




credit – Myanmarload

Unicode

သားငယ်လေးနှစ်ယောက်ကို အရမ်းချစ်သလို သမီးကြီးလေးကိုလည်း မလျော့တဲ့မေတ္တာတွေနဲ့ ထပ်တူချစ်ပေးတဲ့ ဖေဖေထူးအယ်လင်း

အဆိုတော်ကြီးထူးအယ်လင်းကတော့ တေးသီချင်းလောကမှာ နေရာတစ်နေရာကနေရပ်တည်နေပြီး အသံပါဝါကောင်းကောင်းကို ပိုင်ဆိုင်ထားပါတယ်နော်။ထူးအယ်လင်းရဲ့အသံကို ပရိသတ်တွေက အရမ်းကြိုက်နှစ်သက်ကြလို့ သူ့ရဲ့သီချင်းတိုင်းက အောင်မြင်နေတာဖြစ်ပါတယ်။ထူးအယ်လင်းက လက်ရှိမှာဆိုရင်တော့ သူ့ရဲ့အဖွဲ့သားတွေနဲ့အတူ ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံလုပ်ဆောင်နေတာဖြစ်ပါတယ်။

ထူးအယ်လင်းတို့အဖွဲ့က ပရဟိတအဖွဲ့တွေသိပ်မရောက်ကြတဲ့ နေရာဒေသတွေအထိ ခက်ခက်ခဲခဲသွားပြီးတော့ ကူညီကြတာဖြစ်ပါတယ်။ထူးအယ်လင်းက ‌ပျော်ရွှင်စရာမိသားစုလေးကိုပိုင်ဆိုင်ထားပြီး သားနှစ်ယောက်နဲ့သမီးကြီးလေးကိုလည်း အားတိုင်းအချိန်ပေးဖြစ်ပါတယ်နော်။ထူးအယ်လင်းရဲ့ကလေးသုံးယောက်လုံးကလည်း ချစ်မွေးအပြည့်ပါကြလို့ လူချစ်လူခင်ပေါများကြပါတယ်။

အခုဆိုရင်တော့ ထူးအယ်လင်းက”ဒါ အယ်ကြီးကို ချည်နိုင်တဲ့ ချုပ်နိုင်တဲ့ ကြိုးတွေ…. သမီးကြီး ဖြူဖြူစင်စင်လင်း(ခ)နော်ဘားဘီဘွဲ့မှူးဖေါ၊ သားကြီး မြူးဇစ်လင်း(ခ)လင်းပီး၊ သားငယ် မင်းဇင်လင်း(ခ)ရှန်းဟင် ကျွန်တော် ကလေးသုံးယောက်ဖေဖေဗျ ဟဟ ဟူး း း း း ဇ”ဆိုပြီး ကလေးသုံးယောက်လုံးက သူ့ရဲ့သံယောဇဉ်လေးတွေဖြစ်တာကို ရေးသားလာတာဖြစ်ပါတယ်။ထူးအယ်လင်း‌ကတော့ ဖခင်မေတ္တာအပြည့်နဲ့ ကလေးသုံယောက်လုံးကို ထပ်တူထပ်မျှချစ်တဲ့ ဖခင်တစ်ယောက်ဖြစ်ပါတယ်နော်။

Source and Photo Credit:Htoo El Lynn

credit – Myanmarload

  • Leave a Comment