အင္းစိန္အက်ဥ္းေထာင္မွာ ကိုဗစ္လူနာရွိလာခဲ့ရင္အဆင္သင့္ကုသႏိုင္ဖို႔အတြက္ ေငြက်ပ္သိန္း၅၀လႉဒါန္းသြားခဲ့တဲ့ ရဲတိုက္ေဖာင္ေဒးရွင္း

မင္းသားေခ်ာေလးရဲတိုက္ကေတာ့ တစ္ခ်ိန္ေအာင္ျမင္ခဲ့တဲ့ ထိပ္တန္းအႏုပညာရွင္ေတြထဲမွာ တစ္ေယာက္အပါအဝင္ျဖစ္ၿပီး သ႐ုပ္ေဆာင္ပိုင္းမွာ ေကာင္းမြန္လြန္းတာေၾကာင့္ ပရိသတ္ေတြရဲ႕ ရင္ထဲမွာ ေနရာတစ္ခုကိုရယူထားႏိုင္တဲ့ အႏုပညာရွင္တစ္ေယာက္ပဲျဖစ္ပါတယ္။ ပါဝင္သ႐ုပ္ေဆာင္တဲ့ ဇာတ္ကားတိုင္းကို အေကာင္းဆုံးနဲ႔ အပီျပင္ဆုံးသ႐ုပ္ေဆာင္လ်က္ရွိေနခဲ့တဲ့ ရဲတိုက္ကေတာ့ အႏုပညာေလာကမွာ နာမည္တစ္လုံးနဲ႔ ရပ္တည္ထားႏိုင္ခဲ့တာပဲျဖစ္ပါတယ္။

ဇာတ္ကားေတြမ်ားစြာကို ပီျပင္တဲ့ အမိုက္စားသ႐ုပ္ေဆာင္ခ်က္ေတြနဲ႔ ႐ိုက္ကူးခဲ့ၿပီး ေအာင္ျမင္ေက်ာ္ၾကားခဲ့တဲ့ ရဲတိုက္ကေတာ့ ပရိသတ္ေတြရဲ႕ ခ်စ္ခင္အားေပးမႈကို အခိုင္အမာရယူထားႏိုင္တဲ့ ျပည္သူခ်စ္အႏုပညာရွင္တစ္ေယာက္ပဲျဖစ္ပါတယ္။ ရဲတိုက္ေဖာင္ေဒးရွင္းကေတာ့ ယခုမွာ အင္းစိန္အက်ဥ္းေထာင္ေဆး႐ုံမွာ ကိုဗစ္လူနာရွိလာခဲ့ရင္အဆင္သင့္ကုသႏိုင္ဖို႔အတြက္ ေငြက်ပ္သိန္း၅၀ကိုေပးအပ္လႉဒါန္းခဲ့ပါတယ္။

“ရဲတိုက္ေဖာင္ေဒးရွင္းရဲ႕အလႉအင္းစိန္အက်ဥ္းေထာင္ေဆး႐ုံအတြက္ကိုဗစ္လူနာရွိလာခဲ့ရင္အဆင္သင့္ကုသႏိုင္ဖို႔လူနာ (၁၁)ဦး ကို တၿပိဳင္တည္းေအာက္စီဂ်င္ေပးကုသေပးႏိုင္မည့္ ေအာက္စီဂ်င္ပိုက္သြယ္တန္းျခင္း ၊အထူးၾကပ္မတ္ေစာင့္ၾကည့္ကုသႏိုင္ရန္အတြက္ ေအာက္စီဂ်င္ရရွိမႈတိုင္းတာသည့္စက္ ၊ေမာ္နီတာ ၊စသည့္ ပစၥည္းမ်ားစုစုေပါင္းက်ပ္ သိန္း(၅၀) ခန္႔ကို တပ္ဆင္လႉဒါန္းရန္စီစဥ္ေဆာင္႐ြက္ေနၿပီျဖစ္ပါေၾကာင္းရဲတိုက္ေဖာင္ေဒးရွင္းကိုအလႉေငြထည့္ဝင္ခဲ့ၾကသည့္ရန္ကုန္ မႏၲေလးႏွင့္ တႏိုင္ငံလုံးမွ ပရိတ္သတ္မ်ားကိုသာဓုေခၚဆိုႏိုင္ၾကပါရန္ေလးစားစြာအသိေပးအပ္ပါသည္ “ဆိုၿပီး လူမႈကြန္ယက္စာမ်က္ႏွာထက္မွာ ေရးသားထားခဲ့တာပဲျဖစ္ပါတယ္။

