အမ်ားအျမင္မွာ မလွေပမယ့္ သူ႔အတြက္ေတာ့ အရမ္းၿပီးျပည့္စုံၿပီး တာဝန္ေက်လို႔ ခ်စ္ဇနီးေလးကို ခ်စ္မဝျဖစ္ေနတဲ့ ခ်စ္စု

ပရိသတ္ႀကီးေရ ဟာသလူ႐ႊင္ေတာ္ခ်စ္စုကေတာ့ အႏုပညာအလုပ္ေတြကို ျဖည္းျဖည္းမွန္မွန္လုပ္ေဆာင္ေနဆဲျဖစ္ပါတယ္။ခ်စ္စုက ဖခင္ျဖစ္သူရဲ႕ အႏုပညာ‌အေမြကို ဆက္ခံၿပီး အၿငိမ့္ပြဲေတြမွာလည္း အေကာင္းဆုံး‌ေဖ်ာ္ေျဖတာျဖစ္ပါတယ္။ခ်စ္စုက ေပ်ာ္႐ႊင္ေအးခ်မ္းတဲ့မိသားစုဘဝေလးကို ပိုင္ဆိုင္ထားၿပီး မိဘေတြကိုလည္း ဂ႐ုစိုက္ေပးေနတာျဖစ္ပါတယ္ေနာ္။အခုဆိုရင္ေတာ့ ခ်စ္စုက သူ႔ရဲ႕ခ်စ္ဇနီးေလးအေၾကာင္းကို ေအာက္ပါအတိုင္းေရးသားမွ်ေဝလာတာျဖစ္ပါတယ္။

ခ်စ္စုက”ေလာကႀကီးကပ်က္ရယ္ျပဳတိုင္း အဲ့ဒီမိန္းမကဘာျဖစ္တယ္ ညာျဖစ္တယ္ အဲ့ဒီအမက ဘယ္လိုလို႔ေျပာေနၾကတိုင္း ကြၽန္ေတာ္ၿပဳံးေနမိတယ္…ကြၽန္ေတာ့္အတြက္ေတာ့သူဟာ သံသရာအတြက္ ပါရမီျဖည့္ဖက္ေကာင္းပါပဲ….မိန္းကေလးတိုင္းဟာလွခ်င္တယ္ ကြၽန္ေတာ္ဟာသဘာဝကိုပိုခ်စ္တယ္ မိတ္ကပ္မပါလည္း သနပ္ခါးမပါလည္း ကြၽန္ေတာ့္အတြက္ သဘာဝဆန္ဆန္ေနေပးတက္တယ္…

သူ…..ဘယ္ဟာေတြဘယ္လိုေကာင္းတယ္ ဘယ္အဝတ္အစား ဘယ္အလွျပင္မိတ္ကပ္ ဘယ္ပစၥည္းရယ္လို႔ မပူဆာဘူး စဥ္းစားလိုက္တိုင္းကြၽန္ေတာ့္အတြက္ခ်ည္းပဲ သူအဆင္ေျပသလိုေနေပးတယ္…. အဲ့ဒါသူပဲ….ကြၽန္ေတာ္နဲ႔ သမီးအတြက္က လြဲရင္ သူက ငါးပိရည္ အ႐ြက္ေၾကာ္နဲ႔စားတတ္တယ္ အဲ့ဒါသူပဲ….မ်က္စိႏွစ္လုံးဖြင့္ကတည္းက ညအိပ္ခ်ိန္ထိ အိမ္မႈကိစၥအရာရာအားလုံး ႁခြင္းခ်က္မရွိေအာင္လုပ္ကိုင္ေပးတက္တယ္ အဲ့ဒါသူ……

