







Source – Myanmarload

Unicode

အသားစားငါးအချင်းချင်းတောင် အငမ်းမရပြန်သတ်စားတဲ့ ရက်စက်လွန်းသောငါးမျိုးစိတ် Vampire fish

ဒီငါးကတော့ နာမည်ကြားရုံတင် ကြောက်စရာကောင်းတဲ့ ငါးတစ်မျိုးပဲ ဖြစ်ပါတယ်။ဒီငါးတွေဟာ အားပြင်းတဲ့ အသားစားငါးတစ်မျိုးဖြစ်ပီး သူတို့ရဲ့ ခန္ဓာကိုယ်တစ်ဝက်လောက်ရှိတဲ့ ငါးတွေကိုတောင် အငမ်းမရအားရပါးရ စားနိုင်းကြပါတယ်။

ဒီငါးတွေဟာ ၄ ပေခန့်မျှသာရှည်လျှားသော်လည်း အသားစားငါးတွေကိုတောင် ပြန်စားနိုင်ကြပြီး အလွန်ကြမ်းတမ်းတဲ့ ၀မ်းဗိုက်နီ သားစားငါးတွေကိုယ်တောင် စားနိုင်တဲ့ငါးတွေဖြစ်ပါတယ်။ဒါကြောင့်လဲ ဒီငါးတွေအရမ်းဟာ ကြမ်းတမ်းပြီး အရမ်းကိုသန်စွမ်းနေတာဖြစ်ပါတယ်။

ဒီငါးတွေရဲ့ ကြမ်းကြုတ်လွန်းတာကို ကိုယ်စားပြုပြီး သူတို့ရဲ့နာမည်ကလည်း Vampire Fish ခေါ် သွေးစုပ်ငါး ဆိုပြီး ဖြစ်လာခဲ့တာပါ။ဒီငါးတွေရဲ့ အောက်မေးရိုးက အစွယ်နှစ်ချောင်းဟာ ၆ လက်မ လောက်ရှိပြီး သူတို့အစာရှာဖွေတဲ့နေရာမှာ ဒီအစွယ်တွေနဲ့ သားကောင်ကို ထိုးပြီး သတ်စားကြတာပဲဖြစ်ပါတယ်။

ဒါ့အပြင် ဒီငါးတွေရဲ့ အပေါ်မေးရိုးပေါ်မှာ အပေါက်တွေလည်းပါပြီး ဒီအပေါက်တွေဟာ ရန်သူနဲ့တိုက်ခိုက်ချိန်မှာ သူတို့ခန္ဓာကိုယ်ထဲ ထိုးမသွင်းနိုင်အောင် ဟန်တားထားနိုင်သလိုဖြစ်ပီး ကာကွယ်ပေးပါသေးတယ်။အမြင်နဲ့တင် ကြောက်စရာကောင်းလှတဲ့ ဒီငါးတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုကတော့ တကယ့်ကို ထိတ်လန့်စရာပါပဲ။

Source – Myanmarload

  • Leave a Comment