



Source : YoonYoon

credit – Cele Gabar

Unicode

ဗဟိုအမျီုးသမီးဆေးရုံမှ မီးဖွားခါနီးအမျိုးသမီးတွေဆီကိုသွားရောက်လှူဒါန်းခဲ့တဲ့ ယွန်းယွန်း

ယွန်းယွန်းကတော့ အသက်ငယ်ငယ်လေးနဲ့အကယ်ဒမီတွေကိုရရှိပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက်ပါ။ အခုအချိန်မှာတော့အနုပညာအလုပ်တွေကိုဆက်တိုက်လုပ်ကိုင်နေသလို ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိထားတဲ့ အနုပညာရှင်အဖြစ်ရပ်တည်နေဆဲပါ။ ယွန်းယွန်းကတော့ လိုအပ်တဲ့နေရာတွေမှာ သွားရောက်လှူဒါန်းလေ့ရှိသူပါ။

အခုလည်း ဗဟိုအမျိုးသမီးဆေးရုံကိုသွားရောက်လှူဒါန်းခဲ့တာဖြစ်ပြီး “ဒီတစ်ခေါက်တော့ မမဗိုက်တွေဆီရောက်ဖြစ်တယ်..ခုချိန်မှာ ကလေးလေးမွေးဖို့ဆေးရုံတက်ရတာတောင် အထီးကျန်ပါတယ် လူနာစောင့်တွေအများကြီးနေခွင့်မရပါဘူး မွေးခါနီးမှပေးလာတယ်ပြောတယ်!! လှူစရာနေရာတွေစဉ်းစားတဲ့အခါ “ဗဟိုအမျိုးသမီးဆေးရုံ” လေးလဲသွားလို့ရပါတယ်လို့” ဆိုပြီးတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ ရေးသားဖော်ပြလာတာပါ။ ယွန်းယွန်းကတော့ ကိုယ်တိုင်လှူဒါန်းခဲ့သလို အခြားသူတွေကိုလည်း လှူကြဖို့တိုက်တွန်းထားပါသေးတယ်။

ယွန်းယွန်းကတော့ တစ်ယောက်ကိုတစ်သောင်းစီနဲ့ အမျိုးသမီး(၂၅)ဦးကို လှူဒါန်းခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင်မွေးနေ့မှာ ထပ်မံလာရောက်မယ်လို့ဆိုထားပါသေးတယ်။ ဆထက်တံပိုးအလှူပြုနိုင်ပါစေ ယွန်းယွန်းရေ…

Source : YoonYoon

credit – Cele Gabar

  • Leave a Comment