သူ႔မိဘ အတြက္ ကိုယ့္မိဘအတြက္ကို ရင္ဘက္ႀကီးထဲထည့္ၿပီး အခ်ိန္ျပည့္ ၿငိဳျငင္မႈမရွိစဥ္းစားေပးတတ္တာလည္း သူပါပဲ…..ကိုယ့္အလုပ္ကို ပင္ပန္းမွာစိုးလို႔မလုပ္တတ္လုပ္တတ္အခ်ိန္ကစၿပီး ႀကိဳးစားဝိုင္းလုပ္ကိုင္ေပးတယ္ အစစအရာရာ သူဦးေဆာင္ႏိုင္တဲ့အထိ ႀကိဳးစားေပးခဲ့တယ္ အဲ့ဒါသူပဲ…..ကုန္ကုန္ေျပာရရင္ အဓိဌာန္ခရီးေတြ အလႉအတန္းေတြ ေယာဂီဝတ္ၿပီး ဘုရားေပါင္းစုံ အဓိဌာန္တက္ခဲ့ခ်ိန္ အ႐ူးေတြလို႔အေျပာခံႏိုင္တာလည္းသူပဲ….ကုန္ကုန္ေျပာရရင္ ကိုယ္ဆုပန္ခ်ိန္ အေနာက္ကေနပါရမီျဖည့္ပါ့မယ္လို႔ ရဲရဲေတာက္သစၥာျပဳရဲသူကလည္း သူပါပဲ….

ဟုတ္တယ္ သူ႔မွာ မိတ္ကပ္မရွိဘူး ဟန္ေဆာင္မႈမရွိဘူး ပတ္ခြၽဲႏွပ္ခြၽဲမလုပ္တတ္ဘူး အမ်ားအျမင္မွာ လွမေနဘူး အသားမဲခ်င္မဲမယ္ မ်က္ကြင္းေတြညိဳမယ္က်မယ္ သူ႔မွာအဆင္းမလွခဲ့ဘူး ဒါကြၽန္ေနာ့္အတြက္အေရးမွမႀကီးတာ…သူ႔လို တာဝန္ေက်ႏိုင္မယ့္ သူ႔လိုေပးဆပ္ႏိုင္မယ့္ သူ႔လိုပါရမီျဖည့္ႏိုင္မယ့္ အမ်ိဴးသမီး ကြၽန္ေတာ့္အတြက္ေတာ့ ေလာကမွာမရွိေသးဘူး….ခင္ဗ်ာတို႔သူ႔ကိုဘယ္ေလာက္ဆဲဆဲ ဘယ္လိုေျပာေျပာ ဘယ္လိုေဝဖန္ေဝဖန္…ကြၽန္ေတာ့္အတြက္ကေတာ့ သူဟာ ….ပါရမီျဖည့္ဖက္…..သူပါပဲ…..”ဆိုၿပီး ေရးသားထားတာျဖစ္ပါတယ္။

Source and Photo Credit:ေမာင္ခ်စ္စု And Art Of life

credit – Myanmarload

Unicode

အများအမြင်မှာ မလှပေမယ့် သူ့အတွက်တော့ အရမ်းပြီးပြည့်စုံပြီး တာဝန်ကျေလို့ ချစ်ဇနီးလေးကို ချစ်မဝဖြစ်နေတဲ့ ချစ်စု

ပရိသတ်ကြီးရေ ဟာသလူရွှင်တော်ချစ်စုကတော့ အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။ချစ်စုက ဖခင်ဖြစ်သူရဲ့ အနုပညာ‌အမွေကို ဆက်ခံပြီး အငြိမ့်ပွဲတွေမှာလည်း အကောင်းဆုံး‌ဖျော်ဖြေတာဖြစ်ပါတယ်။ချစ်စုက ပျော်ရွှင်အေးချမ်းတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး မိဘတွေကိုလည်း ဂရုစိုက်ပေးနေတာဖြစ်ပါတယ်နော်။အခုဆိုရင်တော့ ချစ်စုက သူ့ရဲ့ချစ်ဇနီးလေးအကြောင်းကို အောက်ပါအတိုင်းရေးသားမျှဝေလာတာဖြစ်ပါတယ်။

