




credit – Myanmarload

Unicode

Tiktok အဆော့ကောင်းလို့ မိခင်ဖြစ်သူရဲ့ ဆူတာကို ခံလိုက်ရတဲ့ ချမ်းမီမီကိုရဲ့ ဗီဒီယိုဖိုင်

ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီး ချမ်းမီမီကိုကတော့ အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးကွာခဲ့တာ အတော်ကြာပြီဖြစ်ပြီး ယခုအချိန်မှာ တဖန် ပရိသတ်ရင်ထဲ ဝင်ရောက်လာခဲ့ပြန်ပါပြီနော်။ သူမက ဗီဒီယိုဇာတ်ကားအတော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ပီပြင်တဲ့ သရုပ်ဆောင်မှုတွေနဲ့ ပရိသတ်တွေရဲ့ အချစ်ကို အခိုင်အမာရရှိထားတာလည်း ဖြစ်ပါတယ်။

မျက်နှာလေးက ကလေးဆန်ပြီး ချစ်စရာကောင်းတဲ့အပြင် ကိုယ်လုံးလေးကလည်း ကျစ်လျစ်သွယ်လျတာကြောင့် ပုရိသတို့အသည်းစွဲ အားပေးချစ်ခင်ရတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ခဲ့ပါတယ်နော်။ ယခုအချိန်မှာတော့ ချမ်းမီမီကိုက သားသားလေးတစ်ယောက့နဲ့အတူ ဘဝရဲ့ လောကဓံကို ကြံကြံခံရင်ဆိုင်နေတာဖြစ်ပြီး အပြုံးမပျက်ပဲ ပရိသတ်တွေအတွက် အသစ်သစ်သော အနုပညာလှုပ်ရှားမှုတွေကို ချပြလေ့ရှိနေတာပါ။

ယနေ့မှာတော့ ချမ်းမီမီကိုက သူမရဲ့ လူမှုကွန်ယက် စာမျက်နှာထက်မှာ ” အမေကTV ကြည့်ရင်းမုန့်စားနေတာ ဟဲ့နင်က လန့်တာဟယ်တဲ့ ” ဆိုတဲ့ စာသားလေးနဲ့အတူ Tiktok ဗီဒီယိုလေးတစ်ခုကို တင်ပေးလာတာပါ။ ဒါကတော့ ချမ်းမီမီကိုက စကားများတဲ့ သူကို ရန်တွေ့နေတဲ့ ပုံစံလေး ဆော့ကစားထားတဲ့Tiktokလေးဖြစ်တာကြောင့် ကြည့်မိသူတိုင်း အချစ်ပိုမိစေမှာ အသေအချာပဲဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်….. ။

Source and Photo credit – Chan Me Me Ko

credit – Myanmarload

  • Leave a Comment