ခ်စ္ဇနီးရဲ႕ အျပဳအစုအယုအယေတြေၾကာင့္ ပါးစပ္ႀကီးေစ့လို႔မရႏိုင္ေတာ့တဲ့အထိ ပီတိေတြျဖစ္ေနတဲ့ ေနဝင္းရဲ႕ဗီဒီယို

အမိုက္စား Rap သီခ်င္းေတြကို သီဆိုတတ္တဲ့ Snare အဖြဲ႕က အဆိုေတာ္ ေနဝင္းကေတာ့ လူငယ္ပရိသတ္ေတြရဲ႕ ႀကိဳက္ႏွစ္သက္အားေပးျခင္းကို တစ္ခဲနက္ခံရသူတစ္ေယာက္ ျဖစ္ပါတယ္။ ေနဝင္းက လက္ရွိမွာေတာ့ ပရိသတ္ေတြအတြက္ သီခ်င္းသစ္ေတြကို ဖန္တီးေပးေနလ်က္ရွိၿပီး ၾကင္စဦး အိမ္ေထာင္သည္ဘဝကို ျဖတ္သန္းေနတာပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း ခ်စ္စရာေကာင္းၿပီး ေရွ႕သြားေနာက္လိုက္ညီလြန္းတဲ့ ေနဝင္းတို႔ ဇနီးေမာင္ႏွံကို ခ်စ္သူဘဝကတည္းကေန အခုအခ်ိန္ထိ အားေပးခ်စ္ခင္ၾကဆဲ ျဖစ္ပါတယ္။

ေနဝင္းတို႔ စုံတြဲေလးကေတာ့ ခ်စ္သူေတြအျဖစ္ (၁၁) ႏွစ္ေက်ာ္လက္တြဲၿပီးမွ အိမ္ေထာင္သည္ဘဝကိုေရာက္လာခဲ့တာေၾကာင့္ တစ္ေယာက္အေၾကာင္းတစ္ေယာက္ သိကာ လိုအပ္ခ်က္မွန္သမွ်ကို ျဖည့္စည္းေပးေနတာပဲ ျဖစ္ပါတယ္။ ဒီကေန႔မွာေတာ့ ေနဝင္းက ပရိသတ္ေတြအားက်ရေစမယ့္ ဗီဒီယိုေလးတစ္ပုဒ္ကို သူ႔ရဲ႕ ေဖ့စ္ဘုတ္ကေန မွ်ေဝေပးလာပါတယ္။ ေနဝင္းက သူ႔ရဲ႕ ဆံပင္ရွည္ေတြကို ေျခာက္ေအာင္လုပ္ေပးေနတဲ့ ခ်စ္ဇနီးရဲ႕ အျပဳအစုအယုအယေတြေၾကာင့္ ပါးစပ္ႀကီးေစ့လို႔မရႏိုင္ေတာ့တဲ့အထိ ပီတိေတြျဖစ္ေနတာကို အခုလိုပဲ ေတြ႕ရပါတယ္။

ေနဝင္းကေတာ့ သူ႔ရဲ႕ ဇနီးေလးကို အမ်ားႀကီး အလိုလိုက္ ဂ႐ုစိုက္သလို ေနဝင္းရဲ႕ဇနီးေလး အိမ့္ခ်စ္ေခ်ာကလည္း ေနဝင္းရဲ႕အနားမွာ လိုေလေသးမရွိ ျဖည့္စည္းေပးေနတာပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ေနဝင္းတို႔ ဇနီးေမာင္ႏွံကိုၾကည့္ၿပီး အားမက်ပဲ ေနႏိုင္ေတာ့မယ္ မထင္ပါဘူးေနာ္။ ဖတ္ရႈေပးတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Nay Win
credit – Cele Connections

Unicode

ချစ်ဇနီးရဲ့ အပြုအစုအယုအယတွေကြောင့် ပါးစပ်ကြီးစေ့လို့မရနိုင်တော့တဲ့အထိ ပီတိတွေဖြစ်နေတဲ့ နေဝင်းရဲ့ဗီဒီယို

အမိုက်စား Rap သီချင်းတွေကို သီဆိုတတ်တဲ့ Snare အဖွဲ့က အဆိုတော် နေဝင်းကတော့ လူငယ်ပရိသတ်တွေရဲ့ ကြိုက်နှစ်သက်အားပေးခြင်းကို တစ်ခဲနက်ခံရသူတစ်ယောက် ဖြစ်ပါတယ်။ နေဝင်းက လက်ရှိမှာတော့ ပရိသတ်တွေအတွက် သီချင်းသစ်တွေကို ဖန်တီးပေးနေလျက်ရှိပြီး ကြင်စဦး အိမ်ထောင်သည်ဘဝကို ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ချစ်စရာကောင်းပြီး ရှေ့သွားနောက်လိုက်ညီလွန်းတဲ့ နေဝင်းတို့ ဇနီးမောင်နှံကို ချစ်သူဘဝကတည်းကနေ အခုအချိန်ထိ အားပေးချစ်ခင်ကြဆဲ ဖြစ်ပါတယ်။

နေဝင်းတို့ စုံတွဲလေးကတော့ ချစ်သူတွေအဖြစ် (၁၁) နှစ်ကျော်လက်တွဲပြီးမှ အိမ်ထောင်သည်ဘဝကိုရောက်လာခဲ့တာကြောင့် တစ်ယောက်အကြောင်းတစ်ယောက် သိကာ လိုအပ်ချက်မှန်သမျှကို ဖြည့်စည်းပေးနေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ နေဝင်းက ပရိသတ်တွေအားကျရစေမယ့် ဗီဒီယိုလေးတစ်ပုဒ်ကို သူ့ရဲ့ ဖေ့စ်ဘုတ်ကနေ မျှဝေပေးလာပါတယ်။ နေဝင်းက သူ့ရဲ့ ဆံပင်ရှည်တွေကို ခြောက်အောင်လုပ်ပေးနေတဲ့ ချစ်ဇနီးရဲ့ အပြုအစုအယုအယတွေကြောင့် ပါးစပ်ကြီးစေ့လို့မရနိုင်တော့တဲ့အထိ ပီတိတွေဖြစ်နေတာကို အခုလိုပဲ တွေ့ရပါတယ်။

နေဝင်းကတော့ သူ့ရဲ့ ဇနီးလေးကို အများကြီး အလိုလိုက် ဂရုစိုက်သလို နေဝင်းရဲ့ဇနီးလေး အိမ့်ချစ်ချောကလည်း နေဝင်းရဲ့အနားမှာ လိုလေသေးမရှိ ဖြည့်စည်းပေးနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေဝင်းတို့ ဇနီးမောင်နှံကိုကြည့်ပြီး အားမကျပဲ နေနိုင်တော့မယ် မထင်ပါဘူးနော်။ ဖတ်ရှုပေးတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Nay Win
credit – Cele Connections

  • Leave a Comment