ဂုဏ္ပကာသနေတြကို ေဘးခ်ိတ္ထားၿပီး ပရဟိတအဖြဲ႕သားေတြနဲ႔အတူ လမ္းေပၚမွာ ထမင္းထုပ္ခ်စားကာ တစ္ေသြးတည္းတစ္သားတည္းရွိေၾကာင္း ျပသလာတဲ့ G

ႏိုင္ငံေက်ာ္သီခ်င္းဆိုၿပိဳင္ပြဲျဖစ္တဲ့ The Voice Myanmar Season (3) မွာ ပါဝင္ယွဥ္ၿပိဳင္ေနတဲ့ ၿပိဳင္ပြဲဝင္ G ကိုေတာ့ ပရိသတ္ႀကီးကို ေထြေထြထူးထူး မိတ္ဆက္ေပးစရာမလိုေလာက္ဘူး ထင္ပါတယ္။ G ကေတာ့ ႏိုင္ငံေက်ာ္ ရတနာဆိုင္ပိုင္ရွင္ႀကီးနဲ႔ ႏိုင္ငံေရးပါတီေခါင္းေဆာင္ မိဘႏွစ္ပါးက ဆင္းသက္ေပါက္ဖြားလာသူတစ္ေယာက္ျဖစ္ေပမယ့္ သူမရဲ႕ ဘဝကို ႐ိုး႐ိုးရွင္းရွင္းသာ ျဖတ္သန္းေနသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း ခ်မ္းသာေပမယ့္ ဂုဏ္ပကာသကာကင္းတဲ့ G ကို ခ်စ္ခင္အားေပးၾကလ်က္ရွိပါတယ္။

လက္ရွိမွာေတာ့ G က ေစတနာ့ဝန္ထမ္းအျဖစ္ ပါဝင္လုပ္ေဆာင္ေနတာျဖစ္ၿပီး သူမရဲ႕ ဘဝကို ေန႔ေရာညပါ ပရဟိတအလုပ္ေတြအေပၚမွာလည္း ျမႇပ္ႏွံထားတာ ျဖစ္ပါတယ္။ G ကေတာ့ သူမဘယ္ကလာတယ္ ဘယ္လိုႀကီးျပင္းလာတယ္ဆိုတဲ့ ေက်ာ္ၾကားမႈေတြကို ေဘးခ်ိတ္ထားၿပီး ပရဟိတအဖြဲ႕သားေတြနဲ႔အတူတူ လမ္းေပၚမွာ ထမင္းခ်စားရင္း တစ္ေသြးတည္းတစ္သားတည္းရွိေနပုံကို “တကယ္ေတာ့ဘဝက ေနတတ္ရင္ ေပ်ာ္စရာႀကီးပါ” ဆိုၿပီး သူမရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ မွ်ေဝေပးလာပါတယ္။

G ကေတာ့ The Voice Myanmar Knock Out Week မွာလည္း ဆက္လက္ယွဥ္ၿပိဳင္ဖို႔ ႀကိဳးစားေနၿပီး ကိုဗစ္တင္တာေတြမွာလည္း သီခ်င္းဆိုေဖ်ာ္ေျဖ စိတ္ဓာတ္ခြန္အားေပးေနသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးကလည္း G ကို ဒီထက္မက ပိုခ်စ္ၿပီး အားေပးၾကဖို႔ မေမ့ပါနဲ႔ေနာ္။ ဖတ္ရႈေပးတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: G
credit – Cele Connections

Unicode

ဂုဏ်ပကာသနတွေကို ဘေးချိတ်ထားပြီး ပရဟိတအဖွဲ့သားတွေနဲ့အတူ လမ်းပေါ်မှာ ထမင်းထုပ်ချစားကာ တစ်သွေးတည်းတစ်သားတည်းရှိကြောင်း ပြသလာတဲ့ G

နိုင်ငံကျော်သီချင်းဆိုပြိုင်ပွဲဖြစ်တဲ့ The Voice Myanmar Season (3) မှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ ပြိုင်ပွဲဝင် G ကိုတော့ ပရိသတ်ကြီးကို ထွေထွေထူးထူး မိတ်ဆက်ပေးစရာမလိုလောက်ဘူး ထင်ပါတယ်။ G ကတော့ နိုင်ငံကျော် ရတနာဆိုင်ပိုင်ရှင်ကြီးနဲ့ နိုင်ငံရေးပါတီခေါင်းဆောင် မိဘနှစ်ပါးက ဆင်းသက်ပေါက်ဖွားလာသူတစ်ယောက်ဖြစ်ပေမယ့် သူမရဲ့ ဘဝကို ရိုးရိုးရှင်းရှင်းသာ ဖြတ်သန်းနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ချမ်းသာပေမယ့် ဂုဏ်ပကာသကာကင်းတဲ့ G ကို ချစ်ခင်အားပေးကြလျက်ရှိပါတယ်။

လက်ရှိမှာတော့ G က စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်လုပ်ဆောင်နေတာဖြစ်ပြီး သူမရဲ့ ဘဝကို နေ့ရောညပါ ပရဟိတအလုပ်တွေအပေါ်မှာလည်း မြှပ်နှံထားတာ ဖြစ်ပါတယ်။ G ကတော့ သူမဘယ်ကလာတယ် ဘယ်လိုကြီးပြင်းလာတယ်ဆိုတဲ့ ကျော်ကြားမှုတွေကို ဘေးချိတ်ထားပြီး ပရဟိတအဖွဲ့သားတွေနဲ့အတူတူ လမ်းပေါ်မှာ ထမင်းချစားရင်း တစ်သွေးတည်းတစ်သားတည်းရှိနေပုံကို “တကယ်တော့ဘဝက နေတတ်ရင် ပျော်စရာကြီးပါ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးလာပါတယ်။

G ကတော့ The Voice Myanmar Knock Out Week မှာလည်း ဆက်လက်ယှဉ်ပြိုင်ဖို့ ကြိုးစားနေပြီး ကိုဗစ်တင်တာတွေမှာလည်း သီချင်းဆိုဖျော်ဖြေ စိတ်ဓာတ်ခွန်အားပေးနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း G ကို ဒီထက်မက ပိုချစ်ပြီး အားပေးကြဖို့ မမေ့ပါနဲ့နော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: G
credit – Cele Connections

  • Leave a Comment