




credit – Myanmarload

Unicode

သူ့ရဲ့အနားမှာအပီအပြင်ကနေတဲ့ကောင်မလေးတစ်ယောက်ကိုကြည့်ပြီးရုပ်မတည်နိုင်တော့ဘဲ ရယ်နေခဲ့တဲ့ ဖြိုးမြတ်အောင်ရဲ့Video လေး

Myanmar Idol Season (3) ပြိုင်ပွဲတွင် Winner ဆုကို ရရှိခဲ့ပြီး ဂီတလောကထဲကို ဝင်ရောက်လာသူကတော့ အဆိုတော် ဖြိုးမြတ်အောင်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ အသံပါဝါကိုလည်း ပရိသတ်တွေအားလုံးက ကြိုက်နှစ်သက်ကာ တစ်ခဲနက် အားပေးနေကြတာလည်း ဖြစ်ပါတယ်။ ဖြိုးမြတ်အောင်ဟာ ဂီတမျိုးရိုးမရှိဘဲ ကိုယ်တိုင်အားထုတ်ကြိုးစားမှုတွေကြောင့် အခုလို အောင်မြင်လာတာလည်း ဖြစ်ပါတယ်။

ဖြိုးမြတ်အောင်ဟာ တစ်ကိုယ်တော်အခွေတွေလည်း ထွက်ရှိထားပြီး ပရိသတ်တွေအတွက် သီချင်းအသစ်တွေများစွာ ထွက်ရှိနိုင်အောင် ကြိုးစားနေတာလည်း ဖြစ်ပါတယ်။ မကြာသေးခင်ကလည်း သူ့ရဲ့ တစ်ကိုယ်တော်ရှိုးပွဲလေးကို Facebook တွင် Live လွှင့်ကာ သီဆိုဖျော်ဖြေခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အားလပ်ရက်များတွင်လည်း ပရိသတ်တွေအတွက် Tik Tok လေးတွေ ဆော့ကစားပေးကာ တင်ပေးလေ့ရှိတာလည်း ဖြစ်ပါတယ်။

မကြာသေးခင် နာရီပိုင်းလောက်ကလည်း ဖြိုးမြတ်အောင်ရဲ့ Tik Tok အကောင့်မှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ဂီတာတီးတဲ့အနားမှာလာရပ်ပြီးကပြနေတဲ့ကောင်မလေးတစ်ယောက်ကိုချိုသာစွာပြုံးပြလိုက်တဲ့ ဖြိုးမြတ်အောင်ရဲ့Video လေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Phyo Myat Aung

credit – Myanmarload

  • Leave a Comment