




credit – Myanmarload

Unicode

လမ်းသွားရင်းနဲ့ ကိုယ်ဝန်သည်အမျိုးသမီးကိုတွေ့လို့ ငှက်အိမ်လေးတွေ ဝယ်ပြီးကုသိုလ်လုပ်ခဲ့တဲ့ သားဂန်းနဲ့ဘေဘီမောင်တို့စုံတွဲ

ပရိသတ်ကြီးရေ သရုပ်ဆောင်ဘေဘီမောင်ကတော့ အလုပ်ကိုအရမ်းကြိုးစားတဲ့ မင်းသမီးလေးဖြစ်ပြီး မိသားစုကိုလည်း တင့်တောင်းတင့်တယ်ထားပေးပါတယ်နော်။ဘေဘီမောင်က အစ်မကြီးအမိရာပီပီ မောင်နှမတွေကို ဂရုစိုက်ပေးပြီး သွန်သင်ဆုံးမပေးပါတယ်။ဘေဘီမောင်တို့မိသားစုလေးက စည်းစည်းလုံးလုံးရှိကြပြီး ပျော်စရာကောင်းတဲ့မိသားစုလေးဖြစ်ပါတယ်နော်။

ဘေဘီမောင်က အလှူအတန်းလည်း အရမ်းရက်ရောပြီး စိတ်သဘောထားဖြူစင်တဲ့သူလေးဖြစ်ပါတယ်နော်။ဘေဘီမောင်ရဲ့ချစ်သူ သားဂန်းကလည်း ရိုးရိုးအေးအေးနေတတ်ပြီး အပြုံးချိုချိုလေးကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။အခုဆိုရင်တော့ ဘေဘီမောင်နဲ့သားဂန်းတို့က သွားလာရင်းနဲ့ ကိုယ်ဝန်ဆောင်သည်အမျိုးသမီးကြီးကိုတွေ့လို့ ငှက်အိမ်လေးတွေအားပေးပြီး ကုသိုလ်ယူခဲ့တာဖြစ်ပါတယ်နော်။

ဘေဘီမောင်ကတော့”ဒီနေ့အပြင်သွားရင်းကိုယ်ဝန်သည် အစ်မတစ်ယောက်ကို ငှက်အိမ်လေး အားပေးပြီးကုသိုလ်ယူခဲ့တယ် အိမ်ရှေ့ကအပင်မှာလည်း ငှက်ကလေးတွေနေစရာအိမ်လေးရသွားတာပေါ့နှစ်ခါကုသိုလ်ရ ပီတိဖြစ်လိုက်တာလှူတတ်ရင် နေရာတိုင်းမှာကုသိုလ်လုပ်လို့ရပါတယ်ရှင် ကိုသားဂန်းလေး အဲ့အစ်မကို ပိုက်ဆံပေးတဲ့ပုံစံလေးကအသက်ပါနော်”ဆိုပြီး ကုသိုလ်ယူထားတဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်တွေလည်း ပီတိဖြစ်ရအောင်လို့ မျှဝေလာခဲ့တာဖြစ်ပါတယ်။

Source and Video Credit: Baby Maung

credit – Myanmarload

  • Leave a Comment