




credit – Myanmarload

Unicode

သမီးလေးနှစ်ယောက်ရဲ့ရှေ့မှာတင် မီးလေးတွေတူတူထွန်းညှိပြီး ကြည်ကြည်နူးနူးနဲ့ ရိုနေကြတဲ့ ဂရေဟမ်တို့ဇနီးမောင်နှံ

အဆိုတော်ဂရေဟမ်ကတော့ သမီးချောလေးနှစ်ယောက်ကိုပိုင်ဆိုင်ထားတဲ့ ဖခင်တစ်ယောက်ဖြစ်ပါတယ်နော်။ဂရေဟမ်‌ရဲ့ သမီးချောလေးနှစ်ယောက်ကလည်း အနုပညာအလုပ်တွေလုပ်ကိုင်ကြပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ဂရေဟမ်ကလည်း သမီးနှစ်ယောက်လုံးကို အနုပညာအမွေတွေပေးပြီး သေချာသင်ကြားပြသပေးနေတဲ့ ဖခင်ကောင်းတစ်ယောက်ဖြစ်ပါတယ်နော်။

ဂရေဟမ်ကလည်း အခုချိန်ထိတိုင်အောင် အရွယ်တင်နုပျိုနေဆဲဖြစ်လို့ ငယ်ငယ်တုန်းကအတိုင်း ချောမောခန့်ညားနေဆဲဖြစ်ပါတယ်။ဂရေဟမ်တို့တစ်မိသားစုလုံးက စည်းစည်းလုံးလုံးရှိကြပြီး အေးအတူပူအမျှနဲ့ နေထိုင်ကြလို့ အရမ်းအားကျဖို့ကောင်းတဲ့ မိသားစုလေးဖြစ်ပါတယ်။ဂရေဟမ်ကလည်း အိမ်ထောင်ဦးစီးကောင်းပီပီ သမီး‌နှစ်ယောက်နဲ့ချစ်ဇနီးကို လုံခြုံနွေးထွေးတဲ့ မေတ္တာတရားတွေပေးပြီး စောင့်ရှောက်ပေးတာဖြစ်ပါတယ်နော်။

ပန်းရောင်ခြယ်နဲ့ပန်းသွန်းခြယ်တို့ ညီအစ်မနှစ်ယောက်ကလည်း လိမ္မာရေးခြားရှိပြီး ထက်မြက်တဲ့မိန်းကလေးတွေဖြစ်ပါတယ်။အခုလို သီတင်းကျွတ်အခါသမယ‌မှာတော့ ဂရေဟမ်တို့မိသားစုကလည်း ခြံဝင်းကျယ်ကြီးထဲမှာ မီးတွေလိုက်ထွန်းပြီး သီတင်းကျွတ်ပွဲတော်ကို ဆင်နွှဲခဲ့ကြတာပါနော်။ဂရေဟမ်တို့ဇနီးမောင်နှံကလည်း မီးလေးတွေတူတူထွန်းပြီး ကြည်နူးမှုအပြည့်နဲ့ရိုနေကြတဲ့ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source and Photo Credit:Pan Yaung Chel

credit – Myanmarload

  • Leave a Comment