




credit – Myanmarload

Unicode

မေမေအားကိုးလို့ရလောက်အောင် အသက်(၁၄)နှစ်ပြည့်သွားပြီဖြစ်ပြီး ခန့်ညားချောမောလာတဲ့ စိုးမြတ်နန္ဒာရဲ့သားလေး မြတ်သောမောင်

ပရိသတ်ကြီးရေ စိုးမြတ်နန္ဒာကတော့ ယခုလက်ရှိအချိန်မှာဆိုရင် အနုပညာအလုပ်တွေနဲ့ ဝေးကွာနေပြီး မင်းသမီးပိုးထည်တိုက်ကိုသာ ဦးစီးနေတာဖြစ်ပါတယ်။စိုးညီအစ်မတွေရဲ့ “မင်းသမီးပိုးထည်တိုက်”ကလည်း နှစ်အနည်းငယ်အတွင်းမှာ တိုးတက်အောင်မြင်လာခဲ့ပါတယ်နော်။စိုးမြတ်နန္ဒာတို့ရဲ့ စိုးမိသားစုလေးက အေးအေးချမ်းချမ်းရှိကြပြီး အရမ်းစည်းလုံးကြတဲ့ မိသားစုလေးဖြစ်ပါတယ်။

စိုးမြတ်နန္ဒာရဲ့ တစ်ဦးတည်းသောသားလေး မြတ်သောမောင်ကလည်း ဆယ်ကျော်သက်အရွယ်ကို ရောက်ရှိလာပြီဖြစ်လို့ မေမေ့အတွက် အားကိုးရနေပါပြီနော်။မြတ်‌သောမောင်လေးက ငယ်ငယ်ကတည်းက အရမ်းချစ်ဖို့ကောင်းပြီး ကြီးလာတော့လည်း ခန့်ချောကြီးတစ်‌ယောက်ဖြစ်ပါတယ်။ဒီနေ့လေးဟာဆိုရင်တော့ မြတ်သောမောင်ရဲ့(၁၄)နှစ်ပြည့်မွေးနေ့လေးဖြစ်လို့ ဘွားဘွားစိုးကြည်ဖြူက မွေးနေ့ဆုတောင်းပေးထားတာဖြစ်ပါတယ်။


ဘွားဘွားစိုးကြည်ဖြူက”ဘွားရဲ့အသည်းတုန်းလေး မြေးမောင်တောင် ၁၄ နှစ်သား လူပျိုပေါက်ကြီးဖြစ်လာပြီနော်။ဘွားဘွားကြီးက, ကလေးပဲထင်နေတုန်း။မြေးမောင်ကအမေကိုချစ်ကြောက်ရိုသေတာက, တော့ စံပြပဲ။အဖေကိုလည်းအဆက်အသွယ်မပြတ်ချစ်တတ်သူ။မိဘကျေးဇူးကိုအထူးသိသူမြေးလေး။စာကိုအထူးကြိုးစားသူမြေးလေး ။ယနေ့ကျရောက်တဲ့မွေးနေ့မှစ၍နှစ်ပေါင်း တစ်ရာတိုင် မိဘအတွက် တိုင်းပြည်အတွက် တန်ဖိုးရှိတဲ့သားကောင်းရတနာဖြစ်လာပါစေကွယ်။မြေးလေးကိုချစ်တဲ့….ဘိုးဘိုး၊ဘွားဘွား၊မေမေ၊မယ်မယ်၊ကာကာ၊ဦးမောင်နှင့် ညီမလေး ခေတ်သခင် မိသားစု”ဆိုပြီး မြေးလေးအတွက် မွေးနေ့ဆုတောင်းပေးထားတာဖြစ်ပါတယ်နော်။

Source and Photo Credit:Soe Kyi Phyu

credit – Myanmarload

  • Leave a Comment