





credit – Myanmarload

Unicode

သူ့ရဲ့မွေးနေ့လေးမှာပဲ ချစ်ရသူလေးနဲ့အတူ မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးခဲ့တဲ့ ဘုန်းလျှံရဲ့ ကြည်နူးစရာဗီဒီယိုလေး

ပရိသတ်ကြီးရေ မင်းသားချောဘုန်းလျှံကတော့ အနုပညာလောကမှာ နေရာတစ်နေရာရရှိခဲ့တဲ့ မင်းသားချောလည်းဖြစ်ပြီးတော့ ဗီဒီယိုဇာတ်ကားများပေါင်းများစွာကို ရိုက်ကူးခဲ့သူလည်းဖြစ်ပါတယ်။ ဘုန်းလျှံဟာ ပြစ်မှုကျခံခဲ့ရပေမယ့် အခုအချိန်မှာတော့ သူ့ရဲ့ အနုပညာအလုပ်တွေကိုရော စီးပွားရေးလုပ်ငန်းတွေပါ သေချာအာရုံစိုက်ပြီး လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်နော်…..။

ဘုန်းလျှံဟာ အခုလက်ရှိမှာဆိုရင်လည်း ကိုယ်ပိုင်စီးပွားရေးလေးကို တစ်နိုင်တပိုင်လုပ်ဆောင်နေတာလည်းဖြစ်ပြီးတော့ ချစ်ရသူလေးနဲ့အတူငါးပါတူးရောင်းချတာလည်းဖြစ်ပါတယ်။ ဘုန်းလျှံတို့စုံတွဲလေးဟာ စေ့စပ်ထားကြတာဖြစ်ပြီး ဒီနေ့လေးမှာတော့ နှစ်ဦးသဘော အများရှေ့မှောက်မှာ တရား၀င်လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်နော်…..။

ဒါ့ပြင်ဒီနေ့လေးဟာ မင်းသားချောဘုန်းလျှံရဲ့မွေးနေ့ရက်မြတ်လေးဖြစ်ပြီးတော့ သူ့ရဲ့မွေးနေ့လေးမှာပဲ မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးခဲ့တာလည်းဖြစ်ပါတယ်။ မကြာသေးမီကလည်း ဘုန်းလျှံဟာ သူ့ရဲ့Facebookစာမျက်နှာကနေ သူတို့နှစ်ဦးရဲ့ မင်္ဂလာလက်မှတ်ရေးထိုးပွဲလေးကို Liveလွှင့်ခဲ့တာလည်းဖြစ်ပါတယ်။ ကဲ……ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source and video Credit-Bhone Hlyan

Photo credit-Bhone Hlyan

credit – Myanmarload

  • Leave a Comment