



Source : Nay Toe

credit – Cele Gabar

Unicode

အလိုတော်ပြည့်ကျောင်းက လူနာတွေအတွက် အောက်စီဂျင်စက်လှူဒါန်းခဲ့တဲ့ နေတိုး

သရုပ်ဆောင် အကယ်ဒမီနေတိုးကတော့ မြန်မာနိုင်ငံကထိပ်တန်းမင်းသား တစ်လက်အဖြစ် ရပ်တည်လာခဲ့တာ ကြာခဲ့ပါပြီ ။ အနုပညာနဲ့ပတ်သက်ရင် အကောင်းဆုံးကြိုးစားလုပ်ဆောင်တတ်တဲ့ နေတိုးက လိုအပ်တဲ့နေရာမှာလည်း အလှူအတန်းတွေပြုဖို့စိတ်အားထက်သန်သူတစ်ယောက်ပါ။

လတ်တလောမှာလည်း ပရိသတ်တွေသာဓုခေါ်ရမယ့် အလှူတစ်ခုကို ထပ်မံပြုလုပ်ခဲ့ပြန်ပါပြီ ။ အဲဒီအလှူလေးကတော့ နိုဝင်ဘာလ (၂) ရက်နေ့ ဒီနေ့မှာ အလိုတော်ပြည့်ကျောင်းမှာအလှူကိစ္စတစ်ခုနဲ့သွားရင်း လူနာများအတွက်လိုအပ်နေတဲ့ 0xygen Concentrator အောက်စီဂျင်စက် (၁ )လုံး လှူဒါန်းခဲ့တာဖြစ်ပြီး ပရိသတ်များအားလုံး ကုသိုလ်အမျှရကြပါစေလို့လည်း ဆုမွန်ကောင်းတောင်းပေးခဲ့ပါသေးတယ် ။

ချစ်ရတဲ့ ပရိသတ်ကြီးလည်း သူ့ရဲ့အလှူကို ထပ်တူ သာဓုခေါ်ဆိုနိုင်ကြစေဖို့အတွက် အလှူပုံရိပ်တွေကိုလည်း လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို မျှဝေပေးထားပါသေးတယ် ။ ပရိသတ်ကြီးကလည်း နေတိုးရဲ့ မွန်မြတ်တဲ့အလှူလေးအတွက် သာဓုခေါ်ဆိုပေးကြပါဦးနော် ။

Source : Nay Toe
credit – Cele Gabar

  • Leave a Comment