




credit – Myanmarload

Unicode

နှစ်ဘက်မိဘဆွေမျိုးတွေရဲ့ရှေ့မှောက်မှာမင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးပွဲလေးကျင်းပခဲ့ကြတဲ့ စည်ဖြိုးနဲ့ခင်လွှမ်းတို့ရဲ့ Video လေး

ဒီကနေ့မှာတော့ ပရိသတ်တွေချစ်ကြတဲ့ မင်းသား စည်ဖြိုးနဲ့ မော်ဒယ် ခင်လွှမ်းတို့ရဲ့ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲကို နှစ်ဘက်မိဘတွေရဲ့ ရှေ့မှောက်မှာ ကျင်းပပြုလုပ်နေကြပြီပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ နှစ်အတော်ကြာ တစ်ယောက်နဲ့တစ်ယောက် သစ္စာရှိရှိနဲ့ လက်တွဲခဲ့ကြပြီး အားလုံးကလည်း သဘောတူခဲ့ကြတာပဲ ဖြစ်ပါတယ်။

သူတို့နှစ်ယောက်ရဲ့ ရင်သွေးလေးဟာလည်း မကြာခင်မှာ လူ့လောကထဲကို ရောက်ရှိလာတော့မယ် ဖြစ်တာကြောင့်လည်း ကြည်နူးပျော်ရွှင်နေကြတာလည်း ဖြစ်ပါတယ်။ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲကိုတော့ လတ်တလောဖြစ်ပွားနေတဲ့ ရောဂါအခြေအနေတွေကြောင့် အနုပညာရှင်မောင်နှမတစ်ချို့ကို ဖိတ်ကြားပြီး ရန်ကုန်မြို့ လေးထောင့်ကန်လမ်းမပေါ်မှာ တည်ရှိတဲ့ ဘုန်းကြီးကျောင်းတစ်ခုမှာ အကျဉ်းရုံး ကျင်းပပြုလုပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

မကြာသေးခင် မိနစ်ပိုင်းလောက်ကလည်း ခင်လွှမ်းရဲ့ မိတ်ကပ်ဆရာမဖြစ်သူ စိုးစိုးက သူမရဲ့ Facebook Story မှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ သံဃာတော်များရှေ့တွင် တရားနာယူနေကြတာလေးကို ဗီဒီယိုလေး ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုနိုင်စေရန်အတွက် ဒီဗီဒီယိုလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Soe Soe’s and Khin Hlwan

credit – Myanmarload

  • Leave a Comment