ကိုယ္ဝန္ရွိမရွိ ဆီးစစ္တိုင္း အိမ္ေျမႇာင္ေတြစုပ္ထိုးၿပီး ေမတၱာနဲ႔ဝန္းရံေပးၾကေၾကာင္း ေျပာလာတဲ့ စည္ၿဖိဳး

မေန႔ကေတာ့ စည္ၿဖိဳးတို႔မိသားစုအတြက္ မ်ိဳးဆက္သစ္ေလးရွိေနၿပီျဖစ္ေၾကာင္း ဝမ္းသာၾကည္ႏူးစြာ ၾကားသိခဲ့ရတဲ့ ေန႔ေလးတစ္ေန႔ပါ။ စည္ၿဖိဳးနဲ႔ခင္လႊမ္းတို႔ကေတာ့ ကိုဗစ္ေၾကာင့္ မဂၤလာေဆာင္ဖို႔ ၾကန႔္ၾကာေနခဲ့သူေတြျဖစ္ၿပီး အခုလို လက္မထပ္ရေသးဘဲ ကိုယ္ဝန္ရလာတဲ့အေပၚ ေဝဖန္သူေတြလည္း ရွိၾကသလို ဖခင္ေကာင္းတစ္ေယာက္အျဖစ္ ၾကည္ႏူးဝမ္းသာစြာနဲ႔ မကြယ္ဝွက္ဘဲ မွ်ေဝခဲ့တဲ့ စည္ၿဖိဳးရဲ႕စိတ္ဓာတ္ကို ေလးစားမိေၾကာင္း ေျပာလာတဲ့သူေတြလည္း ရွိပါတယ္။

စည္ၿဖိဳးတို႔မိသားစုကေတာ့ လူ႔ေလာကထဲေရာက္လာေတာ့မယ့္ ကေလးေလးအတြက္ ေႏြးေထြးစြာႀကိဳဆိုခဲ့ၾကသလို ဒီေန႔မွာေတာ့ စည္ၿဖိဳးက ဒီကေလးေလးေရာက္ရွိလာတာနဲ႔ ပတ္သက္ၿပီး ထူးျခားမႈတခ်ိဳ႕ကိုလည္း မွ်ေဝေပးခဲ့ပါတယ္။ ဝါတြင္းေမတၱာအဓိဌာန္ ၿပီးခါနီး တစ္ပတ္အလို သူဝင္လာတယ္…တတိယအႀကိမ္စစ္ေဆးမႈ နဲ႔ စတုထၱအႀကိမ္စစ္ေဆးမႈအၿပီး…မင္းလာမယ္ ဆိုတာ ေသခ်ာေနပါၿပီေဘဘီရယ္ …စစ္တိုင္းလည္း အိမ္ေျမာင္ေတြစုပ္ထိုးလို႔ ေမတၱာဝန္းရံေနၾကသဖြယ္ ဆိုၿပီး ေရးသားမွ်ေဝလာပါတယ္။

ဘာသာတရား႐ိုေသကိုင္းရႈိင္းၿပီး ေမတၱာဓာတ္ႀကီးမားတဲ့ စည္ၿဖိဳးတို႔မိသားစုေလးထဲကို ကေလးေလးကေတာ့ ကံေကာင္းျခင္းအျပည့္နဲ႔ ေရာက္ရွိလာခဲ့တာ အမွန္ပါပဲ ပရိသတ္ႀကီးေရ.. စည္ၿဖိဳးနဲ႔ခင္လႊမ္းတို႔လည္း ဘဝထဲကို ဝင္ေရာက္လာတဲ့ကေလးေလးနဲ႔အတူ ေပ်ာ္႐ႊင္စြာအသက္ထက္ဆုံးေနထိုင္သြားႏိုင္ၿပီး အႏုပညာအလုပ္ေတြလည္း ဒီထက္မက ေအာင္ျမင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source – Si Phyo
credit – Cele Gabar

Unicode

ကိုယ်ဝန်ရှိမရှိ ဆီးစစ်တိုင်း အိမ်မြှောင်တွေစုပ်ထိုးပြီး မေတ္တာနဲ့ဝန်းရံပေးကြကြောင်း ပြောလာတဲ့ စည်ဖြိုး

မနေ့ကတော့ စည်ဖြိုးတို့မိသားစုအတွက် မျိုးဆက်သစ်လေးရှိနေပြီဖြစ်ကြောင်း ဝမ်းသာကြည်နူးစွာ ကြားသိခဲ့ရတဲ့ နေ့လေးတစ်နေ့ပါ။ စည်ဖြိုးနဲ့ခင်လွှမ်းတို့ကတော့ ကိုဗစ်ကြောင့် မင်္ဂလာဆောင်ဖို့ ကြန့်ကြာနေခဲ့သူတွေဖြစ်ပြီး အခုလို လက်မထပ်ရသေးဘဲ ကိုယ်ဝန်ရလာတဲ့အပေါ် ဝေဖန်သူတွေလည်း ရှိကြသလို ဖခင်ကောင်းတစ်ယောက်အဖြစ် ကြည်နူးဝမ်းသာစွာနဲ့ မကွယ်ဝှက်ဘဲ မျှဝေခဲ့တဲ့ စည်ဖြိုးရဲ့စိတ်ဓာတ်ကို လေးစားမိကြောင်း ပြောလာတဲ့သူတွေလည်း ရှိပါတယ်။

စည်ဖြိုးတို့မိသားစုကတော့ လူ့လောကထဲရောက်လာတော့မယ့် ကလေးလေးအတွက် နွေးထွေးစွာကြိုဆိုခဲ့ကြသလို ဒီနေ့မှာတော့ စည်ဖြိုးက ဒီကလေးလေးရောက်ရှိလာတာနဲ့ ပတ်သက်ပြီး ထူးခြားမှုတချို့ကိုလည်း မျှဝေပေးခဲ့ပါတယ်။ ဝါတွင်းမေတ္တာအဓိဌာန် ပြီးခါနီး တစ်ပတ်အလို သူဝင်လာတယ်…တတိယအကြိမ်စစ်ဆေးမှု နဲ့ စတုထ္တအကြိမ်စစ်ဆေးမှုအပြီး…မင်းလာမယ် ဆိုတာ သေချာနေပါပြီဘေဘီရယ် …စစ်တိုင်းလည်း အိမ်မြောင်တွေစုပ်ထိုးလို့ မေတ္တာဝန်းရံနေကြသဖွယ် ဆိုပြီး ရေးသားမျှဝေလာပါတယ်။

ဘာသာတရားရိုသေကိုင်းရှိုင်းပြီး မေတ္တာဓာတ်ကြီးမားတဲ့ စည်ဖြိုးတို့မိသားစုလေးထဲကို ကလေးလေးကတော့ ကံကောင်းခြင်းအပြည့်နဲ့ ရောက်ရှိလာခဲ့တာ အမှန်ပါပဲ ပရိသတ်ကြီးရေ.. စည်ဖြိုးနဲ့ခင်လွှမ်းတို့လည်း ဘဝထဲကို ဝင်ရောက်လာတဲ့ကလေးလေးနဲ့အတူ ပျော်ရွှင်စွာအသက်ထက်ဆုံးနေထိုင်သွားနိုင်ပြီး အနုပညာအလုပ်တွေလည်း ဒီထက်မက အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source – Si Phyo
credit – Cele Gabar

  • Leave a Comment