



Source: Ma Pont

credit – Myanmarload

Unicode

သိန်းပေါင်းများစွာတန်ပြီး မိုးကုတ်ပတ္တမြားနဲ့အဖိုးတန်စိန်တွေစီခြယ်ကာပြုလုပ်ထားတဲ့ ဒေါင်းပုံစံရင်ထိုးကြီးကို လေလံအောင်သွားပြီဖြစ်တဲ့စမိုင်းလ်

ပရိသတ်အချစ်တော် မင်းသမီးချောလေး စမိုင်းလ်ကတော့ တစ်ခေတ်တစ်ချိန်တုန်းက အရမ်းကို နာမည်ကြီးအောင်မြင်ခဲ့သူလေး ဖြစ်ပါတယ် ။ အနုပညာအလုပ်တွေနဲ့ဝေးကွာခဲ့ပေမယ့်လည်း ပရိသတ်တွေရဲ့အားပေးမှုကိုရရှိခဲ့တဲ့ စမိုင်းလ်က အခုဆိုရင် ဇာတ်ကားတွေ ပြန်လည်ရိုက်ကူးနေပြီဖြစ်ပါတယ်။ လက်ရှိအချိန်မှာ စမိုင်းလ်က အများက အားကျရတဲ့မိသားစုဘဝလေးတစ်ခုကို တည်ဆောက်ထားနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ် ။

စမိုင်းလ်ရဲ့ခင်ပွန်းဖြစ်သူကလည်း သူမနဲ့မိသားစုလေးအပေါ်မှာ အစစအရာရာ တာဝန်ကျေပွန်တဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ပဲ ဖြစ်ပါတယ် ။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေနဲ့ အောင်မြင်နေတဲ့ စမိုင်းလ်တို့ဇနီးမောင်နှံက အလှူအတန်းနဲ့ပတ်သက်ရင်လည်း အင်မတန်ရက်ရက်ရောရောရှိလှတာ ဖြစ်ပါတယ် ။ လတ်တလောမှာတော့ စမိုင်းလ်က ရတနာ Live Sale တွေကိုကြည့်ရှုပြီး ဝယ်ယူအားပေးနေတာပဲ ဖြစ်ပါတယ် ။

ဒီနေ့မှာလည်း “SP Gems”က Covid ကာကွယ်ရေးအတွက်အလှူလုပ်ဖို့ ရည်ရွယ်ပြီး ရောင်းချတဲ့လေလံတင်ပွဲမှာ စမိုင်းလ်က ပတ္တမြားရင်ထိုးကြီးကို သိန်း (၃၁၀) နဲ့ ဝယ်ယူလိုက်တာပဲ ဖြစ်ပါတယ် ။ မိုးကုတ်ပတ္တမြားနဲ့ အဖိုးတန်စိန်တွေစီခြယ်ကာ ပြုလုပ်ဖန်တီးထားတဲ့ ဒေါင်းပုံစံရင်ထိုးကို စမိုင်းလ်က နောက်ဆုံးအထိလေလံဆွဲကာ အောင်နိုင်သွားတာလည်း ဖြစ်ပါတယ် ။ ဒါကြောင့် ဒီဇိုင်နာမပုံ့ကလည်း “သိန်း ၃၁၀ နဲ့ အလှူလေလံအောင်သွားတဲ့ Smile Congratulations အရမ်းဂုဏ်ယူပါတယ်ရှင့် ” ဆိုပြီး ပြောထားတာပဲ ဖြစ်ပါတယ် ။

Source: Ma Pont

credit – Myanmarload

  • Leave a Comment