



Source: Yone Lay

Unicode

ထိုင်းမလေး Jessie ဆီက သူ့ရဲ့နာမည်ကို မပီတပီနဲ့ ခေါ်သံကြောင့် သဘောကျမဆုံးဖြစ်ခဲ့ရတဲ့ ယုန်လေးရဲ့ ဗီဒီယို

ယုန်လေးကတော့ ပွင့်ပွင့်လင်းလင်း ပြောဆိုနေထိုင်တတ်ပေမယ့် အတွင်းစိတ်ရင်းကတော့ ဖြူစင်သူတစ်ယောက်ဖြစ်တာကြောင့် လူချစ်လူခင်ပေါများသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ယုန်လေးက ပြည်တွင်းအနုပညာရှင်တွေနဲ့ မိသားစုဆွေမျိုးတွေလို ချစ်ခင်ရုံသာမကပဲ ပြည်ပအနုပညာရှင်ဖြစ်တဲ့ ထိုင်းမော်ဒယ်လ် သရုပ်ဆောင် Jessie နဲ့လည်း မောင်နှမသဖွယ် ရင်းနှီးသူတစ်ယောက် ဖြစ်ပါတယ်။ Jessie ကလည်း ထိုင်းနိုင်ငံမှာ လူသိများ ထင်ရှားသူတစ်ယောက်ဖြစ်ပြီး သူမရဲ့ ဗီဒီယိုလေးတွေကြောင့် မြန်မာပရိသတ်တွေနဲ့ မစိမ်းသူ ဖြစ်ပါတယ်။

Jessie က ယုန်လေးရဲ့ ကြော်ငြာအချို့နဲ့ MV တစ်ပုဒ်မှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ဖူးပြီး ယုန်လေးနဲ့ အလုပ်တွေအတူတူတွဲဖက်လုပ်ကိုင်ဖူးသူတစ်ယောက် ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ယုန်လေးက Jessie နဲ့အတူတူ သီချင်း MV ရိုက်ကူးစဉ်က အမှတ်တရ ဗီဒီယိုလေးကို မျှဝေပေးလာပြီး ထိုင်းမလေး Jessie ဆီက သူ့ရဲ့နာမည်ကို မပီတပီနဲ့ ခေါ်သံကြောင့် သဘောကျမဆုံးဖြစ်ခဲ့ရတာကို အခုလိုပဲ ပြသလာပါတယ်။

ယုန်လေးကတော့ Jessie ကို အမြဲတမ်း စနောက်ကျီစယ်လေ့ရှိပြီး jessie ကလည်း ယုန်လေးကို သူ့ရဲ့ ဆွေမျိုးသားချင်းလို သဘောထားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ယုန်လေးနဲ့ jessie တို့ရဲ့ ဗီဒီယိုလေးကို သဘောကျနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Yone Lay
credit – Cele Connections

  • Leave a Comment