




credit – Myanmarload

Unicode

ဒီနေ့မှာကျင်းပတဲ့ စည်ဖြိုးနဲ့ခင်လွှမ်းတို့ရဲ့မင်္ဂလာဦးဆွမ်းကျွေးပွဲလေးကို တက်ရောက်ချီးမြှင့်ရင်း အပျော်တွေကူးစက်နေတဲ့ ဖူးပွင့်သခင်

မင်းသမီးချောလေး ဖူးပွင့်သခင်ကတော့ ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူးရင်း အောင်မြင်နေတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ် ။ လူချစ်လူခင်ပေါများတဲ့ ဖူးပွင့်သခင်က အနုပညာမောင်နှမတွေအားလုံးနဲ့လည်း ရင်းနှီးချစ်ခင်စွာနေထိုင်တတ်သူလေး ဖြစ်ပါတယ် ။ ဖူးပွင့်သခင်က မင်းသားချောလေးစည်ဖြိုးနဲ့ဆိုရင်လည်း အရမ်းကိုရင်းနှီးတဲ့ အနုပညာမောင်နှမတွေ ဖြစ်ပါတယ် ။

ဒါကြောင့် ဖူးပွင့်သခင်က ဒီနေ့မနက်မှာ ကျင်းပပြုလုပ်တဲ့ သရုပ်ဆောင်စည်ဖြိုးရဲ့မင်္ဂလာဆွမ်းကျွေးပွဲလေးကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ် ။ စည်ဖြိုးနဲ့ ခင်လွှမ်းတို့စုံတွဲလေးကတော့ လူကြီးမိဘတွေအ‌ရှေ့မှာ နှစ်ဦးသဘောတူလက်မှတ်ရေးထိုးရင်း မင်္ဂလာဦးဆွမ်းကျွေးပွဲကိုပါ ကျင်းပခဲ့ကြတာ ဖြစ်ပါတယ် ။ ဒီပွဲလေးကိုတော့ အနုပညာအသိုင်းအဝိုင်းကလူတွေ တော်တော်များများ တက်ရောက်ခဲ့ကြတာပဲ ဖြစ်ပါတယ် ။

အခုလည်း ဖူးပွင့်သခင်က “5.11.2020. ကိုကြီးစည်ဖြိုးနဲ့ မခင်လွှမ်းတို့ရဲ့ မင်္ဂလာဆွမ်းကျွေး” ဆိုပြီး ပွဲကပုံရိပ်လေးတွေကို တင်ထားတာ ဖြစ်ပါတယ် ။ ဖူးပွင့်သခင်ကတော့ စည်ဖြိုးတို့ဇနီးမောင်နှံရဲ့မင်္ဂလာပွဲလေးမှာ အပျော်တွေကူးစက်ရင်း အားလုံးနဲ့ အမှတ်တရ ဓာတ်ဖမ်းခဲ့တာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် စည်ဖြိုးနဲ့ ခင်လွှမ်းရဲ့မင်္ဂလာဆွမ်းကျွေးပွဲကို တက်ရောက်ချီးမြှင့်ခဲ့တဲ့ ဖူးပွင့်သခင်ရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source and Photo Credit-“Actress Phoo Pwint Thakhin-ဖူးပွင့်သခင်

credit – Myanmarload

  • Leave a Comment