




Unicode

(၂၁)ကြိမ်မြောက်ထီဖွင့်ပွဲမှာ အောင်ဘာလေသိန်းထီဆုတစ်ဆုဆွတ်ခူးသွားတဲ့ မင်္ဂလာသတင်းကြောင့် ဝမ်းသာမဆုံးဖြစ်နေတဲ့ဦးကံပွင့်

ဟာသလူရွှင်တော်၊သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဦးကံပွင့်ကိုတော့ ပရိသတ်တွေအားလုံးက ရင်းနှီးနေပြီးသားဖြစ်ကြမယ် ထင်ပါတယ်နော်။ ဦးကံပွင့်ဟာဆိုရင် ပီပြင်ပြောင်မြောက်တဲ့ ဟာသပြက်လုံးတွေနဲ့ သူ့ရဲ့ပရိသတ်တွေကို ဖျော်ဖြေတင်ဆက်ပေးလေ့ရှိတာ ဖြစ်ပါတယ် ။ ဦးကံပွင့်ရဲ့အနုပညာအရည်အချင်းတွေကို ဇာတ်သဘင်ပွဲတွေနဲ့ ဇာတ်ကားတွေတော်တော်များများမှာ မြင်တွေ့တတ်ရပြီး အားလုံးကလည်း သူ့ကို အားပေးဝန်းရံနေကြတာ ဖြစ်ပါတယ် ။

ကိုယ်ပိုင်ဘဝလေးတစ်ခုကို အကောင်းဆုံးဖြစ်အောင် ကြိုးစားတည်ဆောက်နေတဲ့ ဦးကံပွင့်က ဆန်ရောင်းဝယ်ရေးလုပ်ငန်းကိုလည်း လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ် ။ ဒီနေ့နိုဝင်ဘာလ (၁) ရက်နေ့မှာတော့ ဦးကံပွင့်ဆီကို ကံကောင်းခြင်းတွေက ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ် ။ (၂၁)ကြိမ်မြောက် အောက်ဘာလေထီဖွင့်ပွဲမှာ ဦးကံပွင့်က ထီဆုတစ်ဆု ကံထူးသွားခဲ့တာ ဖြစ်ပါတယ် ။

ဒီအကြောင်းကို ဦးကံပွင့်က “ဒီနေ့ 1.11.2020 နေ့ မင်္ဂလာမည်သွားပြီခင်ဗျာ ချစ်ခင်လေးစားရတဲ့ မန်းလေးလူရွှင်တော်ကြီး အမေလှဟန်ရောင်းတဲ့ထီ ပထမဆုံးလမှာပဲ ကံပွင့်( တစ်သိန်းဆု) ကံပွင့်ရသွားပါပြီ။ ထီပေါက်သူတိုင်းကို ချက်ချင်း video call နဲ့ အကြောင်းကြားပေးတဲ့အမေလှဟန်ရေ ကျေးဇူးပါ။ ” ဆိုပြီး ထီပေါက်တဲ့အကြောင်းကို တင်ထားတာ ဖြစ်ပါတယ် ။ ဦးကံပွင့်ကတော့ သူထိုးထားတဲ့ ထီ(၁၀) စောင်တွဲကနေ တစ်သိန်းဆုတစ်ဆုကို ဆွတ်ခူးရရှိသွားတာပဲ ဖြစ်ပါတယ်နော်။

Source and Photo Credit-Kan Pwint

credit – Myanmarload

  • Leave a Comment