ်ာရစ္ကေတာ့ လတ္တေလာ ထုတ္လႊင့္ျပသေနတဲ့ ကေမာၻဇဓားသမားဇာတ္လမ္းတြဲမွာလည္း အေကာင္းဆုံးပါဝင္သ႐ုပ္ေဆာင္ထားသလို မင္းသမီးမႉးသခင္ကေတာ့ ဇာတ္ကားထဲမွာ သူ႔ကို ေတာင္ရွည္ပုဆိုးဝတ္ဖို႔ အၿမဲကူညီေပးတတ္တဲ့ စိတ္ထားေကာင္းၿပီး ေပ်ာ္ေပ်ာ္ေနတတ္သူတစ္ေယာက္ျဖစ္တဲ့ ဂ်ာရစ္အတြက္ ဝမ္းနည္းစကားဆိုခဲ့ၿပီး ေကာင္းရာမြန္ရာေရာက္ဖို႔ ဆုေတာင္းေပးခဲ့ပါတယ္။

ဂ်ာရစ္ေကဝိုင္းေလးနဲ႔ ကိုဂ်ာရစ္ကိုေတာ့ ပရိသတ္ရင္ထဲ အၿမဲရွိေနမွာ ျဖစ္သလို အခုလို ေစာေစာစီးစီး ထြက္ခြာသြားတာေၾကာင့္လည္း မိသားစုနဲ႔ထပ္တူ ဝမ္းနည္းမိပါတယ္။ အမ်ားကို ကူညီတတ္ၿပီး စိတ္ထားေကာင္းမြန္သူတစ္ေယာက္မို႔ ေကာင္းရာမြန္ရာေရာက္ပါေစလို႔ ဆယ္လီကမာၻမွ ဆုေတာင္းေပးလိုက္ပါတယ္ ကိုဂ်ာရစ္ေရ..

Source- Hmue Thakhin
credit – Cele Gabar

Unicode

ဒီနေ့မနက်မှာပဲ အသည်းရောဂါနဲ့ဆုံးပါးသွားတဲ့ ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင် ဂျာရစ်

ပရိသတ်ကြီးရေ အခု(၂၀၂၀) ခုနှစ်ကတော့ ပရိသတ်အချစ်တော်အနုပညာရှင်တွေတော်တော်များများ ကြွေလွှင့်နေတဲ့နှစ်လို့ ဆိုရမှာပါ။ အမျိုးမျိုးသောအကြောင်းတရားတွေနဲ့ ကြေလွှင့်သွားကြတဲ့ အနုပညာရှင်တွေရဲ့သတင်းကို စိတ်မကောင်းစွာ ကြားသိနေရသလို ဇာတ်ပို့ဇာတ်ရံအနုပညာရှင်တစ်ယောက်ဖြစ်သူ ဂျာရစ် ဒီနေ့မနက်မှာပဲ အသည်းရောဂါနဲ့ ဆုံးပါးသွားပြီလို့ သိရပါတယ်။

ဂျာရစ်ကိုတော့ နေထူးနိုင်ရဲ့ဇာတ်ကားတော်တော်များများထဲမှာ ပရိသတ်တွေရင်းနှီးခဲ့ကြမှာဖြစ်သလို ပရိသတ်တွေကတော့ နေထူးနိုင်ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဆုံးရှုံးလိုက်ရပြီဖြစ်ကြောင်းလည်း ဝမ်းနည်းစွာ မှတ်ချက်ပေးခဲ့ပါတယ်။ ဂျာရစ်ကတော့ လတ်တလော ထုတ်လွှင့်ပြသနေတဲ့ ကမ္ဘောဇဓားသမားဇာတ်လမ်းတွဲမှာလည်း အကောင်းဆုံးပါဝင်သရုပ်ဆောင်ထားသလို မင်းသမီးမှူးသခင်ကတော့ ဇာတ်ကားထဲမှာ သူ့ကို တောင်ရှည်ပုဆိုးဝတ်ဖို့ အမြဲကူညီပေးတတ်တဲ့ စိတ်ထားကောင်းပြီး ပျော်ပျော်နေတတ်သူတစ်ယောက်ဖြစ်တဲ့ ဂျာရစ်အတွက် ဝမ်းနည်းစကားဆိုခဲ့ပြီး ကောင်းရာမွန်ရာရောက်ဖို့ ဆုတောင်းပေးခဲ့ပါတယ်။

ဂျာရစ်ကေဝိုင်းလေးနဲ့ ကိုဂျာရစ်ကိုတော့ ပရိသတ်ရင်ထဲ အမြဲရှိနေမှာ ဖြစ်သလို အခုလို စောစောစီးစီး ထွက်ခွာသွားတာကြောင့်လည်း မိသားစုနဲ့ထပ်တူ ဝမ်းနည်းမိပါတယ်။ အများကို ကူညီတတ်ပြီး စိတ်ထားကောင်းမွန်သူတစ်ယောက်မို့ ကောင်းရာမွန်ရာရောက်ပါစေလို့ ဆယ်လီကမ္ဘာမှ ဆုတောင်းပေးလိုက်ပါတယ် ကိုဂျာရစ်ရေ..

Source- Hmue Thakhin
credit – Cele Gabar

  • Leave a Comment