ႏွစ္ေပါင္းအေတာ္ၾကာ အတူလက္တြဲလုပ္ကိုင္လာခဲ့တဲ့ ႀကီးသူေတြကို သီတင္းကြၽတ္အခါသမယမွာ လိုက္ကန္ေတာ့ေနတဲ့ လင္းလင္း

မိတ္ကပ္ဖန္တီးရွင္ လင္းလင္းကေတာ့ ဝါရင့္အႏုပညာရွင္ႀကီးေတြနဲ႔ သိကြၽမ္းၿပီး မိတ္ကပ္​ျခယ္သေပးရသူျဖစ္လို႔ ပရိသတ္ေတြနဲ႔ တရင္းတႏွီးရွိသူပါေနာ္။ ေအာင္ျမင္ေက်ာ္ၾကားတဲ့ မိတ္ကပ္ဖန္တီးရွင္အျဖစ္ ပရိသတ္အခိုင္အမာနဲ႔ ရပ္တည္ေနသလို သ႐ုပ္ေဆာင္လည္းေကာင္းတာေၾကာင့္ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြနဲ႔ ေၾကာ္ျငာေတြလည္း ႐ိုက္ကူးေနသူပါ..။လင္းလင္းက ေဖာ္ေ႐ႊၿပီး စကားအေျပာအဆို ေျပျပစ္တာျဖစ္လို႔ ျမင္သူတိုင္းက အခ်စ္ပိုၾကတာပါ။

ပရိသတ္ေတြရဲ႕ ခ်စ္ခင္အားေပးမႈကို အခိုင္အမာရယူထားႏိုင္ခဲ့တဲ့ သူမကေတာ့ ​ Tiktokေလးေတြကိုလည္း ေဆာ့ကစားေလ့ရွိၿပီး အဆိုပါTiktokေလးေတြဟာ လူႀကိဳက္မ်ားလ်က္ရွိပါတယ္။ ယခုလို Covid ကာလမွာေတာ့ အလုပ္အကိုင္ေတြနည္းပါးေနေပမယ့္ မင္းသမီးႀကီး ထက္ထက္မိုးဦးကို မိတ္ကပ္ျခယ္သေပးရတာကို ေတြ႕ရပါတယ္။ ႏွစ္ေပါင္းအေတာ္ၾကာ အႏုပညာေလာကမွာ အတူတူလက္တြဲလုပ္ကိုင္လာခဲ့တဲ့ ထက္ထက္မိုးဦးကို လင္းလင္းက သီတင္းကြၽတ္မွာ လက္ေဆာင္ပစၥည္းေတြနဲ႔အတူ သြားေရာက္ကန္ေတာ့ခဲ့ပါေသးတယ္။

ထက္ထက္မိုးဦးအျပင္ ဆရာဂြၽန္လြင္၊မိတ္ကပ္ခင္စန္းဝင္းနဲ႔ အျခားေသာ ႀကီးသူေတြကို ကန္ေတာ့ေနတဲ့ ၾကည္ႏူးစရာပုံရိပ္ေလးေတြကို လူမႈကြန္ယက္ထက္မွာ လင္းလင္းက တင္ေပးလာတာပါ။ ပုံေလးေတြအျပင္ ” သီတင္းကြၽတ္ မွာ ေက်းဇူးရွင္ ဆရာသမားမ်ားအား ကာယကံ ဝစီကံ မေနာကံ တို႔နဲ႔ ျပစ္မွားမိသည္ရွိေသာ ရွိခိုးကန္ေတာ့ပါသည္ ” ဆိုတဲ့ စာသားေလးကိုလည္း ေရးသားထားတာျဖစ္လို႔ ခ်စ္ပရိသတ္ေတြ ၾကည့္ရႈေစႏိုင္ရန္အတြက္ ျပန္လည္တင္ဆက္ေပးလိုက္ပါရေစေနာ္…. ။

Source & Photo credit – Lin Lin

credit – Myanmarload

Unicode

နှစ်ပေါင်းအတော်ကြာ အတူလက်တွဲလုပ်ကိုင်လာခဲ့တဲ့ ကြီးသူတွေကို သီတင်းကျွတ်အခါသမယမှာ လိုက်ကန်တော့နေတဲ့ လင်းလင်း

မိတ်ကပ်ဖန်တီးရှင် လင်းလင်းကတော့ ဝါရင့်အနုပညာရှင်ကြီးတွေနဲ့ သိကျွမ်းပြီး မိတ်ကပ်​ခြယ်သပေးရသူဖြစ်လို့ ပရိသတ်တွေနဲ့ တရင်းတနှီးရှိသူပါနော်။ အောင်မြင်ကျော်ကြားတဲ့ မိတ်ကပ်ဖန်တီးရှင်အဖြစ် ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေသလို သရုပ်ဆောင်လည်းကောင်းတာကြောင့် ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ကြော်ငြာတွေလည်း ရိုက်ကူးနေသူပါ..။လင်းလင်းက ဖော်ရွှေပြီး စကားအပြောအဆို ပြေပြစ်တာဖြစ်လို့ မြင်သူတိုင်းက အချစ်ပိုကြတာပါ။

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ သူမကတော့ ​ Tiktokလေးတွေကိုလည်း ဆော့ကစားလေ့ရှိပြီး အဆိုပါTiktokလေးတွေဟာ လူကြိုက်များလျက်ရှိပါတယ်။ ယခုလို Covid ကာလမှာတော့ အလုပ်အကိုင်တွေနည်းပါးနေပေမယ့် မင်းသမီးကြီး ထက်ထက်မိုးဦးကို မိတ်ကပ်ခြယ်သပေးရတာကို တွေ့ရပါတယ်။ နှစ်ပေါင်းအတော်ကြာ အနုပညာလောကမှာ အတူတူလက်တွဲလုပ်ကိုင်လာခဲ့တဲ့ ထက်ထက်မိုးဦးကို လင်းလင်းက သီတင်းကျွတ်မှာ လက်ဆောင်ပစ္စည်းတွေနဲ့အတူ သွားရောက်ကန်တော့ခဲ့ပါသေးတယ်။

ထက်ထက်မိုးဦးအပြင် ဆရာဂျွန်လွင်၊မိတ်ကပ်ခင်စန်းဝင်းနဲ့ အခြားသော ကြီးသူတွေကို ကန်တော့နေတဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို လူမှုကွန်ယက်ထက်မှာ လင်းလင်းက တင်ပေးလာတာပါ။ ပုံလေးတွေအပြင် ” သီတင်းကျွတ် မှာ ကျေးဇူးရှင် ဆရာသမားများအား ကာယကံ ဝစီကံ မနောကံ တို့နဲ့ ပြစ်မှားမိသည်ရှိသော ရှိခိုးကန်တော့ပါသည် ” ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ချစ်ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါရစေနော်…. ။

Source & Photo credit – Lin Lin

credit – Myanmarload

  • Leave a Comment