မျက်နှာနှစ်ခု၊ ပါးစပ်နှစ်ပေါက်နဲ့ မျက်လုံး၎လုံးပါတဲ့ ထူးထူးဆန်းဆန်းနွားလေး
Source – Metro
credit – Myanmarload
Unicode
မျက်နှာနှစ်ခု၊ ပါးစပ်နှစ်ပေါက်နဲ့ မျက်လုံး၄လုံးပါတဲ့ ထူးထူးဆန်းဆန်းနွားလေး
Kentucky က Campbellsville ဆိုတဲ့လယ်ယာမြေမှာ Lucky ဆိုတဲ့ နွားမလေးတစ်ကောင်မွေးဖွားခဲ့ဖူးပါတယ်။ထူးဆန်းနေတာက ဒီနွားမလေးဟာ သာမန်နွားတွေနဲ့မတူပဲ မျက်နှာနှစ်ခုပါနေတာပါဘဲ။ပိုင်ရှင်တွေအနေနဲ့လည်း စစမွေးချင်တုန်းက အမွှာနွား၂ကောင်လို့ ထင်ခဲ့ပင်မဲ့ တစ်ကောင်တည်းမှန်း သိလိုက်ရတဲ့အချိန်မှာ ​တော်တော်အံ့သြသင့်ခဲ့ရပါတယ်။
မွေးဖွားချိန်မှာတော့ လယ်ပိုင်ရှင်တွေဟာ သေပီလို့ထင်ခဲ့ပေမယ့် ကံကောင်းပြီး အသက်ရှင်နေလို့ သူ့နာမည်ကို လွယ်လွယ်ကူကူဘဲ Lucky လို့ပေးလိုက်တာပါ။Lucky လေးဟာ နှာခေါင်းနှစ်ခု၊ ပါးစပ်နှစ်ပေါက်နဲ့ မျက်လုံး၄လုံး ပါပေမယ့်လည်း အလယ်က မျက်လုံး၂လုံးကတော့ မမြင်ရပါဘူး။
ဒါ့အပြင် Luck လေးဟာ လမ်းလျှောက်နိုင်ပင်မဲ့ ခြေထောက်ကတော့ သိပ်မခိုင်ပါဘူး။Lucky ဟာမွေးမွေးချင်းမှာတော့ အစာကောင်းကောင်းစားပြီး ကောင်းကောင်းနေထိုင်ခဲ့သလို ထူးဆန်းတဲ့ သူ့ကိုလာကြည့်တဲ့ လူတွေကအများအပြားပါပဲ။
သူမရဲ့သခင်တွေဖြစ်တဲ့ လယ်ပိုင်ရှင်မိသားစုကလည်း Lucky လေးမွေးဖွားလာတာဟာ သူတို့ရဲ့ ကံကောင်းမှုလို့ ဆိုခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ Lucky လေးဟာ သေဆုံးသွားခဲ့ပြီပဲ ဖြစ်ပါတယ်။Lucky လေးဟာ သူ့ဘဝတစ်လျှောက် ပိုင်ရှင်မိသားစုရဲ့ ဂရုစိုက်မှု ဖေးမမှုတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေသွားခဲ့ရပီး အခုအချိန်မှာတော့ ပိုင်ရှင်မိသားစုနဲ့ ဘဝခြားကာ အဆုံးတိုင်ခွဲခွာသွားခဲ့ပါပြီ။
Source – Metro
credit – Myanmarload
  • Leave a Comment