



Source – Moe Yu San

credit – Myanmarload

Unicode

ဖုန်းလေးကိုင်ပြီး စိတ်မရှည်တဲ့အသံလေးနဲ့ ပြောနေတဲ့ သားလေးကို ချစ်မဝဖြစ်ကာ အမိအရလေးရိုက်ထားတဲ့ မေမေမိုးယုစံရဲ့ဗီဒီယို

မင်းသမီးချောလေး မိုးယုစံ ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို အပြည့်အဝရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းချင်း လုပ်ကိုင်နေပြီး ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိနေတုန်းပဲ ဖြစ်ပါတယ်။ ဒါ့အပြင် မိုးယုစံက သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို တည်ဆောက်ထားပြီး ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကိုလည်း မွေးထားပါသေးတယ်။

သူမရဲ့သားလေးကလည်း မေမေမိုးယုစံနဲ့ ရုပ်ရည်တူနေပြီး သားဦးလေး ဖြစ်တာကြောင့် ဖေဖေမေမေတို့ရဲ့ အသည်းကျော်လေး တစ်ယောက်ပဲ ဖြစ်ပါတယ်။ မကြာခဏဆိုသလို မိုးယုစံက သားလေးရဲ့အသည်းယားစရာပုံလေးတွေအပြင် မိသားစုပုံလေးတွေကိုလည်း ဖော်ပြပေးပါတယ်။ ယခုမှာတော့ မေမေမိုးယုစံ က ပရိသတ်ချစ်အားပိုလောက်မယ့် သားလေးရဲ့ ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။

ဒီဗီဒီယိုလေးထဲမှာတော့ သားလေးက ဖုန်းလေးကိုင်ပြီး အသည်းယားစရာအမူအရာလေးနဲ့ ဖုန်းပြောနေတာလေးကို ချစ်မဝဖြစ်ပြီး အမိအရရိုက်ထားတာ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးနဲ့လည်း မေမေမိုးယုစံ က “မာမီ မသိအောင်ဖုန်းပြောနေတာ စိတ်ကလည်းမရှည်သေး” ဆိုပြီး ရေးသားထားပါတယ်။ ကဲ…ပရိသတ်ကြီးရေ ချစ်စရာအမူအရာလေးတွေနဲ့ ဖုန်းပြောနေတဲ့ မိုးယုစံရဲ့ သားလေး ဗီဒီယိုလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source – Moe Yu San

credit – Myanmarload

  • Leave a Comment