ချစ်စုက”လောကကြီးကပျက်ရယ်ပြုတိုင်း အဲ့ဒီမိန်းမကဘာဖြစ်တယ် ညာဖြစ်တယ် အဲ့ဒီအမက ဘယ်လိုလို့ပြောနေကြတိုင်း ကျွန်တော်ပြုံးနေမိတယ်…ကျွန်တော့်အတွက်တော့သူဟာ သံသရာအတွက် ပါရမီဖြည့်ဖက်ကောင်းပါပဲ….မိန်းကလေးတိုင်းဟာလှချင်တယ် ကျွန်တော်ဟာသဘာဝကိုပိုချစ်တယ် မိတ်ကပ်မပါလည်း သနပ်ခါးမပါလည်း ကျွန်တော့်အတွက် သဘာဝဆန်ဆန်နေပေးတက်တယ်… သူ…..ဘယ်ဟာတွေဘယ်လိုကောင်းတယ် ဘယ်အဝတ်အစား ဘယ်အလှပြင်မိတ်ကပ် ဘယ်ပစ္စည်းရယ်လို့ မပူဆာဘူး စဥ်းစားလိုက်တိုင်းကျွန်တော့်အတွက်ချည်းပဲ သူအဆင်ပြေသလိုနေပေးတယ်…. အဲ့ဒါသူပဲ….ကျွန်တော်နဲ့ သမီးအတွက်က လွဲရင် သူက ငါးပိရည် အရွက်ကြော်နဲ့စားတတ်တယ် အဲ့ဒါသူပဲ….မျက်စိနှစ်လုံးဖွင့်ကတည်းက ညအိပ်ချိန်ထိ အိမ်မှုကိစ္စအရာရာအားလုံး ခြွင်းချက်မရှိအောင်လုပ်ကိုင်ပေးတက်တယ် အဲ့ဒါသူ……

သူ့မိဘ အတွက် ကိုယ့်မိဘအတွက်ကို ရင်ဘက်ကြီးထဲထည့်ပြီး အချိန်ပြည့် ငြိုငြင်မှုမရှိစဥ်းစားပေးတတ်တာလည်း သူပါပဲ…..ကိုယ့်အလုပ်ကို ပင်ပန်းမှာစိုးလို့မလုပ်တတ်လုပ်တတ်အချိန်ကစပြီး ကြိုးစားဝိုင်းလုပ်ကိုင်ပေးတယ် အစစအရာရာ သူဦးဆောင်နိုင်တဲ့အထိ ကြိုးစားပေးခဲ့တယ် အဲ့ဒါသူပဲ…..ကုန်ကုန်ပြောရရင် အဓိဌာန်ခရီးတွေ အလှူအတန်းတွေ ယောဂီဝတ်ပြီး ဘုရားပေါင်းစုံ အဓိဌာန်တက်ခဲ့ချိန် အရူးတွေလို့အပြောခံနိုင်တာလည်းသူပဲ….ကုန်ကုန်ပြောရရင် ကိုယ်ဆုပန်ချိန် အနောက်ကနေပါရမီဖြည့်ပါ့မယ်လို့ ရဲရဲတောက်သစ္စာပြုရဲသူကလည်း သူပါပဲ….ဟုတ်တယ် သူ့မှာ မိတ်ကပ်မရှိဘူး ဟန်ဆောင်မှုမရှိဘူး ပတ်ချွဲနှပ်ချွဲမလုပ်တတ်ဘူး အများအမြင်မှာ လှမနေဘူး အသားမဲချင်မဲမယ် မျက်ကွင်းတွေညိုမယ်ကျမယ် သူ့မှာအဆင်းမလှခဲ့ဘူး ဒါကျွန်နော့်အတွက်အရေးမှမကြီးတာ…သူ့လို တာဝန်ကျေနိုင်မယ့် သူ့လိုပေးဆပ်နိုင်မယ့် သူ့လိုပါရမီဖြည့်နိုင်မယ့် အမျိူးသမီး ကျွန်တော့်အတွက်တော့ လောကမှာမရှိသေးဘူး….ခင်ဗျာတို့သူ့ကိုဘယ်လောက်ဆဲဆဲ ဘယ်လိုပြောပြော ဘယ်လိုဝေဖန်ဝေဖန်…ကျွန်တော့်အတွက်ကတော့ သူဟာ ….ပါရမီဖြည့်ဖက်…..သူပါပဲ…..”ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။

Source and Photo Credit:မောင်ချစ်စု And Art Of life

credit – Myanmarload

  • Leave a Comment