




credit – Myanmarload

Unicode

မွေးနေ့တစ်ထပ်တည်းကျပြီး ရက်တူတဲ့စိုးမြတ်ကလျာတို့မောင်နှမကို ဆုမွန်ကောင်းတွေတစ်ဝကြီးတောင်းပေးလိုက်တဲ့ ချစ်မေမေ

တစ်ချိန်က အနုပညာလောကမှာ အတော်လေးကိုလွှမ်းမိုးခဲ့တဲ့သူတွေကတော့ စိုးမြတ်သူဇာ၊ စိုးမြတ်ကလျာနဲ့ စိုးမြတ်နန္ဒာတို့ညီအစ်မသုံးယောက်ပဲ ဖြစ်ပါတယ် ။ စိုးညီအစ်မတွေလို့ ချစ်စနိုးနဲ့ခေါ်ဝေါ်ကြတဲ့ သူမတို့က ထူးခြားတဲ့အလှစစ်တွေကို ကိုယ်စီပိုင်ဆိုင်ထားကြတာ ဖြစ်ပါတယ်။ စိုးမြတ်သူဇာနဲ့ စိုးမြတ်နန္ဒာတို့ကတော့ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်ခဲ့ပေမယ့် စိုးမြတ်ကလျာကတော့ အနုပညာလောကကနေ အနားယူခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း စိုးမြတ်ကလျာကို ပရိသတ်တွေသတိတရရှိပြီး အမြဲတမ်း ချစ်ခင်အားပေးနေကြဆဲ ဖြစ်ပါတယ် ။ ဒီနေ့နိုဝင်ဘာလ (၆) ရက်နေ့လေးကတော့ စိုးမြတ်ကလျာနဲ့ စိုးသူရမောင်တို့မောင်နှမရဲ့မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ် ။ ဒါကြောင့်မိခင်ဖြစ်တဲ့ စိုးကြည်ဖြူက သူမတို့မောင်နှမနှစ်ယောက်အတွက် ဆုမွန်ကောင်းတွေတစ်ဝကြီး တောင်းပေးထားတာ ဖြစ်ပါတယ် ။

မေမေစိုးကြည်ဖြူက “၆.၁၁.၇၃ သမီးလတ် စိုးမြတ်ကလျာ(မလေး),၆.၁၁.၇၆ သားလတ်စိုးသူရနိုင်(မောင်မောင်) မွေးနေ့တစ်ထပ်တည်း ရက်တူကြတဲ့သမီးလတ်နဲ့သားလတ်တို့ ယနေ့ကျရောက်တဲ့ မွေးနေ့မှအစပြု၍ မွေးနေ့နှစ်တစ်ရာတိုင်ပါစေ။ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ကြပါစေ။ ဘုန်းကြီးပြီးအသက်ရှည်ကြပါစေ။ လိုရာဆန္ဒပြည့်ဝကြပါစေ။ ချစ်တဲ့ဖေဖေ၊ မေမေ၊ မကြီး မဒီနှင့် တူလေးမြတ်သောမောင်၊ တူမလေးခေတ်သခင်စိုးမိသားစု” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် စိုးမြတ်ကလျာရဲ့ပုံရိပ်လေးတွေကိုလည်း အလွမ်းပြေပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source and Photo Credit-Soe Kyi Phyu

credit – Myanmarload

  • Leave a Comment