




credit – Myanmarload

Unicode

မင်္ဂလာဦးညမှာကြိုးတားပြီး မုန့်ဖိုးတောင်းကြတဲ့သူတွေကို (၁)သောင်းတန်တွေ ရက်ရက်ရောရောပေးခဲ့တဲ့စည်ဖြိုးတို့ဇနီးမောင်နှံရဲ့ဗီဒီယို

သရုပ်ဆောင်မင်းသားချောလေး စည်ဖြိုးကတော့ ယနေ့နိုဝင်ဘာလ (၅) ရက်နေ့မှာပဲ သူအရမ်းချစ်ရတဲ့ ချစ်သူလေးခင်လွှမ်းနဲ့အတူ လက်ထပ်လိုက်ပြီပဲ ဖြစ်ပါတယ် ။ ချစ်သူဘဝကတည်းက ပရိသတ်တွေကိုအသိပေးပြီး Official တွဲခဲ့ကြတဲ့ စည်ဖြိုးတို့စုံတွဲလေးက ကိုယ်ဝန်ရလာတဲ့အခါမှာလည်း ဝမ်းသာစရာသတင်းလေးကို ပြောပြခဲ့ကြတာ ဖြစ်ပါတယ် ။ မကြာသေးခင်ကလည်း စည်ဖြိုးတို့စုံတွဲက Pre Wedding ပုံရိပ်တွေကို ရိုက်ကူးခဲ့ကြတာဖြစ်ပြီး ဒီနေ့မှာတော့ မင်္ဂလာလက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ် ။

စည်ဖြိုးနဲ့ ခင်လွှမ်းတို့က အခုဆိုရင် အိမ်ထောင်သည်ဘဝလေးကို စတင်တည်ဆောက်ရတော့မှာပဲ ဖြစ်ပါတယ် ။ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတဲ့ သူတို့ဇနီးမောင်နှံရဲ့နှစ်ကိုယ်တူဘဝလေးကလည်း သာယာစိုပြေနေမယ်ဆိုတာ ပြောစရာမလိုလောက်အောင်ကို အသေအချာပါပဲနော်။ အခုညမှာတော့ စည်ဖြိုးတို့ဇနီးမောင်နှံက ဆွဲကြိုးတားတဲ့မိသားစုဝင်တွေကို မုန့်ဖိုးပေးခဲ့ကြတာ ဖြစ်ပါတယ် ။

စည်ဖြိုးနဲ့ခင်လွှမ်းတို့စုံတွဲက သူတို့ဆီကနေ မုန့်ဖိုးတောင်းကြတဲ့သူတွေကို ပိုက်ဆံ(၁) သောင်းတန်တွေ ပေးခဲ့ကြတာ ဖြစ်ပါတယ် ။ ဒီအခိုက်အတန့်လေးကိုတော့ စည်ဖြိုးက ဗီဒီယိုလေးရိုက်ကူးထားသလို အားလုံးကလည်း မင်္ဂလာဦးဇနီးမောင်နှံအတွက် ဆုမွန်ကောင်းတောင်းပေးခဲ့ကြတာ ဖြစ်ပါတယ် ။ ကဲ မင်္ဂလာဦးညမှာ ပျော်ရွှင်စရာအမှတ်တရလေးတွေ ဖန်တီးခဲ့ကြတဲ့ စည်ဖြိုးနဲ့ခင်လွှမ်းတို့ဇနီးမောင်နှံရဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source and Video Credit-Si Phyo

credit – Myanmarload

  • Leave a Comment