




credit – Myanmarlaod

Unicode

သူ့ဂူဂူးလေးကိုဖေဖေဖြုတ်သွားတယ်ဆိုပြီးရှိုက်ကြီးတငင်ငိုနေတဲ့ သားလေးကိုဗီဒီယိုရိုက်ကာအမိအရမှတ်တမ်းတင်ထားတဲ့ ဆုပန်ထွာ

ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး ဆုပန်ထွာပဲ ဖြစ်ပါတယ်။ သူမဟာ ဆယ်စုနှစ်ကျော်တိုင်အောင် အနုပညာအလုပ်တွေကို တစ်စိုက်မတ်မတ် လုပ်ကိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ပန်ပန်ဟာ သရုပ်ဆောင်ဘက်တွင်သာမက သီချင်းဆိုရာမှာလည်း ထူးချွန်သူတစ်ယောက်လည်း ဖြစ်ပါတယ်။

ပန်ပန်ဟာ လတ်တလောမှာတော့ Live Sale တွေကို တန်ဖိုးကြီးရတနာဆိုင်တွေအတွက် ရောင်းချပေးနေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ခင်ပွန်းသည်နဲ့ သားလေးကိုလည်း အနီးကပ် ပြုစုစောင့်ရှောပ်နေတာလည်း ဖြစ်ပါတယ်။ သားလေးရဲ့ လှုပ်ရှားမှုတွေကိုလည်း ဝေမျှပေးလေ့ရှိရာ အခုတစ်ခါမှာလည်း ပန်ပန်ရဲ့ Tik Tok အကောင့်မှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။

ဒါကတော့ သူ့ဂူဂူးလေးကိုဖေဖေဖြုတ်သွားတယ်ဆိုပြီးရှိုက်ကြီးတငင်ငိုနေတဲ့ သားလေးကိုဗီဒီယိုရိုက်ကာအမိအရမှတ်တမ်းတင်ထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုလေးကို တစ်ဆင့် ပြန်လည် ကူးယူတက်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Supan Htwar

credit – Myanmarlaod

  • Leave a Comment