Source : ye deight foundation

credit – Myanmarload

Unicode

အင်းစိန်အကျဥ်းထောင်မှာ ကိုဗစ်လူနာရှိလာခဲ့ရင်အဆင်သင့်ကုသနိုင်ဖို့အတွက် ငွေကျပ်သိန်း၅၀လှူဒါန်းသွားခဲ့တဲ့ ရဲတိုက်ဖောင်ဒေးရှင်း

မင်းသားချောလေးရဲတိုက်ကတော့ တစ်ချိန်အောင်မြင်ခဲ့တဲ့ ထိပ်တန်းအနုပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး သရုပ်ဆောင်ပိုင်းမှာ ကောင်းမွန်လွန်းတာကြောင့် ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာတစ်ခုကိုရယူထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ကားတိုင်းကို အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်လျက်ရှိနေခဲ့တဲ့ ရဲတိုက်ကတော့ အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်ထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။

ဇာတ်ကားတွေများစွာကို ပီပြင်တဲ့ အမိုက်စားသရုပ်ဆောင်ချက်တွေနဲ့ ရိုက်ကူးခဲ့ပြီး အောင်မြင်ကျော်ကြားခဲ့တဲ့ ရဲတိုက်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ရဲတိုက်ဖောင်ဒေးရှင်းကတော့ ယခုမှာ အင်းစိန်အကျဥ်းထောင်ဆေးရုံမှာ ကိုဗစ်လူနာရှိလာခဲ့ရင်အဆင်သင့်ကုသနိုင်ဖို့အတွက် ငွေကျပ်သိန်း၅၀ကိုပေးအပ်လှူဒါန်းခဲ့ပါတယ်။

“ရဲတိုက်ဖောင်ဒေးရှင်းရဲ့အလှူအင်းစိန်အကျဥ်းထောင်ဆေးရုံအတွက်ကိုဗစ်လူနာရှိလာခဲ့ရင်အဆင်သင့်ကုသနိုင်ဖို့လူနာ (၁၁)ဦး ကို တပြိုင်တည်းအောက်စီဂျင်ပေးကုသပေးနိုင်မည့် အောက်စီဂျင်ပိုက်သွယ်တန်းခြင်း ၊အထူးကြပ်မတ်စောင့်ကြည့်ကုသနိုင်ရန်အတွက် အောက်စီဂျင်ရရှိမှုတိုင်းတာသည့်စက် ၊မော်နီတာ ၊စသည့် ပစ္စည်းများစုစုပေါင်းကျပ် သိန်း(၅၀) ခန့်ကို တပ်ဆင်လှူဒါန်းရန်စီစဥ်ဆောင်ရွက်နေပြီဖြစ်ပါကြောင်းရဲတိုက်ဖောင်ဒေးရှင်းကိုအလှူငွေထည့်ဝင်ခဲ့ကြသည့်ရန်ကုန် မန္တလေးနှင့် တနိုင်ငံလုံးမှ ပရိတ်သတ်များကိုသာဓုခေါ်ဆိုနိုင်ကြပါရန်လေးစားစွာအသိပေးအပ်ပါသည် “ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။

Source : ye deight foundation

credit – Myanmarload

  • Leave a Comment