credit – Myanmarload
Unicode
အဖေအမေရင်းတွေကွယ်လွန်သွားချိန် သမီးအရင်းလို ချစ်ပေးတဲ့ ယောက္ခမတွေကို လက်ဆယ်ဖြာထိပ်မှာမိုးပြီး ဦးချကန်တော့ခဲ့တဲ့ ဇင်ဇင်ဇော်မြင့်
မင်းသမီးချောလေးဇင်ဇင်ဇော်မြင့်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားပြီး အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်ထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်တွေအချစ်ပိုရတဲ့ သူမကတော့ ဖော်ဖော်ရွေရွေရှိပြီး ချစ်စရာအပြုံးလေးတွေကို ပိုင်ဆိုင်ထားသူလေးပဲဖြစ်ပါတယ်။ သူမကတော့ ယခုမှာ အဖေအမေအရင်းတွေကွယ်လွန်သွားချိန်သမီးအရင်းသဖွယ် ကြည့်ရူစောင့်ရှောက်ပေးတဲ့ ယောက္ခမတွေကို လက်ဆယ်ဖြာထိပ်မှာမိုးပြီး ဦးချကန်တော့ခဲ့ပါတယ်။
သူမကတော့ ” သီတင်းကျွတ် မှာ ကျေးဇူးရှင် ဖေဖေ နဲ့ အမ့ကိုကန်တော့ခဲ့ပါတယ် .၂၀၁၄ မေလေး မှာအဖေရော အမေရောကွယ်လွန်ထဲက ကိုချမ်းအဖေ က မိဘ့ အရင်းကဲ့သို့စောင့်ရှောက်ပေးတဲ့ကျေးဇူးကြီးမားလွန်းပါတယ် .ဖေဖေ နဲ့ အမ့ ကျန်းမာချမ်းသာဘေးရန်ကင်း အနာရောဂါကင်းဝေးစိတ်ချမ်းသာပျော်ရွှင်ကံကောင်းပြီးသာသနာပြုနိုင်ပြီး နိဗာန်ရောက်ကြောင်းအထောက်အပံ့ဖြစ်ရပါစေသား.ဖေဖေ အမေ အရာရာအတွက်ကျေးဇူးတင်ပါတယ် ” ဆိုပြီး ရေးသားထားခဲ့ပါတယ်။
ချစ်ချစ်ခင်ခင်၊စည်းစည်းလုံးလုံးရှိကြပြီး ကြည်နူးပျော်ရွှင်နေကြတဲ့ ဇင်ဇင်ဇော်မြင့်တိုမိသားစုလေးရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေဟာ မြင်ရသူပရိသတ်တွေကို အချစ်တွေပိုစေခဲ့တာပဲဖြစ်ပါတယ်။။ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေးဇင်ဇင်ဇော်မြင့်တို့ မိသားစုလေးရဲ့ ပျော်ရွှင်နေကြတဲ့ ကြည်နူးစရာပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။
Source : Zin Zin Zaw Myint
credit – Myanmarload
  • Leave a Comment