



Source : Eint Chit
credit – Cele Gabar

Unicode

မိခင်ဖြစ်သူကို သတိရလို့ ဘန်ကောက်အိမ်လေးကို ခွဲပြီး အပြေးပြန်လာတဲ့အိမ့်ချစ်

ပရိသတ်အချစ်တော် တေးသံရှင် အိမ့်ချစ်ကတော့ အိမ်ထောင်ကျပြီးနောက်ပိုင်း ချစ်ရတဲ့ခင်ပွန်း ရဲ့ အချစ်တွေနဲ့ အရမ်းကိုပျော်ရွှင်နေတာပါနော် ။ လတ်တလောမှာတော့ ခင်ပွန်းဖြစ်သူနဲ့ အတူ ဘန်ကောက်ကို ရောက်ရှိနေတာဖြစ်ပြီး မြန်မာနိုင်ငံကို ပြန်လာဖို့စီစဉ်နေပြီလို့သိရပါတယ် ။

ပြန်မလာခင်ထဲက သူမကို အနုပညာအလုပ်တွေကမ်းလှမ်းနေကြပြီဖြစ်လို့ ပရိသတ်တွေနဲ့ပြန်လည်ဆုံတွေ့ရမှာကို ရင်ခုန်နေပါပြီတဲ့ ။ Bangkok ကအိမ်လေးကိုခဏခွဲပြီး အမေ့အိမ်လေးဆီ အပြေးပြန်လာပြီ ဖြစ်ကြောင်းကိုလည်း သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို အသိပေးလာခဲ့ပါတယ် ။ နိုင်ငံခြားက ပြန်လာတာဖြစ်လို့ Q ဝင်ရမယ်ဆိုရင်လည်း အမေ့ကို အရမ်းသတိရနေလို့ဝင်ရမှာပါပဲလို့ ရေးသားဖော်ပြခဲ့ပါတယ် ။

ခင်ပွန်းဖြစ်သူ ကတော့ရုံးနဲ့မို့ လိုက်မရတော့ သူမကိုလေဆိပ်အထိလိုက်ပို့ပြီး မျက်ရည်လေးတေဝဲကာ အိမ်ပြန်သွားရှာလေပြီလို့လည်း ချစ်စဖွယ်ရေးသားထားပါသေးတယ် ။ အိမ့်ချစ်ကိုလွမ်းနေတဲ့ ပရိသတ်ကြီးကတော့ ပြန်လာတော့မယ်ဆိုလို့ဝမ်းသာနေကြမယ်ထင်ပါတယ်နော် ။

Source : Eint Chit
credit – Cele Gabar

  • Leave a Comment